Celebrity

သူငယ္ခ်င္းျဖစ္သူ မင္းသားႀကီးလြင္မိုး နဲ႕ျပန္ဆံုခဲ့တဲ့ အေၾကာင္းကို ေျပာျပလာတဲ့ ခင္လႈိင္

Written by Ms Cele

သူငယ္ခ်င္းျဖစ္သူ မင္းသားႀကီးလြင္မိုး နဲ႕ျပန္ဆံုခဲ့တဲ့ အေၾကာင္းကို ေျပာျပလာတဲ့ ခင္လႈိင္

အနုပညာကို ရူးသြပ္ျပီး က်ရာ ဇာတ္ရုပ္ကို အပီအျပင္ဆံုး သရုပ္ေဆာင္ နိုင္တဲ့ ဇာတ္ပို့ဇာတ္ရံ ခင္လိႈင္ ကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈ ကို နွစ္ေတြအၾကာၾကီး ရရိွထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဇာတ္ပို့ ဇာတ္ရံ တစ္ေယာက္ အျဖစ္ကေန ကိုယ္တိုင္ဒါရိုက္တာ လုပ္ျပီး ရုပ္ရွင္ေတြ ရိုက္ကူး ေနျပီျဖစ္တဲ့ ခင္လိႈင္က အခုဆိုရင္ ဒါရိုက္တာတစ္ေယာက္ အျဖစ္ပါ ပရိသတ္ေတြက လက္ခံအားေပးေနျပီ ျဖစ္ပါတယ္။ တစ္ေန့ထက္ တစ္ေန့ ေအာင္ျမင္ေက်ာ္ၾကားမႈေတြရရိွေနတဲ့ ခင္လိႈင္ ကေတာ့ သူ့ရဲ့ေအာင္ျမင္မႈအေပၚ ဂုဏ္ေမာက္မာျခင္းမရိွပဲ သူ့ရဲ့ ပင္ကိုယ္ပံုစံအတုိင္း ေနတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ခင္လိႈင္က သူနဲ့ ငယ္စဥ္ ကတည္းက အနုပညာ အလုပ္ေတြ အတူတူ လုပ္ခဲ့ျပီး ညီအစ္ကိုလို လည္ပင္းဖက္ေပါင္း လာတဲ့ သူငယ္ခ်င္း လြင္မိုးနဲ့ ျပန္လည္ဆံုေတြ့ခြင့္ရတဲ့ အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “ကြၽန္ေတာ္တို႔လို ဇာတ္ပို႔ ဇာတ္ရံေတြ ဟာသသ႐ုပ္ေတြ လူ႐ႊင္ေတာ္ေတြကို..ခ်စ္လြန္းလို႔ ေျပာမနာဆိုမနာလည္ပင္း ဖက္ေပါင္းတတ္တဲ့ ညီအကိုအရင္းေတြလိုခ်စ္ရတဲ့ ေဘာ္ဒါႀကီး ကိုလြင္မိုးနဲ႔ဒီေန႔ျပန္ဆုံေတြခဲ့ၿပီးစကားေတြေရပက္မဝင္ေျပာခဲ့ရတာ အလြန္ေပ်ာ္တယ္ဗ်ာ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ခ်စ္သူငယ္ခ်င္းႀကီး…ဂ်ိမ္းစဘြန္းေရ” ဆိုျပီး အမွတ္တရေျပာလာပါတယ္။

လြင္မိုးကေတာ့ အကယ္ဒမီရမင္းသား တစ္ေယာက္ဆိုေပမယ့္ ဇာတ္ပို့ဇာတ္ရံေတြ အေပၚ ညီအစ္ကိုအရင္းလို ေမာင္နွမလို ေပါင္းသင္းတတ္ တာေၾကာင့္ ေကာင္းသတင္းေမႊးသူ တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ကိုယ္ခ်စ္ရတဲ့ အနုပညာရွင္ နွစ္ေယာက္ကို တစ္ေနရာတည္းမွာ ေတြ့ရလို့ ေက်နပ္ၾကမယ္ ထင္ပါ တယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

သူငယ်ချင်းဖြစ်သူ မင်းသားကြီးလွင်မိုး နဲ့ပြန်ဆုံခဲ့တဲ့ အကြောင်းကို ပြောပြလာတဲ့ ခင်လှိုင်

အနုပညာကို ရူးသွပ်ပြီး ကျရာ ဇာတ်ရုပ်ကို အပီအပြင်ဆုံး သရုပ်ဆောင် နိုင်တဲ့ ဇာတ်ပို့ဇာတ်ရံ ခင်လှိုင် ကတော့ ပရိသတ်တွေရဲ့ အားပေးမှု ကို နှစ်တွေအကြာကြီး ရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံ တစ်ယောက် အဖြစ်ကနေ ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီး ရုပ်ရှင်တွေ ရိုက်ကူး နေပြီဖြစ်တဲ့ ခင်လှိုင်က အခုဆိုရင် ဒါရိုက်တာတစ်ယောက် အဖြစ်ပါ ပရိသတ်တွေက လက်ခံအားပေးနေပြီ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ အောင်မြင်ကျော်ကြားမှုတွေရရှိနေတဲ့ ခင်လှိုင် ကတော့ သူ့ရဲ့အောင်မြင်မှုအပေါ် ဂုဏ်မောက်မာခြင်းမရှိပဲ သူ့ရဲ့ ပင်ကိုယ်ပုံစံအတိုင်း နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခင်လှိုင်က သူနဲ့ ငယ်စဉ် ကတည်းက အနုပညာ အလုပ်တွေ အတူတူ လုပ်ခဲ့ပြီး ညီအစ်ကိုလို လည်ပင်းဖက်ပေါင်း လာတဲ့ သူငယ်ချင်း လွင်မိုးနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ကျွန်တော်တို့လို ဇာတ်ပို့ ဇာတ်ရံတွေ ဟာသသရုပ်တွေ လူရွှင်တော်တွေကို..ချစ်လွန်းလို့ ပြောမနာဆိုမနာလည်ပင်း ဖက်ပေါင်းတတ်တဲ့ ညီအကိုအရင်းတွေလိုချစ်ရတဲ့ ဘော်ဒါကြီး ကိုလွင်မိုးနဲ့ဒီနေ့ပြန်ဆုံတွေခဲ့ပြီးစကားတွေရေပက်မဝင်ပြောခဲ့ရတာ အလွန်ပျော်တယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ် ချစ်သူငယ်ချင်းကြီး…ဂျိမ်းစဘွန်းရေ” ဆိုပြီး အမှတ်တရပြောလာပါတယ်။

လွင်မိုးကတော့ အကယ်ဒမီရမင်းသား တစ်ယောက်ဆိုပေမယ့် ဇာတ်ပို့ဇာတ်ရံတွေ အပေါ် ညီအစ်ကိုအရင်းလို မောင်နှမလို ပေါင်းသင်းတတ် တာကြောင့် ကောင်းသတင်းမွှေးသူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ချစ်ရတဲ့ အနုပညာရှင် နှစ်ယောက်ကို တစ်နေရာတည်းမှာ တွေ့ရလို့ ကျေနပ်ကြမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment