Celebrity
Written by Ms Cele
Source: Sane’s fb
သူမကိုယ်တိုင်စုဆောင်းထားတဲ့ မုန့်ဖိုးလေးတွေနဲ့ အစ်မဖြစ်သူချီချီရဲ့ Live Sale မှာ ဆွဲသီးလေးဝယ်ယူအားပေးခဲ့တဲ့ စိမ်းလဲ့ရတနာ
နိုင်ငံကျော် Social Influencer၊ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ ကြိုးစားမှုကြောင့် အချိန်ခဏလေးအတွင်း မှာတည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြင် သွက်လက်ချက်ချာတဲ့ နေခြည်ဦးကတော့ သူမရဲ့ ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားသလို ဘာတစ်ခုကို မှလည်း ဖုံးကွယ်ထားခြင်းမရှိသူ တစ်ယောက် ဖြစ်ပါတယ်။လက်ရှိမှာတော့ နေခြည်ဦးက အွန်လိုင်းကနေ Live Sale တချို့ပြုလုပ်ပေးနေတဲ့ နေခြည်ဦးက အလုပ်တွေကိုလည်း လုပ်ကိုင်နေသလို မိသားစုအတွက်လည်း အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။
မနေ့က ဇန်နဝါရီလ (၃၁) ရက်နေ့ မှာတော့ နေခြည်ဦးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ လက်ဝတ်ရတနာဆိုင် တစ်ခုအတွက် Live Sale ပြုလုပ်ပေးခဲ့ရာ နေခြည်ဦးရဲ့ ညီမ စိမ်းလဲ့ကလည်း အစ်မဖြစ်သူကို Support ပေးခဲ့တာကို တွေ့ရပါတယ်။ စိမ်းလဲ့ရတနာက သူမကိုယ်တိုင်စုဆောင်းထားတဲ့ မုန့်ဖိုးလေးတွေနဲ့ အစ်မဖြစ်သူနေခြည်ဦးရဲ့ Live Sale မှာ ဆွဲသီးလေးဝယ်ယူ အားပေးပြီး Support လုပ်ပေးခဲ့တာကြောင့် မြင်ရတဲ့ ပရိသတ်တွေက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးကလည်း ညီမလေး အတွက် အစစအရာရာ ပံ့ပိုးကူညီပေးနေသလို စိမ်းလဲ့ကလည်း သူမတတ်နိုင်သလောက် အင်အားလေးနဲ့ အစ်မကို ပြန်ပြီး Support ပေးတာ တကယ့်ကို ချစ်စရာပါပဲ။ ပရိသတ်ကြီးလည်း နေခြည်ဦးနဲ့ စိမ်းလဲ့တို့ ညီအစ်မနှစ်ယောက်ရဲ့ သံယောဇဉ်ကို ကြည့့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Sane’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment