Celebrity


Written by Ms Cele





Credit:CELELUCKY

သူငယ်ချင်းဖြစ်သူ ရေမွန်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာနဲ့ ပြောပြလာတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ အဆိုတော် ရေမွန်ကွယ်လွန် သွားတာဟာ ဂီတလောကရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုပါပဲနော်။ လူချစ်လူခင်ပေါများ သူဖြစ်ပြီး အားလုံးအပေါ်မှာလည်း သည်းခံခွင့်လွှတ်သူ တစ်ဦး ရုတ်တရတ် ဆုံးပါးသွားခဲ့တာကို ဘယ်သူမှ မယုံနိုင်ကြသေးပါဘူးနော်။

ရေမွန်နဲ့ ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေများစွာ ကလည်း သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြောမဆုံးနိုင် ဖြစ်နေကြတာပါနော်။ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကလည်း ရေမွန်နဲ့ အမှတ်တရတွေကို သူမရဲ့ ဆိုရှယ်မီဒီယာထက်မှာဝေမျှပေးထားပါတယ်နော်။

” ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့ သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ… photo လေးတွေပြန်ရှာရင်း ငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင် ပြန်သွားချင်မိပါတယ် … နင်နဲ့ပတ်သက်ခဲ့တဲ့ အမှတ်တရလေးတွေကို ဒီ မှာလာသိမ်းရင်း ငါ့ရဲ့စိတ်ထား အရမ်းကောင်းပြီးအရည်အချင်းရှိတဲ့ သူငယ်ချင်းလေး ရောက်လေရာ ဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာ အရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ် … နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် … နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကို ငါအမြဲတမ်းအမှတ်ရနေမှာပါ … ငါ့သူငယ်ချင်းလေးကစိတ်ထားကောင်းလို့ ကောင်းရာမွန်ရာရောက်မယ်ဆိုတာ ငါယုံတယ် …ကောင်းကောင်းအနားယူပါတော့ …. 🥺🥺🥺” လို့ ရေးထားတာကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက် ရပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment