Celebrity

သူမကို သမီးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်လင်မယားအကြောင်းကို စိတ်မကောင်းစွာ ပြောပြလာတဲ့ အေးသီတာ

Written by Ms Cele




Source: Aye Thida’s Fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်အေးသီတာဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ် ပါတယ်နော်။ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးပြီးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိထားသူဖြစ်ပါတယ်။

ယခုလိုကာလမှာ အနုပညာလုပ်ငန်းတွေကို ရပ်ဆိုင်းထားရတဲ့အခါ ငွေရေးကြေးရေးတွေလည်း အခက်အခဲဖြစ်နေကြပါတယ်။အေးသီတာကလည်း သူမကိုငယ်စဉ်ကတည်းက သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်လင်မယားကို လစဉ်ထောက်ပံ့ကြေးပေးနေရတဲ့အတွက် လက်ရှိအချိန်မှာ ခက်ခဲနေတဲ့အကြောင်းကိုလည်း ယခုလိုပြောပြထားပါတယ်နော်။

အေးသီတာက”ကျွန်မမှာလတိုင်းထောက်ပံ့ပေးနေရတဲ့အဒေါ်လင်မယားရှိတယ် သားသမီးမရှိဘူးငယ်ငယ်ထဲက ကိုယ့်ကိုသမီးအရင်းလို စောင့်ရှောက်လာတယ် ခုကိုဗစ်ကာလထိ ထောက်ပံ့ဖို့ အဆင်ပြေတယ် ဒီဘက်လတွေကျတော့ ဘာဝင်ငွေမှမရှိတော့တော်တော်ခက်ခဲတယ် အမှန်အတိုင်းပြောရရင် လကုန်မှာ ကြောက်လာတယ် ဒါပေမယ့် သူတို့မှာ အားကိုးရာမရှိ သူတို့ကံပါပဲ သူတို့အတွက် ပိုက်ဆံလေးရလာတော့ ချက်ချင်းလွှဲပေးလိုက်တော့ အေးပါ သမီးလေး အဆင်မပြေလည်း မပေးပါနဲ့တဲ့ဒေါ်ကြီးအဆင်ပြေသလိုရှိတာနဲ့ စားပါ့မယ်တဲ့ ဒေါ်ကြီးရယ်လို့ဆို​ပြီး ကိုယ်ဘာမှဆက်မပြောနိုင်😔😔😔😔.. “ဆိုပြီးစိတ်မကောင်းဖြစ်ရတဲ့အကြောင်းကိုပြောပြထားတာကိုတွေ့ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Aye Thida’s Fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment