Celebrity

သူမကို ရည္းစားစကား ေျပာခ်င္ရင္ အေဖ့ကို အရင္ သြားေျပာပါလို႔ ေျပာလိုက္တဲ့ ယဥ္လတ္

Written by Ms Cele

သူမကို ရည္းစားစကား ေျပာခ်င္ရင္ အေဖ့ကို အရင္ သြားေျပာပါလို႔ ေျပာလိုက္တဲ့ ယဥ္လတ္

အလန္းစားခႏၶာ ကိုယ္အခ်ိဳး အစားကို ပိုင္ဆိုင္ထားၿပီး စကားကို ခ်စ္စရာေကာင္း ေအာင္ေျပာတတ္တဲ့ အတြက္ ပရိသတ္အားေပးမႈ ကို ခံထားရတဲ့ ယဥ္လတ္ကေတာ့ အက္ရွင္အခန္းေတြကို လည္းပိုင္နိုင္တဲ့သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။

စကားကိုအျမဲတမ္း သြက္သြက္ လတ္လတ္ေျပာတတ္တဲ့ယဥ္လတ္ ကေတာ့ သူ႔အတြက္ အေဖက အေမလိုျဖစ္ေနတာမို႔ ရည္းစား စကားေျပာခ်င္ရင္ အေဖ့ကို လာေျပာပါလို႔ Sunday Journal နဲ႔အင္တာဗ်ဴးမွာ ဆိုထား ပါတယ္။

“သူမ်ားေတြဆို မိန္းကေလးေတြက အေမနဲ႔ေနတာ မ်ားတယ္ ယဥ္လတ္ကက်ေတာ့အေမက ငယ္ငယ္ ကတည္းက ေနမေကာင္းေတာ့ၿပိဳင္ပြဲေတြသြားလည္းေဖေဖပဲလိုက္တာ ရႈတင္ေတြသြားလည္းေဖေဖပဲလိုက္တာဆိုေတာ့ အေဖက တစ္ခါတစ္ေလ အေမလိုပဲေပါ့ တစ္ခ်ိဳ႕သားအဖဆက္ဆံေရးနဲ႔ေတာင္မတူဘူး မိန္းကေလးကိစၥေတြေတာင္အေဖကေျဖရွင္းေပးတာ အေဖက အေမျဖစ္ေနတယ္”

“ငယ္ငယ္ေလးကတည္းက ေမေမတို႔ျပန္ေျပာျပတာေပါ့ ပိစိေလး ကတည္းက ေဖေဖပဲအႏွီးလဲ လုပ္ေပးတာေပါ့ ရႈတင္ေတြဘာေတြမွာ အမ်ိဳးသမီးကိစၥျဖစ္ရင္လည္း ဘယ္သူမွမရွိဘူးေလ ေဖေဖကပဲသူ႔ဘာသူသြားဝယ္ေပးတာေပါ့ အားလည္းနာပါတယ္”

“ဒီေလာကထဲစဝင္ကတည္းကေရာ အလုပ္မွန္သမၽွေဖေဖ့ ဆုံးျဖတ္ခ်က္နဲ႔ပဲသြား တာဆိုေတာ့ မန္ေနဂ်ာငွားရင္ေတာင္ေဖေဖ့ဆုံးျဖတ္ခ်က္ကလိုမွာပဲ အဲ့တာေၾကာင့္ ေဖေဖပဲမန္ေနဂ်ာ ေဖေဖပဲအလုပ္လက္ခံေပါ့ သမီးကိုယ္တိုင္ကလည္း ကိုယ့္အနားကိုခ်ဥ္းကပ္လာရင္ အေဖ့ကိုေျပာ အေဖ့ကိုေျပာဆိုေတာ့ အဲဒီ့အခါက်ေတာ့ ေဖေဖ့ကိုေၾကာက္ၿပီး ဘယ္သူမွာေရာက္မလာၾကေတာ့ဘူးေပါ့ အိမ္မွာလည္း အဲဒီ့အတိုင္းေနာက္ေနၾကတာ သမီးနဲ႔ယူမွာေလ အေဖနဲ႔ယူမွာမဟုတ္ဘူးေပါ့ အေဖရွာရင္အေဖ့အရြယ္ေတြပဲထြက္လာလိမ့္မယ္တဲ့”

“အခုအိမ္မွာတိုင္ပင္ၾကရင္ အိမ္ေထာင္ေရးလည္း ပါလာတာေပါ့ အေဖေပးစားတာ ယူမွာလားေပါ့ အိမ္ေထာင္ျပဳမယ္ ဆို မိဘသေဘာတူဖို႔လည္းလိုတယ္ေလ အဲ့တာေၾကာင့္ရည္းစားျဖစ္ခ်င္တယ္ဆိုရင္ အေဖ့ကိုသြားေျပာ အေဖလက္ခံရင္ ရည္းစားလာျဖစ္ေပါ့” လို႔ယဥ္လတ္ကဆိုထားတာပါ။

ယဥ္လတ္ကေတာ့ လက္တေလာ သူ႔ရဲ့လႈပ္ရွားမႈေလးေတြနဲ႔ပတ္သတ္ၿပီး
“ဒီေန႔က ကထိန္သကၤန္းကပ္တာေပါ့ ကိုခန္႔အလႉေပါ့ေနာ္ေမတၱာသဂၤဟအဖြဲ႕တစ္ခုလုံးရဲ့ အျမင့္ျမတ္ဆုံး အလႉေပါ့ေနာ္ ဘုန္းဘုန္းေတြေဟာၾကတာပဲ ကထိန္သကၤန္းဆိုတာ အားလုံးကုသိုလ္ေတြလည္းအမ်ားၿပီးရတယ္ ဝမ္းသာၾကရတယ္ အားလုံးဒါနကုသိုလ္ေတြေရာ သီလကုသိုလ္ေတြေရာေပါ့ ၾကည္ႏူးရပါတယ္ အားလုံးကဒီလိုအခ်ိန္မွာ ဒီလိုျဖစ္ေနတာပဲေပါ့ေနာ္ အခုအားလုံးအြန္လိုင္းကေနပဲ ပို့္စ္တင္ေၾကာ္ျငာရတာပဲရွိတယ္ဆိုေတာ့ ကိုယ့္ကိုကိုယ္စိတ္ဓာတ္မက်သြားေအာင္ အားလုံးကိုျမႇင့္တင္ေနရတာေပါ့”

“စာေတြဖတ္ရတာေပါ့ အဓိကေတာ့ စာဖတ္နဲ႔အခ်ိန္မွာ ေတြးတာနဲ႔မဖတ္တဲ့အခ်ိန္အေတြးမတူဘူး ကိုယ္တိုင္လည္း စာဖတ္ပ်င္းတယ္ ဒါေပမဲ့ အေတြးကေတြက မတူေတာ့ ကိုယ္လည္းအျမဲတမ္းစာဖတ္ရတာေပါ့ အေဖနဲ႔အေမကေတာ့ အိမ္မွအျမဲအတူတူရွိတယ္ အခုကေတာ့ အဓိက ေမေမ့က်န္းမာေရးကို ဂ႐ုစိုက္ေနရတယ္ အခုကိုဗစ္ကာလမွာနဂိုေရာဂါအခံရွိတဲ့သူေတြကပိုဂ႐ုစိုက္ရတယ္ေလ ေမေမကလည္းကင္ဆာျဖစ္ထားေတာ့ တစ္မိသားစုလုံးက ပိုးဥေလးဥသလိုလုပ္ထားရတာေပါ့”

“သားအဖဆိုတာ ခ်စ္ရင္သာခ်စ္မယ္ ပါးစပ္ကေျပာ မေနဘူး အျပဳအမူေလးနဲ႔ပဲ လုပ္ျပၾကတာေပါ့ ဒါေပမဲ့အေဖ့ကိုအရမ္းခ်စ္ပါတယ္ ေျပာရတာလည္းရွက္ပါတယ္ လြမ္းေနတဲ့ပရိသတ္အတြက္ ယဥ္လတ္pageတစ္ခုေထာင္ထားတယ္ အဲဒီ့pageကေန ယဥ္လတ္ live ေတြလႊင့္ေပးေနတယ္ အခ်ိန္အၾကာႀကီးမေတြ႕ဘဲ လြမ္းေနရတဲ့ပရိသတ္ေတြအတြက္ စကားေျပာေပးတယ္ အပတ္တိုင္း ဗီဒီယိုေလးလုပ္ေပးတယ္ အၾကာႀကီးမလြမ္းရပါဘူး လြမ္းရင္ အဲဒီ့Pageေလးကိုသြားလိုက္ပါ ေဖာ္လိုဝါလည္းတိုးတာေပါ့” လို႔ ယဥ္လတ္က ဒီအင္တာဗ်ဴးေလးထဲမွာ ပရိသတ္ကိုစကားပါးထားတာပါ။

Credit:Shwe Yaung Myanmar

သူမကို ရည်းစားစကား ပြောချင်ရင် အဖေ့ကို အရင် သွားပြောပါလို့ ပြောလိုက်တဲ့ ယဉ်လတ်

အလန်းစားခန္ဓာ ကိုယ်အချိုး အစားကို ပိုင်ဆိုင်ထားပြီး စကားကို ချစ်စရာကောင်း အောင်ပြောတတ်တဲ့ အတွက် ပရိသတ်အားပေးမှု ကို ခံထားရတဲ့ ယဉ်လတ်ကတော့ အက်ရှင်အခန်းတွေကို လည်းပိုင်နိုင်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

စကားကိုအမြဲတမ်း သွက်သွက် လတ်လတ်ပြောတတ်တဲ့ယဉ်လတ် ကတော့ သူ့အတွက် အဖေက အမေလိုဖြစ်နေတာမို့ ရည်းစား စကားပြောချင်ရင် အဖေ့ကို လာပြောပါလို့ Sunday Journal နဲ့အင်တာဗျူးမှာ ဆိုထား ပါတယ်။

“သူများတွေဆို မိန်းကလေးတွေက အမေနဲ့နေတာ များတယ် ယဉ်လတ်ကကျတော့အမေက ငယ်ငယ် ကတည်းက နေမကောင်းတော့ပြိုင်ပွဲတွေသွားလည်းဖေဖေပဲလိုက်တာ ရှုတင်တွေသွားလည်းဖေဖေပဲလိုက်တာဆိုတော့ အဖေက တစ်ခါတစ်လေ အမေလိုပဲပေါ့ တစ်ချို့သားအဖဆက်ဆံရေးနဲ့တောင်မတူဘူး မိန်းကလေးကိစ္စတွေတောင်အဖေကဖြေရှင်းပေးတာ အဖေက အမေဖြစ်နေတယ်”

“ငယ်ငယ်လေးကတည်းက မေမေတို့ပြန်ပြောပြတာပေါ့ ပိစိလေး ကတည်းက ဖေဖေပဲအနှီးလဲ လုပ်ပေးတာပေါ့ ရှုတင်တွေဘာတွေမှာ အမျိုးသမီးကိစ္စဖြစ်ရင်လည်း ဘယ်သူမှမရှိဘူးလေ ဖေဖေကပဲသူ့ဘာသူသွားဝယ်ပေးတာပေါ့ အားလည်းနာပါတယ်”

“ဒီလောကထဲစဝင်ကတည်းကရော အလုပ်မှန်သမျှဖေဖေ့ ဆုံးဖြတ်ချက်နဲ့ပဲသွား တာဆိုတော့ မန်နေဂျာငှားရင်တောင်ဖေဖေ့ဆုံးဖြတ်ချက်ကလိုမှာပဲ အဲ့တာကြောင့် ဖေဖေပဲမန်နေဂျာ ဖေဖေပဲအလုပ်လက်ခံပေါ့ သမီးကိုယ်တိုင်ကလည်း ကိုယ့်အနားကိုချဉ်းကပ်လာရင် အဖေ့ကိုပြော အဖေ့ကိုပြောဆိုတော့ အဲဒီ့အခါကျတော့ ဖေဖေ့ကိုကြောက်ပြီး ဘယ်သူမှာရောက်မလာကြတော့ဘူးပေါ့ အိမ်မှာလည်း အဲဒီ့အတိုင်းနောက်နေကြတာ သမီးနဲ့ယူမှာလေ အဖေနဲ့ယူမှာမဟုတ်ဘူးပေါ့ အဖေရှာရင်အဖေ့အရွယ်တွေပဲထွက်လာလိမ့်မယ်တဲ့”

“အခုအိမ်မှာတိုင်ပင်ကြရင် အိမ်ထောင်ရေးလည်း ပါလာတာပေါ့ အဖေပေးစားတာ ယူမှာလားပေါ့ အိမ်ထောင်ပြုမယ် ဆို မိဘသဘောတူဖို့လည်းလိုတယ်လေ အဲ့တာကြောင့်ရည်းစားဖြစ်ချင်တယ်ဆိုရင် အဖေ့ကိုသွားပြော အဖေလက်ခံရင် ရည်းစားလာဖြစ်ပေါ့” လို့ယဉ်လတ်ကဆိုထားတာပါ။

ယဉ်လတ်ကတော့ လက်တလော သူ့ရဲ့လှုပ်ရှားမှုလေးတွေနဲ့ပတ်သတ်ပြီး
“ဒီနေ့က ကထိန်သင်္ကန်းကပ်တာပေါ့ ကိုခန့်အလှူပေါ့နော်မေတ္တာသင်္ဂဟအဖွဲ့တစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံး အလှူပေါ့နော် ဘုန်းဘုန်းတွေဟောကြတာပဲ ကထိန်သင်္ကန်းဆိုတာ အားလုံးကုသိုလ်တွေလည်းအများပြီးရတယ် ဝမ်းသာကြရတယ် အားလုံးဒါနကုသိုလ်တွေရော သီလကုသိုလ်တွေရောပေါ့ ကြည်နူးရပါတယ် အားလုံးကဒီလိုအချိန်မှာ ဒီလိုဖြစ်နေတာပဲပေါ့နော် အခုအားလုံးအွန်လိုင်းကနေပဲ ပို့်စ်တင်ကြော်ငြာရတာပဲရှိတယ်ဆိုတော့ ကိုယ့်ကိုကိုယ်စိတ်ဓာတ်မကျသွားအောင် အားလုံးကိုမြှင့်တင်နေရတာပေါ့”

“စာတွေဖတ်ရတာပေါ့ အဓိကတော့ စာဖတ်နဲ့အချိန်မှာ တွေးတာနဲ့မဖတ်တဲ့အချိန်အတွေးမတူဘူး ကိုယ်တိုင်လည်း စာဖတ်ပျင်းတယ် ဒါပေမဲ့ အတွေးကတွေက မတူတော့ ကိုယ်လည်းအမြဲတမ်းစာဖတ်ရတာပေါ့ အဖေနဲ့အမေကတော့ အိမ်မှအမြဲအတူတူရှိတယ် အခုကတော့ အဓိက မေမေ့ကျန်းမာရေးကို ဂရုစိုက်နေရတယ် အခုကိုဗစ်ကာလမှာနဂိုရောဂါအခံရှိတဲ့သူတွေကပိုဂရုစိုက်ရတယ်လေ မေမေကလည်းကင်ဆာဖြစ်ထားတော့ တစ်မိသားစုလုံးက ပိုးဥလေးဥသလိုလုပ်ထားရတာပေါ့”

“သားအဖဆိုတာ ချစ်ရင်သာချစ်မယ် ပါးစပ်ကပြော မနေဘူး အပြုအမူလေးနဲ့ပဲ လုပ်ပြကြတာပေါ့ ဒါပေမဲ့အဖေ့ကိုအရမ်းချစ်ပါတယ် ပြောရတာလည်းရှက်ပါတယ် လွမ်းနေတဲ့ပရိသတ်အတွက် ယဉ်လတ်pageတစ်ခုထောင်ထားတယ် အဲဒီ့pageကနေ ယဉ်လတ် live တွေလွှင့်ပေးနေတယ် အချိန်အကြာကြီးမတွေ့ဘဲ လွမ်းနေရတဲ့ပရိသတ်တွေအတွက် စကားပြောပေးတယ် အပတ်တိုင်း ဗီဒီယိုလေးလုပ်ပေးတယ် အကြာကြီးမလွမ်းရပါဘူး လွမ်းရင် အဲဒီ့Pageလေးကိုသွားလိုက်ပါ ဖော်လိုဝါလည်းတိုးတာပေါ့” လို့ ယဉ်လတ်က ဒီအင်တာဗျူးလေးထဲမှာ ပရိသတ်ကိုစကားပါးထားတာပါ။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment