Celebrity


Written by Ms Cele






သူမကိုသာမက မိသားစုကိုပါချစ်ပေးတဲ့ fanတွေကို ကျေးဇူးတင်ကြောင်း ပြောပြလာတဲ့ စိုးပြည့်သဇင်

ချစ်စရာကောင်းတဲ့ မျက်နှာလေး ကြောင့် မြင်သူရင်ကို အေးချမ်းစေတဲ့ သဘာဝအလှ ပိုင်ရှင်လေးတော့ အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင် ကတော့ ဆယ်ကျော်သက် အရွယ်ကတည်း အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး သူမရဲ့ အနုပညာ သက်တမ်းတစ်လျှောက် ကောင်းသတင်းနဲ့ပဲ ကျော်ကြားခဲ့ သူဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုသာ ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေများစွာရဲ့ ချစ်ခြင်း မေတ္တာတွေကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်သဇင်က မနေ့က ဇန်နဝါရီလ (၅) ရက်နေ့ သူမဖေဖေရဲ့ မွေးနေ့မှာလည်း အချစ်ရဆုံး Fan တွေကြောင့်သာ ပျော်ရွှင်စရာအမှတ်တရတွေ ရရှိခဲ့ကြောင်း ပြောပြလာပါတယ်။

“ဒီနေ့ဖေကြီးမွေးနေ့….မွေးနေ့ကိတ်လေး ပေးကြတဲ့…စိုးပြည့်ကို သာမက စိုးပြည့်မိသားစုကိုပါ ချစ်ပေးကြတဲ့ ချစ်ရတဲ့fansလေးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်….ဖေကြီးအတွက်ပျော်စေချင်လို့…Surprise လက်ဆောင်လေးကိုဒီကအမတော်စိတ်တိုင်းကျ…ကိုယ်တိုင်သွားပြီးဝယ်ပေးတဲ့…ညီမလေးကိုလည်းကျေးဇူးအထူးပါနော်…ဂျီးတွေများပြီးရွေးသေးတာနော်အဟိ🤭Happy birthday ပါဖေဖေ…ပျော်ရွှင်ပါစေဖေကြီး❤️❤️❤️❤️” ဆိုပြီး သူမတို့မိသားစုလေးရဲ့ ပျော်စရာ အခိုက်အတံ့လေးကို မျှဝေပေးထား ပါတယ်။

စိုးပြည့်သဇင် ကတော့ Fan တွေရဲ့ အကူအညီနဲ့ပဲ ဖေဖေ့အတွက် မွေးနေ့ Surprise လက်ဆောင်လေး ဝယ်ပေးနိုင်ခဲ့သလို အမှတ်တရမွေးနေ့ကိတ်လေးတွေ များစွာကိုလည်း ရရှိခဲ့ရင်း မိသားစုအမှတ်တရတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စိုးပြည့်ရဲ့ Fan တွေကတော့ စိုးပြည့်တစ်ယောက်တည်း သာမကပဲ စိုးပြည့်တို့ တစ်မိသားစုလုံးကိုပါ ချစ်ပေးကြတာ ကြည်နူးစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment