Celebrity

သူမကိုယ်တိုင်လည်း သားနှစ်ယောက်မိခင်ဖြစ်လို့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့မိဘတွေ ကိုယ်စားဝမ်းနည်း ကိုယ်ချင်းစာမိတယ်ဆိုတဲ့ ဇင်ဇင်ဇော်မြင့်

Written by Ms Cele

သူမကိုယ်တိုင်လည်း သားနှစ်ယောက်မိခင်ဖြစ်လို့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့မိဘတွေ ကိုယ်စားဝမ်းနည်း ကိုယ်ချင်းစာမိတယ်ဆိုတဲ့ ဇင်ဇင်ဇော်မြင့်

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထူးခြားလှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေကြားအရမ်းကို ရေပန်းစားအောင်မြင်ခဲ့သလို ဇာတ်ကားတွေလည်း ရိုက်ကူးထားသူလေးကတော့ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ပဲ ဖြစ်ပါတယ်..။ ဇင်ဇင်ဇော်မြင့်ကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ ရပ်တည်နေသလို သားနှစ်ယောက် မိခင်ဖြစ်တာမို့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိဘတွေကိုယ်စား အရမ်းဝမ်းနည်းကိုယ်ချင်းစာ ခံစားမိတဲ့အကြောင်းလေး ပြောပြလာပါတယ်..။ ပြည်သူတွေဝမ်းနည်းနေရသလို သူမကိုယ်တိုင်ကလည်း ဝမ်းနည်း ကြေကွဲနေရတဲ့ အကြောင်းလေးတွေနဲ့ ကျဆုံးသွားတဲ့သူရဲကောင်းလေးတွေအတွက် ယူကြုံးမရဖြစ်ရတဲ့ အကြောင်းလေးတွေကို ဒီကနေ့မှာကျရောက်တဲ့ သားဖြစ်သူရဲ့ မွေးနေ့ဆုတောင်းလေး နဲ့အတူ ပြောပြထားတာပါ..။

“ဒီနေ့ က မေလေးရဲ့ သားကြီးလေး အောင်ကျော်ကျော်ပိုင်@kyaw kyaw လေး၁၁ နှစ် ပြည့်မွေးနေ့ဖြစ်ပါတယ်. သားကြီးလေးရဲ့ မွေးနေ့မှာ နေ့စဉ်လဲ ကုသိုလ်ပြုနေသလို ပဲ ဒီနေ့မှာလဲ လှု ဒါနိးကုသိုလ် ယူခဲ့ပါတယ် .သားကြီးမွေးနေ့ မှာ သားကြီးက မေလေးတို့ကိုကန်တော့တော့ လေးနက်တဲ့ဆုလေးတွေပဲ ပေးခဲ့ပါတယ် . သားကြီးလေး ရဲ့ဘဝ့ မှာ အကြင်နာတရားရှိသော , လူ ပီသ သော , အားကြီးတိုင်း အနိုင်မကျင့်သော, မုသားမသုံးသော, ငါးပါးသီလမြဲသော ,ငဲ့ညှာ ပြီး တကိုယ်ကောင်းစိတ်မရှိသော, တာဝန်သိသော , ကိုယ်ကျိုးမငဲ့ သော အများအမှန် ခွဲခြားနိုင်စွမ်း ရှိပြီးအမှန်တရားဘက်က ကိုယ်ကျိုးမငဲ့ပဲရပ်တည်ရဲသော မိဘ လူမျိုး တိုင်းပြည်နဲ့ ကိုယ်ကျင့်သိက္ခာပြည့်စုံ ပြီး အသက်ရှည်တဲ့ သားကောင်းလေးဖြစ်ပါစေ လို့ ပြုသမျှထူးမြတ်တဲ့ ကုသိုလ်တွေနဲ့သစ္စာ ဆို ဆုတောင်းပေးပါတယ် . သားကြီးလေး ဖြစ်ချင်တဲ့ဆု မြတ်ဆုကောင်း မှန်သမျှ တောင်းတတိုင်းပြည့်ဝပြီးအသက်ရှည်ပါစေ . ဒီနေ့ က သားကြီးမွေးနေ့မို့ အမှတ်တရနောက်နှစ်အမှတ် တရပြန်ပေါ်လာအောင်တင်တာပါ . နိုင်ငံသူနိုင်ငံသားတွေဝမ်းနည်း နေချိန်မို့ မေလေးကိုယ်တိုင်လဲဝမ်းနညးကြေကွဲ နေရလို့ဘာဓာတ်ပုံ မတင်တာပါ ရှင်

Credit




Credit

About the author

Ms Cele

Leave a Comment