Celebrity

သူမကို မေခ်မငံ ဆက္ဆံတယ္လို႕ ေျပာလာတဲ့ သူကို ပညာသားပါပါ တံု႕ျပန္လိုက္တဲ့ ခင္ရတနာစိုး

Written by Ms Cele

သူမကို မေခ်မငံ ဆက္ဆံတယ္လို႕ ေျပာလာတဲ့ သူကို ပညာသားပါပါ တံု႕ျပန္လိုက္တဲ့ ခင္ရတနာစိုး

ပရိသတ္ႀကီးေရ .. The Voice Myanmar ၿပိဳင္ပြဲဝင္ ခင္ရတနာစိုး ကေတာ့ ၿပိဳင္ပြဲၿပီးတဲ့ေနာက္မွာ အႏုပညာအလုပ္ေတြ လုပ္ေဆာင္ ေနရသလို Live Sale ေတြလည္း ေရာင္းခ်ေနခဲ့တာျဖစ္ပါတယ္ ။ လတ္တေလာမွာေတာ့ ပရိသတ္ တစ္ေယာက္က အျပင္က ခင္ခင္နဲ႔ Facebook ထဲက ခင္ခင္က မတူဘဲ Live Sale ေရာက္းဖို႔ဆက္သြယ္တာကို ဖုန္းထဲက ေန မေခ်မငံ နဲ႔ျပန္ေျပာတဲ့အျပင္ သူမကို unfriend သြားတဲ့ အေၾကာင္း ကို မွတ္ခ်က္ေရးသားခဲ့ပါတယ္ ။

အဲ့ဒီ Comment နဲ႔ ပတ္သက္ၿပီး ခင္ခင္က အဲ့ဒီအခ်ိန္တုန္းက မနီနဲ႔ သီခ်င္းကိစၥေျပာေနတဲ့ အခ်ိန္မို႔ စကားေျပာတာ ရပ္ၿပီး ဖုန္းကိုင္ဖို႔အဆင္မေျပလို႔ ေကာင္းေကာင္းမြန္မြန္ ေျပာၿပီးခ် လိုက္တာ ျဖစ္ေၾကာင္းနဲ႔ သူမသာမေခ်မငံေျပာေၾကးဆို ဒီအလုပ္ေတာင္ လုပ္မေနဘူး လို႔ ျပန္လည္ေခ်ပေျပာဆိုခဲ့တာ ေတြ႕ရပါတယ္ ။ ဒါ့အျပင္သူတစ္ပါးကိစၥကို ေသခ်ာမသိဘဲ သူမ်ားစီးပြားေရးကို ဒုတ္နဲ႔မထိုးဘဲ လူႀကီးလူေကာင္းဆန္ပါ လို႔သတိေပး စကားလည္းဆိုခဲ့ပါေသးတယ္ ။

ခင္ရတနာစိုးရဲ႕ ပရိသတ္ေတြ ကေတာ့ အပင္ျမင့္ရင္ေလတိုက္ခံရတာ သဘာဝပဲမို႔ ေဝဖန္ တိုက္ခိုက္မႈေတြကို စိတ္ထဲမထားဘဲ လုပ္စရာရွိ တာကိုသာ ဆက္လုပ္ဖို႔ အတြက္ အႀကံဉာဏ္ေတြေပး ထားၾကတာလည္းေတြ႕ရပါတယ္ ။ အႏုပညာရွင္ တစ္ေယာက္ျဖစ္လာရင္ ေဝဖန္မႈေတြနဲ႔မကင္းတာမို႔ ခင္ခင္တစ္ေယာက္ အားတင္းထားပါလို႔ ပရိသတ္ေတြက အားေပးစကားဆိုခဲ့ၾကပါတယ္ ။

Source : Khin Yadanar Soe
Credit:Cele Gabar

သူမကို မချေမငံ ဆက်ဆံတယ်လို့ ပြောလာတဲ့ သူကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ ခင်ရတနာစိုး

ပရိသတ်ကြီးရေ .. The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုး ကတော့ ပြိုင်ပွဲပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေ လုပ်ဆောင် နေရသလို Live Sale တွေလည်း ရောင်းချနေခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာတော့ ပရိသတ် တစ်ယောက်က အပြင်က ခင်ခင်နဲ့ Facebook ထဲက ခင်ခင်က မတူဘဲ Live Sale ရောက်းဖို့ဆက်သွယ်တာကို ဖုန်းထဲက နေ မချေမငံ နဲ့ပြန်ပြောတဲ့အပြင် သူမကို unfriend သွားတဲ့ အကြောင်း ကို မှတ်ချက်ရေးသားခဲ့ပါတယ် ။

အဲ့ဒီ Comment နဲ့ ပတ်သက်ပြီး ခင်ခင်က အဲ့ဒီအချိန်တုန်းက မနီနဲ့ သီချင်းကိစ္စပြောနေတဲ့ အချိန်မို့ စကားပြောတာ ရပ်ပြီး ဖုန်းကိုင်ဖို့အဆင်မပြေလို့ ကောင်းကောင်းမွန်မွန် ပြောပြီးချ လိုက်တာ ဖြစ်ကြောင်းနဲ့ သူမသာမချေမငံပြောကြေးဆို ဒီအလုပ်တောင် လုပ်မနေဘူး လို့ ပြန်လည်ချေပပြောဆိုခဲ့တာ တွေ့ရပါတယ် ။ ဒါ့အပြင်သူတစ်ပါးကိစ္စကို သေချာမသိဘဲ သူများစီးပွားရေးကို ဒုတ်နဲ့မထိုးဘဲ လူကြီးလူကောင်းဆန်ပါ လို့သတိပေး စကားလည်းဆိုခဲ့ပါသေးတယ် ။

ခင်ရတနာစိုးရဲ့ ပရိသတ်တွေ ကတော့ အပင်မြင့်ရင်လေတိုက်ခံရတာ သဘာဝပဲမို့ ဝေဖန် တိုက်ခိုက်မှုတွေကို စိတ်ထဲမထားဘဲ လုပ်စရာရှိ တာကိုသာ ဆက်လုပ်ဖို့ အတွက် အကြံဉာဏ်တွေပေး ထားကြတာလည်းတွေ့ရပါတယ် ။ အနုပညာရှင် တစ်ယောက်ဖြစ်လာရင် ဝေဖန်မှုတွေနဲ့မကင်းတာမို့ ခင်ခင်တစ်ယောက် အားတင်းထားပါလို့ ပရိသတ်တွေက အားပေးစကားဆိုခဲ့ကြပါတယ် ။

Source : Khin Yadanar Soe
Credit:Cele Gabar

About the author

Ms Cele

Leave a Comment