Celebrity

သူမကိုယ္တိုင္ခ်က္ျပဳတ္ျပင္ဆင္ထားတဲ့ အစားအေသာက္ေတြနဲ႕ ၾကည္ႏူးဖြယ္အလွဴေလးတစ္ခုျပဳလုပ္ခဲ့တဲ့ စူးရွထက္

Written by Ms Cele

သူမကိုယ္တိုင္ခ်က္ျပဳတ္ျပင္ဆင္ထားတဲ့ အစားအေသာက္ေတြနဲ႕ ၾကည္ႏူးဖြယ္အလွဴေလးတစ္ခုျပဳလုပ္ခဲ့တဲ့ စူးရွထက္

စူးရွထက္ ကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈ ေတြကို သိမ္းပိုက္ ရရွိထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အေရးၾကဳံတဲ့ အခါတိုင္း ျပည္သူေတြနဲ႔အတူ မွန္ကန္တဲ့ဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးေနသူလည္း ျဖစ္ပါတယ္။သူမကေတာ့ ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ေဖေဖာ္ဝါရီလအစကတည္းမွ စတင္ကာ အလႉေလးေတြနဲ႔ ပူးေပါင္းပါဝင္ေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

စိတ္ဓာတ္အင္အား အျပည့္နဲ႔ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ကိုယ္တိုင္ပါဝင္ လႈပ္ရွားေနတဲ့ သူမကေတာ့လမ္းေပၚ ထြက္သူရဲေကာင္းေတြနဲ႔ ျပည္သူ႔ဝန္ထမ္းေတြအတြက္ အစားအေသာက္ေတြ ကိုလည္း ကိုယ္တိုင္ ခ်က္ျပဳတ္လႉဒါန္းေနသူေလးပါ။ ကိုယ္တိုင္လည္း ပါဝင္သလို ေစတနာရွင္ ျပည္သူေတြ လႉဒါန္းထားတဲ့ အလႉေငြေတြကိုလည္း လိုအပ္တဲ့ေနရာေလးေတြမွာ ျပန္လည္လႉဒါန္းေပးေနတဲ့စူးရွထက္ရဲ့ စိတ္ထားေလးကေတာ့ ေလးစားစရာပါပဲေနာ္။

အခုလည္း ထမင္းဟင္း ေတြကို ကိုယ္တိုင္ခ်က္ျပဳတ္ ျပင္ဆင္ရင္း ျပည္သူ တစ္ခ်ိဳ႕အား ေကၽြးေမြးရင္း မြန္ျမတ္တဲ့ အလႉေလး တစ္ခုကို ျပဳလုပ္ခဲ့ ပါတယ္။ ဒီလိုကာလမွာ ခက္ခဲေနၾကေပမယ့္ မၽွေဝလႉဒါန္းျခင္း ကလည္း မြန္ျမတ္လွပါတယ္။ ပရိသတ္ႀကီးအတြက္ စူးရွထက္ရဲ့ အလႉပုံေလးေတြကို ေဝမၽွေပးရင္း ဒိထက္မက ကူညီလႉဒါန္းနိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Zar Chi

သူမကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအသောက်တွေနဲ့ ကြည်နူးဖွယ်အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ စူးရှထက်

စူးရှထက် ကတော့ ပရိသတ်တွေရဲ့ အားပေးမှု တွေကို သိမ်းပိုက် ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ်။သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဖေဖော်ဝါရီလအစကတည်းမှ စတင်ကာ အလှူလေးတွေနဲ့ ပူးပေါင်းပါဝင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

စိတ်ဓာတ်အင်အား အပြည့်နဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင် လှုပ်ရှားနေတဲ့ သူမကတော့လမ်းပေါ် ထွက်သူရဲကောင်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် အစားအသောက်တွေ ကိုလည်း ကိုယ်တိုင် ချက်ပြုတ်လှူဒါန်းနေသူလေးပါ။ ကိုယ်တိုင်လည်း ပါဝင်သလို စေတနာရှင် ပြည်သူတွေ လှူဒါန်းထားတဲ့ အလှူငွေတွေကိုလည်း လိုအပ်တဲ့နေရာလေးတွေမှာ ပြန်လည်လှူဒါန်းပေးနေတဲ့စူးရှထက်ရဲ့ စိတ်ထားလေးကတော့ လေးစားစရာပါပဲနော်။

အခုလည်း ထမင်းဟင်း တွေကို ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်ရင်း ပြည်သူ တစ်ချို့အား ကျွေးမွေးရင်း မွန်မြတ်တဲ့ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ ဒီလိုကာလမှာ ခက်ခဲနေကြပေမယ့် မျှဝေလှူဒါန်းခြင်း ကလည်း မွန်မြတ်လှပါတယ်။ ပရိသတ်ကြီးအတွက် စူးရှထက်ရဲ့ အလှူပုံလေးတွေကို ဝေမျှပေးရင်း ဒိထက်မက ကူညီလှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Zar Chi

About the author

Ms Cele

Leave a Comment