Celebrity


Written by Ms Cele






သူနဲ့အတူ ဘီယာပါ လိုက်သောက် တတ်တဲ့ ဇနီးလေးရဲ့အကြောင်းကို ပြောပြလာတဲ့ ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ က အနုပညာ လုပ်ငန်းတွေ ကိုယ်စီ လုပ်ကိုင်ရင်း ရုပ်ရှင် အတူတူ ရိုက်ကူးခဲ့ ရာမှ နှဖူးစာ ရွာလည်ခဲ့ကြ သူများ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင် သက်တမ်း (၂) နှစ်ကျော် ကြာပြီဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ကြင်စဦး ဇနီးမောင်နှံတွေအတိုင်းပဲ မျက်စေ့အောက်က အပျောက်မခံနိုင် အောင်ကို ချစ်ကြတာ ပရိသတ်ကြီးလည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ရွှေထူနဲ့ ရွှေမှုံရတီကလည်း တစ်ယောက် အပေါ်တစ်ယောက် ဂရုစိုက်ကြင်နာရင်း အလုပ်တွေကို ကြိုးကြိုးစားစား လုပ်ကိုင်နေကြတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

လူငယ်စုံတွဲ လေးဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ လုပ်စရာရှိတဲ့ အလုပ်တွေကို အကောင်းဆုံး ကြိုးစားကြ သလို အားလပ်ချိန်တွေ မှာလည်း လူငယ်တို့သဘာဝ ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ကြသူများ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီက ရှုတင်တွေပြီး အိမ်ပြန် ချိန်မှာ ညစာစား ဘီယာလေး သောက်ရင်း သာသာယာယာ အနားယူခဲ့ကြ တာကို အခုလိုပဲ တွေ့ရပါတယ်။

ရွှေထူးကတော့ ခင်ပွန်းဖြစ်သူနဲ့ စိတ်တူ ကိုယ်တူရှိရုံသာမက ဘီယာပါအတူတူလိုက် သောက်ပေးတဲ့ ချစ်ဇနီးလေး ရွှေမှုံရတီကို ပိုင်ဆိုင်ထားထာ အရမ်းကို ကံကောင်းတာ ပဲနော်။ ပရိသတ်ကြီးလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ရွှေနှစ်ရွှေကို ကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment