Celebrity

သူမကို ဖုန္းဆက္ၿပီး အေၾကာက္တရား ရိုက္သြင္းခ်င္သူေတြရွိေနတဲ့ အ​ေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ သဇင္ထူးျမင့္

Written by Ms Cele

သူမကို ဖုန္းဆက္ၿပီး အေၾကာက္တရား ရိုက္သြင္းခ်င္သူေတြရွိေနတဲ့ အ​ေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ သဇင္ထူးျမင့္

သ႐ုပ္ေဆာင္ သဇင္ထူးျမင့္ ကေတာ့ ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေ နေသာ လူထုလႈပ္ရွားမႈ ‌ေတြမွာ ျပည္သူေတြ နဲ႔အတူ တက္ႂကြစြာ ပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ခဲ့ ႐ုံသာမကဘဲ ညတိုင္း မပ်က္မကြက္ သံဗုံးတီးခဲ့သူလည္း ျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ သဇင္ထူးျမင့္ တစ္ေယာက္ အေျခအေန အရပ္ရပ္ေၾကာင့္ ေဘးကင္းရာသို႔ ေခတၱတိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။

အေျခအေနအရ တိမ္းေရွာင္ေန ရေသာ္လည္း အာဏာရွင္စနစ္ကို အဆုံးထိ ေတာ္လွန္သြားမွာျဖစ္တဲ့ အတြက္ အခုတစ္ေလာ သူမကို ဖုန္းဆက္ၿပီး အေၾကာက္တရား ရိုက္သြင္းခ်င္သူေတြရွိေနတဲ့အ​ေၾကာင္းေဖာ္ျပလာခဲ့ပါတယ္။သူမအေနနဲ႔”အဆုံးထိလိပ္ျပာလုံသြားခ်င္တယ္ …🤍✊🏻တခ်ိဳ႕ကေတာ့ အရပ္တူလို႔ အက်င့္တူသြားတာလားမသိ ေၾကာက္ေနရင္ ကြကိုယ္ေအးေဆးမေနဘူး…ဖုန္းေတြလိုက္ဆက္ၿပီး အေၾကာက္တရားလိုက္ထည့္ခ်င္ေနတယ္ တအားေၾကာက္ေနရင္ profileကframeေလးေတာ့ အရင္ခ်ိန္းပါ”ဆိုၿပီး ျပတ္သားစြာေျပာျပလာခဲ့ပါတယ္။

သဇင္ထူးျမင့္ တို႔မိသားစု ကေတာ့ တစ္မိသားစုလုံး ထြက္ေျပး တိမ္းေရွာင္ေနရေပမယ့္ လုံးဝေသြး ေအးသြားမယ့္ သူေတြ မဟုတ္ေၾကာင္း သူမအေနနဲ႔ သူမတတ္နိူင္တဲ့ ဘက္ကေန အာဏာရွင္ စနစ္ကို တြန္းလွန္လ်က္ရွိၿပီးသူမအေနနဲ႔လည္း လက္ရွိျဖစ္ပ်က္ေနတဲ့ သတင္းေလးေတြကို ပရိတ္သတ္ေတြသိေစဖို႔ အျမဲလိုလိုျပန္လည္ မၽွေဝေပးလ်က္ရွိပါတယ္။အဆုံးထိဖတ္ရႈခဲ့ၾကတဲ့ ပရိတ္သတ္ႀကီးတို႔လည္း က်န္းမာေဘးကင္းစြာနဲ႔ ေနနိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပး လိုက္ရပါတယ္။

Credit– YaungChi
Source : Thazin Htoo Myint’s Facebook

သူမကို ဖုန်းဆက်ပြီး အကြောက်တရား ရိုက်သွင်းချင်သူတွေရှိနေတဲ့ အ​ကြောင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ သဇင်ထူးမြင့်

သရုပ်ဆောင် သဇင်ထူးမြင့် ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်ေ နသော လူထုလှုပ်ရှားမှု ‌တွေမှာ ပြည်သူတွေ နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ ရုံသာမကဘဲ ညတိုင်း မပျက်မကွက် သံဗုံးတီးခဲ့သူလည်း ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သဇင်ထူးမြင့် တစ်ယောက် အခြေအနေ အရပ်ရပ်ကြောင့် ဘေးကင်းရာသို့ ခေတ္တတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အခြေအနေအရ တိမ်းရှောင်နေ ရသော်လည်း အာဏာရှင်စနစ်ကို အဆုံးထိ တော်လှန်သွားမှာဖြစ်တဲ့ အတွက် အခုတစ်လော သူမကို ဖုန်းဆက်ပြီး အကြောက်တရား ရိုက်သွင်းချင်သူတွေရှိနေတဲ့အ​ကြောင်းဖော်ပြလာခဲ့ပါတယ်။သူမအနေနဲ့”အဆုံးထိလိပ်ပြာလုံသွားချင်တယ် …🤍✊🏻တချို့ကတော့ အရပ်တူလို့ အကျင့်တူသွားတာလားမသိ ကြောက်နေရင် ကွကိုယ်အေးဆေးမနေဘူး…ဖုန်းတွေလိုက်ဆက်ပြီး အကြောက်တရားလိုက်ထည့်ချင်နေတယ် တအားကြောက်နေရင် profileကframeလေးတော့ အရင်ချိန်းပါ”ဆိုပြီး ပြတ်သားစွာပြောပြလာခဲ့ပါတယ်။

သဇင်ထူးမြင့် တို့မိသားစု ကတော့ တစ်မိသားစုလုံး ထွက်ပြေး တိမ်းရှောင်နေရပေမယ့် လုံးဝသွေး အေးသွားမယ့် သူတွေ မဟုတ်ကြောင်း သူမအနေနဲ့ သူမတတ်နိူင်တဲ့ ဘက်ကနေ အာဏာရှင် စနစ်ကို တွန်းလှန်လျက်ရှိပြီးသူမအနေနဲ့လည်း လက်ရှိဖြစ်ပျက်နေတဲ့ သတင်းလေးတွေကို ပရိတ်သတ်တွေသိစေဖို့ အမြဲလိုလိုပြန်လည် မျှဝေပေးလျက်ရှိပါတယ်။အဆုံးထိဖတ်ရှုခဲ့ကြတဲ့ ပရိတ်သတ်ကြီးတို့လည်း ကျန်းမာဘေးကင်းစွာနဲ့ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ရပါတယ်။

Credit– YaungChi
Source : Thazin Htoo Myint’s Facebook

About the author

Ms Cele

Leave a Comment