Celebrity


Written by Ms Cele





Credit

သူမကိုချစ်တဲ့ ပရိသတ်တွေကို ဟာသလေးတစ်ခုပြောပြရင်း ပျော်ရွှင်စေခဲ့တဲ့ သရုပ်ဆောင်ဖွေးဖွေး

သရုပ်ဆောင်ဖွေးဖွေး ကတော့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီမင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။

ဖွေးဖွေး ကတော့ သရုပ်ဆောင်မှုပိုင်းမှာကောင်းရုံတင်မကပဲ အဆိုပိုင်းမှာလဲသူမရဲ့ အသံပါဝါအမိုက်စားနဲ့တေးသီချင်းကောင်းများကို တီဆိုထားပါသေး တယ်နော်။ဖွေးဖွေးက တော်လှန်ရေးကြီးမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့မတရား အမှုဖွင့်ထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်။

ယခုတစ်ခါမှာ ဆိုရင်လဲရှောင်တိမ်းနေစဉ်မှာပဲ သရုပ်ဆောင်ဖွေးဖွေးကအားလုံးက ကိုယ်စီလောင်စရာတွေများတဲ့ကာလမှာ ဘယ်လိုလောက်ရမလဲဆိုတာပြောပြလာခဲ့ တာပဲဖြစ်ပါတယ်နော်။ဖွေးဖွေးကတော့အခုလို ကိုယ်စီလောင်စရာ​တွေများတဲ့ ကာလမှာစဉ်းစားမိတယ်၊ ငါဘယ်လို​လောင်မလဲ ​ပေါ့၊ပူပြီး​လောင်မလား၊ငြိမ်းငြိမ်းချမ်းချမ်းပဲလောင်မလား၊​​တော်ပြီ၊​​အေး​ဆေးchillပြီးပဲ​လောင်​တော့မယ်ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit

About the author

Ms Cele

Leave a Comment