Celebrity

သူမကို ဒဲ့ဆဲၾကသူမ်ားကို ခပ္ေခ်ေခ်ပဲ ျပန္လည္တံု႕ျပန္လိုက္တဲ့ ျခဴးေလး

Written by Ms Cele

သူမကို ဒဲ့ဆဲၾကသူမ်ားကို ခပ္ေခ်ေခ်ပဲ ျပန္လည္တံု႕ျပန္လိုက္တဲ့ ျခဴးေလး

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ျခဴးေလး ကေတာ့ လူမ်ိဳးေရး ကိစၥေတြေၾကာင့္ ေႏြဦးေတာ္လွန္ေရး တြင္ လုံးဝ ဝင္မပါခဲ့ဘဲ ႏႈတ္ပိတ္ေနထိုင္ ခဲ့ပါတယ္ေနာ္။ ပရိသတ္မ်ားကလည္း ျခဴးေလးေၾကာ္ျငာတဲ့ ကုန္ပစၥည္းတိုင္းကို boycott လုပ္ခဲ့တာေၾကာင့္ ေတာ္ေတာ္အၾကပ္႐ိုက္ခဲ့ ပါေသးတယ္ေနာ္။

မေန႔ကလည္း ျခဴးေလးက သူမကိုဆဲတဲ့ ပရိသတ္ေတြကို ” ဟယ္ လူလို စကားေကာင္းေကာင္းေလးဘဲ ေျပာတာပါဟယ္ ဘုရား​ေရ သူ႔ကို လူလို ရွင္းျပတယ္ ဆိုတာကလည္း လူလိုေျပာရင္ လူလို နားလည္လိမ့္မယ္ ဦးေႏွာက္ရွိလိမ့္မယ္ လို႔ အထင္ႀကီး မိလိုက္လို႔ပါ …. လူကဲခတ္ညံ့သြားတယ္ sorry ပါ …. ဘာေရးလည္းဆိုတာ ေရးထားတဲ့ အေရးသား က ႐ိုင္းလားဆိုတာ သိခ်င္ရင္ ေတာ့ ေျပာၾကပါ …. စာက ရွိပါေသးတယ္ ျပပါ့မယ္ ရွင္ …. လူတိုင္းကိုလည္းလိုက္ရွင္းမျပခ်င္သလို ဘာမွ လည္းမလိုအပ္ဘူးေလ ရွင္းျပေတာ့ေကာ ဘာျဖစ္လာမွာမို႔လို႔လဲ ….. ကိုယ့္မိသားစုေတြ သူနဲ႔ fri ေတြျဖစ္ေနလို႔ မေကာင္းလို႔ ရွင္းျပေပးလိုက္တာပါရွင္ …..

So So Sorry ပါ အမရယ္ ……ကြၽန္မ ခ်န္ဖူးေတြ ကိုေတာ့ မေစာ္ကားပါနဲ႔ သူတို႔က ကြၽန္မ ဘာလုပ္ေနလဲ ဘယ္လိုမ်ိဳးလဲ ဆိုတာ အကုန္ သိထားတဲ့သူ ေတြမို႔လို႔ပါ …..ခ်န္ဖူးေတြ လည္း အမကို ဘယ္လိုဘဲ ထင္ေၾကးေတြနဲ႔ ဆဲေနပါေစ …. စိတ္တိုၿပီး ျပန္မေျပာၾကပါနဲ႔ …..လူေတြက သူမ်ားကို သာ ဆဲတတ္ၾကတာ သူတို႔ကို ျပန္ေျပာရင္ အသည္းခိုက္ေအာင္ နာတတ္ၾကတယ္ ….”“ ကြၽန္မကိုဒဲ့ဆဲထားတဲ့ အစ္ကိုႀကီး၊ အစ္မႀကီးမ်ား ေခတ္လည္းျပန္မေကာင္းေသးပါဘူးကြယ္ COVID ကလည္းအရမ္းဆိုးေနေတာ့ casting ေတြ ဇြတ္မဝင္ၾကပါနဲ႔ စိတ္ပူလို႔ ” ဆိုၿပီး ခပ္ေခ်ေခ်ေျပာထားပါေသးတယ္ ပရိသတ္ႀကီးေရ….

Credit:CELELUCKY

သူမကို ဒဲ့ဆဲကြသူများကို ခပ်ချေချေပဲ ပြန်လည်တုံ့ပြန်လိုက်တဲ့ ခြူးလေး

ပရိသတ်ကြီးရေ သရုပ်ဆောင် ခြူးလေး ကတော့ လူမျိုးရေး ကိစ္စတွေကြောင့် နွေဦးတော်လှန်ရေး တွင် လုံးဝ ဝင်မပါခဲ့ဘဲ နှုတ်ပိတ်နေထိုင် ခဲ့ပါတယ်နော်။ ပရိသတ်များကလည်း ခြူးလေးကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းကို boycott လုပ်ခဲ့တာကြောင့် တော်တော်အကြပ်ရိုက်ခဲ့ ပါသေးတယ်နော်။

မနေ့ကလည်း ခြူးလေးက သူမကိုဆဲတဲ့ ပရိသတ်တွေကို ” ဟယ် လူလို စကားကောင်းကောင်းလေးဘဲ ပြောတာပါဟယ် ဘုရား​ရေ သူ့ကို လူလို ရှင်းပြတယ် ဆိုတာကလည်း လူလိုပြောရင် လူလို နားလည်လိမ့်မယ် ဦးနှောက်ရှိလိမ့်မယ် လို့ အထင်ကြီး မိလိုက်လို့ပါ …. လူကဲခတ်ညံ့သွားတယ် sorry ပါ …. ဘာရေးလည်းဆိုတာ ရေးထားတဲ့ အရေးသား က ရိုင်းလားဆိုတာ သိချင်ရင် တော့ ပြောကြပါ …. စာက ရှိပါသေးတယ် ပြပါ့မယ် ရှင် …. လူတိုင်းကိုလည်းလိုက်ရှင်းမပြချင်သလို ဘာမှ လည်းမလိုအပ်ဘူးလေ ရှင်းပြတော့ကော ဘာဖြစ်လာမှာမို့လို့လဲ ….. ကိုယ့်မိသားစုတွေ သူနဲ့ fri တွေဖြစ်နေလို့ မကောင်းလို့ ရှင်းပြပေးလိုက်တာပါရှင် …..

So So Sorry ပါ အမရယ် ……ကျွန်မ ချန်ဖူးတွေ ကိုတော့ မစော်ကားပါနဲ့ သူတို့က ကျွန်မ ဘာလုပ်နေလဲ ဘယ်လိုမျိုးလဲ ဆိုတာ အကုန် သိထားတဲ့သူ တွေမို့လို့ပါ …..ချန်ဖူးတွေ လည်း အမကို ဘယ်လိုဘဲ ထင်ကြေးတွေနဲ့ ဆဲနေပါစေ …. စိတ်တိုပြီး ပြန်မပြောကြပါနဲ့ …..လူတွေက သူများကို သာ ဆဲတတ်ကြတာ သူတို့ကို ပြန်ပြောရင် အသည်းခိုက်အောင် နာတတ်ကြတယ် ….”“ ကျွန်မကိုဒဲ့ဆဲထားတဲ့ အစ်ကိုကြီး၊ အစ်မကြီးများ ခေတ်လည်းပြန်မကောင်းသေးပါဘူးကွယ် COVID ကလည်းအရမ်းဆိုးနေတော့ casting တွေ ဇွတ်မဝင်ကြပါနဲ့ စိတ်ပူလို့ ” ဆိုပြီး ခပ်ချေချေပြောထားပါသေးတယ် ပရိသတ်ကြီးရေ….

Credit:CELELUCKY

About the author

Ms Cele

Leave a Comment