Celebrity

သူမကိုယ္တိုင္ကအေရးယူျခင္း ခံထားရေပမယ့္လည္း အေၾကာက္တရားက ျပည္သူလူထုကို လႊမ္းမိုးသြားမွာကိုပဲ စိတ္ပူတယ္ဆိုတဲ့ ႏြယ္ဒါလီထြန္း

Written by Ms Cele

သူမကိုယ္တိုင္ကအေရးယူျခင္း ခံထားရေပမယ့္လည္း အေၾကာက္တရားက ျပည္သူလူထုကို လႊမ္းမိုးသြားမွာကိုပဲ စိတ္ပူတယ္ဆိုတဲ့ ႏြယ္ဒါလီထြန္း

ပရိသတ္ႀကီးေရ.. အႏုပညာေလာကမွာ ပရိသတ္ အခိုင္အမာနဲ ႔ေအာင္ျမင္စြာ ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာႏြယ္ဒါလီထြန္း ကေတာ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ တက္ႂကြစြာနဲ႔ အင္တိုက္ အားတိုက္ ပါဝင္ေနသူပဲ ျဖစ္ပါတယ္..။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ (၁)ရက္ေန႔ကတည္းက စတင္ခဲ့တဲ့ လႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး လမ္းေပၚထြက္ လႈပ္ရွားမႈေတြအျပင္ လႉဒါန္းမႈေတြ ျပဳလုပ္ ၿပီးေတာ့လည္း တတ္နိုင္တဲ့ ဘက္ကေန အားျဖည့္ပါဝင္ေနသူလည္း ျဖစ္ပါတယ္..။

ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ရဲရဲရင့္ရင့္နဲ႔ ပါဝင္ခဲ့တဲ့ ႏြယ္ဒါလီထြန္း ကေတာ့ ၅၀၅-က ျဖင့္ အေရးယူျခင္း ခံထားရတဲ့ အႏုပညာရွင္ေတြ တစ္ဦးျဖစ္ၿပီး လက္ရွိအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြ ကိုလည္း စိတ္ပူတဲ့အေၾကာင္း ေျပာျပလာပါတယ္..။သူမကိုယ္တိုင္က အေရးယူျခင္း ခံထားရေပမယ့္လည္း အေၾကာက္တရားက ျပည္သူလူထုကို လႊမ္းမိုးသြားမွာကိုပဲ စိတ္ပူၿပီး လြယ္လြယ္နဲ႔မေမ့ဘဲ တတ္နိုင္တဲ့ဘက္ကေန အားတင္း ထားၾကဖို႔ကိုလည္း သူမက ေျပာျပထားပါေသးတယ္..။

“အေၾကာက္တရားက ျပည္သူလူထုကို လႊမ္းမိုးသြားမွာပဲ စိတ္ပူတယ္ ဒီမတရားမႈေတြကို က်င့္သားမရၾကပါနဲ႔လြယ္လြယ္နဲ ႔ေမ့မျပစ္ၾကပါနဲ႔ရွင္ တတ္နိုင္တဲ့ဘက္က ဆက္ပီးတြန္းလွန္ၾကပါ အတူပါဝင္ေပးၾကပါ အေရးေတာ္ပုံေအာင္ရမည္ 💪..” ဆိုၿပီး ေရးသားေျပာျပ ထားတာပဲ ျဖစ္ပါတယ္..။ ႏြယ္ဒါလီထြန္း ကလည္း အေရးယူျခင္းခံထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္ အပါအဝင္ျဖစ္တာမို႔ ပရိသတ္ေတြ ကလည္း စိုးရိမ္စိတ္ေတြနဲ႔ အားေပးစကားေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – Nwe Darli Tun’s Fb Acc
Credit

သူမကိုယ်တိုင်ကအရေးယူခြင်း ခံထားရပေမယ့်လည်း အကြောက်တရားက ပြည်သူလူထုကို လွှမ်းမိုးသွားမှာကိုပဲ စိတ်ပူတယ်ဆိုတဲ့ နွယ်ဒါလီထွန်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ် အခိုင်အမာနဲ ့အောင်မြင်စွာ ရပ်တည်နေတဲ့ သရုပ်ဆောင် မင်းသမီးချောနွယ်ဒါလီထွန်း ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ တက်ကြွစွာနဲ့ အင်တိုက် အားတိုက် ပါဝင်နေသူပဲ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လမ်းပေါ်ထွက် လှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေ ပြုလုပ် ပြီးတော့လည်း တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့်ပါဝင်နေသူလည်း ဖြစ်ပါတယ်..။

တော်လှန်ရေး တိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်နဲ့ ပါဝင်ခဲ့တဲ့ နွယ်ဒါလီထွန်း ကတော့ ၅၀၅-က ဖြင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေ တစ်ဦးဖြစ်ပြီး လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကိုလည်း စိတ်ပူတဲ့အကြောင်း ပြောပြလာပါတယ်..။သူမကိုယ်တိုင်က အရေးယူခြင်း ခံထားရပေမယ့်လည်း အကြောက်တရားက ပြည်သူလူထုကို လွှမ်းမိုးသွားမှာကိုပဲ စိတ်ပူပြီး လွယ်လွယ်နဲ့မမေ့ဘဲ တတ်နိုင်တဲ့ဘက်ကနေ အားတင်း ထားကြဖို့ကိုလည်း သူမက ပြောပြထားပါသေးတယ်..။

“အကြောက်တရားက ပြည်သူလူထုကို လွှမ်းမိုးသွားမှာပဲ စိတ်ပူတယ် ဒီမတရားမှုတွေကို ကျင့်သားမရကြပါနဲ့လွယ်လွယ်နဲ ့မေ့မပြစ်ကြပါနဲ့ရှင် တတ်နိုင်တဲ့ဘက်က ဆက်ပီးတွန်းလှန်ကြပါ အတူပါဝင်ပေးကြပါ အရေးတော်ပုံအောင်ရမည် 💪..” ဆိုပြီး ရေးသားပြောပြ ထားတာပဲ ဖြစ်ပါတယ်..။ နွယ်ဒါလီထွန်း ကလည်း အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်တာမို့ ပရိသတ်တွေ ကလည်း စိုးရိမ်စိတ်တွေနဲ့ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Nwe Darli Tun’s Fb Acc
Credit

About the author

Ms Cele

Leave a Comment