Celebrity

သူနိဗၺာန္ေဆာ္လိုက္တာ တစ္ရက္ထဲနဲ႕ အလွဴေငြ သိန္းေပါင္းေထာင္ခ်ီရသြားလို႕ ေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ ပိုင္တံခြန္

Written by Ms Cele

သူနိဗၺာန္ေဆာ္လိုက္တာ တစ္ရက္ထဲနဲ႕ အလွဴေငြ သိန္းေပါင္းေထာင္ခ်ီရသြားလို႕ ေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ ပိုင္တံခြန္

ပရိသတ္ႀကီးေရ မင္းသားေခ်ာေလး ပိုင္တံခြန္က အခုဆိုရင္ ျမန္မာနိုင္ငံမွာ သာမက နိုင္ငံအသီးသီးက မိန္းမလွေလးေတြၾကားမွာပါ ေရပန္းစား နာမည္ႀကီးေနၿပီ ျဖစ္ပါတယ္။ နိုင္ငံအသီးသီးရဲ့ သတင္းစာေတြ စာေစာင္ေတြမွာ အဆက္မျပတ္ေဖာ္ျပျခင္းခံ ေနရၿပီးေနာက္ပိုင္းမွာ သူရဲ့အေကာင့္ေတြျဖစ္တဲ့ Facebook နဲ႔ instagram မွာလည္း Follower ေတြမ်ားစြာ 1 Million ထိေတာင္ေရာက္ရွိ ခဲ့တာလည္းျဖစ္ပါတယ္ ။

ေအာင္ျမင္မႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့ တံခြန္က စိတ္သေဘာထား အလြန္ေကာင္းမြန္ၿပီး လူတိုင္းကိုမာန္မာနကင္းကင္းနဲ႔ေဖာ္ေဖာ္ေရြေရြဆက္တံတတ္ၿပီး မိဘကို ေကၽြးေမြးျပဳစု ေစာင့္ေရွာက္ေနသလို အလႉအတန္းေတြကိုလည္း ရက္ရက္ေရာေရာလႉတတ္သူေလး တစ္ေယာက္အျဖစ္လည္း ပရိသတ္ေတြၾကားမွာ နာမည္ႀကီးသူေလးပါ။

မၾကာခင္ရက္ပိုင္းကလည္း သူရဟန္းဝတ္ခဲ့တဲ့ ဘုန္ႀကီးေက်ာင္းေလးက ဆင္းရဲႏြမ္းပါးၿပီး လႉသူနည္းပါး တာေၾကာင့္ သူကိုယ္တိုင္မတည္ေငြ သိန္းတစ္ရာလႉဒါန္းၿပီး ပရိသတ္ေတြ အေပါင္းအသင္းမိတ္ေဆြေတြကိုပါ လႉဒါန္းရန္ဖိတ္ေခၚခဲ့ရာ တစ္ရက္ထဲနဲ႔ သိန္းေပါင္းတစ္ေထာင္ကိုရရွိခဲ့လို႔ အတိုင္းမသိအံ့ဩပီတိ ျဖစ္ေနေၾကာင္းကိုလည္း ေဝမၽွလာတာျဖစ္ပါတယ္။ တကယ္ကို ၾကည္ႏူးဝမ္းသာ စရာေလးပါပဲေနာ္ ။ ပရိသတ္ႀကီးလည္း အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္မၽွေဝေပး လိုက္ပါတယ္။

Credit:Cele Zone
Source:Paing Takhon

သူနိဗ္ဗာန်ဆော်လိုက်တာ တစ်ရက်ထဲနဲ့ အလှူငွေ သိန်းပေါင်းထောင်ချီရသွားလို့ ပျော်ရွှင်ကြည်နူးနေတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ မင်းသားချောလေး ပိုင်တံခွန်က အခုဆိုရင် မြန်မာနိုင်ငံမှာ သာမက နိုင်ငံအသီးသီးက မိန်းမလှလေးတွေကြားမှာပါ ရေပန်းစား နာမည်ကြီးနေပြီ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးရဲ့ သတင်းစာတွေ စာစောင်တွေမှာ အဆက်မပြတ်ဖော်ပြခြင်းခံ နေရပြီးနောက်ပိုင်းမှာ သူရဲ့အကောင့်တွေဖြစ်တဲ့ Facebook နဲ့ instagram မှာလည်း Follower တွေများစွာ 1 Million ထိတောင်ရောက်ရှိ ခဲ့တာလည်းဖြစ်ပါတယ် ။

အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ တံခွန်က စိတ်သဘောထား အလွန်ကောင်းမွန်ပြီး လူတိုင်းကိုမာန်မာနကင်းကင်းနဲ့ဖော်ဖော်ရွေရွေဆက်တံတတ်ပြီး မိဘကို ကျွေးမွေးပြုစု စောင့်ရှောက်နေသလို အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောလှူတတ်သူလေး တစ်ယောက်အဖြစ်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူလေးပါ။

မကြာခင်ရက်ပိုင်းကလည်း သူရဟန်းဝတ်ခဲ့တဲ့ ဘုန်ကြီးကျောင်းလေးက ဆင်းရဲနွမ်းပါးပြီး လှူသူနည်းပါး တာကြောင့် သူကိုယ်တိုင်မတည်ငွေ သိန်းတစ်ရာလှူဒါန်းပြီး ပရိသတ်တွေ အပေါင်းအသင်းမိတ်ဆွေတွေကိုပါ လှူဒါန်းရန်ဖိတ်ခေါ်ခဲ့ရာ တစ်ရက်ထဲနဲ့ သိန်းပေါင်းတစ်ထောင်ကိုရရှိခဲ့လို့ အတိုင်းမသိအံ့ဩပီတိ ဖြစ်နေကြောင်းကိုလည်း ဝေမျှလာတာဖြစ်ပါတယ်။ တကယ်ကို ကြည်နူးဝမ်းသာ စရာလေးပါပဲနော် ။ ပရိသတ်ကြီးလည်း အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်မျှဝေပေး လိုက်ပါတယ်။

Credit:Cele Zone
Source:Paing Takhon

About the author

Ms Cele

Leave a Comment