Celebrity


Written by Ms Cele






သူငယ်ချင်း ဘေဘီမောင်တို့ အိမ်ကို သွားရောက် လည်ပတ်ပြီး ပျော်ရွှင်စွာ စားသောက် နေတာကို Liveလွှင့် ပြသခဲ့တဲ့ မေပန်းချီ

မြန်မာဆန်ဆန် လုံးကြီးပေါက်လှ ကောက်ကြောင်း အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး မေပန်းချီက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာမှာ သရုပ်ဆောင်ခဲ့ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။ မေပန်းချီရဲ့ ဖွင့်ဖွင့်ထွားထွား ကောက်ကြောင်းအလှကို မိန်းကလေး ပရိသတ်တွေက အားကျကြ သလို ယောကျာ်းလေးပရိသတ် တွေကလည်း အားပေးဝန်းရံကြပါတယ်။ မေပန်းချီ ကလည်း သူမရဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် မရိုးနိုင်တဲ့ အနုပညာ လှုပ်ရှားမှုတွေကို ချပြနေတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၁) ရက်နေ့မှာ မေပန်းချီက သူမရဲ့ အချစ်ဆုံး သူငယ်ချင်း ဘေဘီမောင်တို့ အိမ်သွားပြီး လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ မေပန်းချီက ဘေဘီမောင်နဲ့သံစဉ်မောင်တို့ ညီအစ်မနဲ့အတူတူ စားစား သောက်သောက်နဲ့ သီချင်းတွေဆိုပြီး ပျော်ရွှင်ခဲ့တဲ့ အမှတ်တရလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့် အခုလိုပဲ Live လွှင့်ပြီး ပြသလာခဲ့ပါတယ်။

မေပန်းချီနဲ့ ဘေဘီမောင် တို့ကတော့ အနုပညာ လှုပ်ရှားမှုတွေ အတူတူ လုပ်ကိုင်ရင်း ခင်မင်ရင်းနှီးခဲ့ကြသူတွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ညီအစ်မလို သံယောဇဉ်ရှိ သူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ် နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment