Celebrity

သူမကို ေ၀ဖန္တဲ့ ပရိသတ္ကို ပညာသားပါပါနဲ့ ျပန္လည္တံု႕ျပန္လိုက္တဲ့ ေမကဗ်ာ

Written by Ms Cele

သူမကို ေ၀ဖန္တဲ့ ပရိသတ္ကို ပညာသားပါပါနဲ့ ျပန္လည္တံု႕ျပန္လိုက္တဲ့ ေမကဗ်ာ

မင္းသမီးေခ်ာ ေမကဗ်ာ ကေတာ့ (၂၀၀၀) ခုနွစ္ ပတ္ဝန္းက်င္က အနုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့ျပီး ဒီေန့ဒီ အခ်ိန္ထိ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွေနဆဲ ျဖစ္ပါတယ္။ ေမကဗ်ာ ကေတာ့ ညိဳစိမ့္စိမ့္ေလးနဲ့ တမူထူးျခား လွပသူမို့ ပရိသတ္ေတြၾကားထဲမွာ ညိဳေခ်ာမင္းသမီးေလး အျဖစ္ တင္စားခံရတာပဲ ျဖစ္ပါတယ္။ ေမကဗ်ာ ကလည္း အခုဆိုရင္ အသက္ေလးဆယ္ နီးပါးအရြယ္ ေရာက္ရိွေနျပီဆိုေပမယ့္ သူမျမတ္နိုးတဲ့ အနုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနဆဲ ျဖစ္ပါတယ္။

ေအာင္ျမင္တဲ့ အနုပညာရွင္ တစ္ေယာက္ပီပီ ေဝဖန္မႈေတြကို အနည္းနဲ့အမ်ား ခံရေလ့ရိွတဲ့ ေမကဗ်ာက ဒီကေန့မွာလည္း သူမကို ရုပ္ပိုင္းဆိုင္ရာ အေပၚ ျပစ္တင္ေဝဖန္သူ တစ္ေယာက္နဲ့ ၾကံဳဆံုခဲ့ ရပါတယ္။ ေမကဗ်ာက သူမရဲ့ ဓာတ္ပံုေတြ ေအာက္မွာ “အနီးကပ္ျမင္မွ အသားအရည္က အရမ္းၾကမ္းတာပဲေနာ္..” ဆိုျပီး ေဝဖန္သူကို “ဟုတ္ပါ့” ဆိုတဲ့ စကားတစ္ခြန္းတည္းသာေျပာျပီး စိတ္ခ်မ္းသာ သြားေစေအာင္ ျပန္လည္တံု့ျပန္ေပး ခဲ့ပါတယ္။

ေမကဗ်ာ ကေတာ့ သူမရဲ့ ရုပ္ရည္နဲ့ ပက္သတ္ျပီး ေဝဖန္မႈ အေပၚ တစ္ဖက္သား စိတ္ခ်မ္းသာေစဖို့သာ ေအးေအး ေဆးေဆးေလး တံု့ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမကဗ်ာရဲ့ အနုပညာရွင္ပီသပံုကိုၾကည့္ျပီး အခ်စ္ေတြတိုးေနၾကျပီ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

သူမကို ဝေဖန်တဲ့ ပရိသတ်ကို ပညာသားပါပါနဲ့ ပြန်လည်တုံ့ပြန်လိုက်တဲ့ မေကဗျာ

မင်းသမီးချော မေကဗျာ ကတော့ (၂၀၀၀) ခုနှစ် ပတ်ဝန်းကျင်က အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီ အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ မေကဗျာ ကတော့ ညိုစိမ့်စိမ့်လေးနဲ့ တမူထူးခြား လှပသူမို့ ပရိသတ်တွေကြားထဲမှာ ညိုချောမင်းသမီးလေး အဖြစ် တင်စားခံရတာပဲ ဖြစ်ပါတယ်။ မေကဗျာ ကလည်း အခုဆိုရင် အသက်လေးဆယ် နီးပါးအရွယ် ရောက်ရှိနေပြီဆိုပေမယ့် သူမမြတ်နိုးတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ပီပီ ဝေဖန်မှုတွေကို အနည်းနဲ့အများ ခံရလေ့ရှိတဲ့ မေကဗျာက ဒီကနေ့မှာလည်း သူမကို ရုပ်ပိုင်းဆိုင်ရာ အပေါ် ပြစ်တင်ဝေဖန်သူ တစ်ယောက်နဲ့ ကြုံဆုံခဲ့ ရပါတယ်။ မေကဗျာက သူမရဲ့ ဓာတ်ပုံတွေ အောက်မှာ “အနီးကပ်မြင်မှ အသားအရည်က အရမ်းကြမ်းတာပဲနော်..” ဆိုပြီး ဝေဖန်သူကို “ဟုတ်ပါ့” ဆိုတဲ့ စကားတစ်ခွန်းတည်းသာပြောပြီး စိတ်ချမ်းသာ သွားစေအောင် ပြန်လည်တုံ့ပြန်ပေး ခဲ့ပါတယ်။

မေကဗျာ ကတော့ သူမရဲ့ ရုပ်ရည်နဲ့ ပက်သတ်ပြီး ဝေဖန်မှု အပေါ် တစ်ဖက်သား စိတ်ချမ်းသာစေဖို့သာ အေးအေး ဆေးဆေးလေး တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာရဲ့ အနုပညာရှင်ပီသပုံကိုကြည့်ပြီး အချစ်တွေတိုးနေကြပြီ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment