Celebrity


Written by Ms Cele





Credit

သူမချစ်တဲ့ ပရိသတ်တွေကို သူမဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို သက်သေပြလိုက်တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင်သင်ဇာဝင့်ကျော် ကတော့ ချောမောလှပလွန်းတဲ့ရုပ်ရည်၊ အမိုက်စားခန္ဓာကိုယ် နဲ့ကျရာ ဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကိုယနေ့ထက်ထိ အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လတ် ပဲဖြစ်ပါတယ်၊သင်ဇာဝင့်ကျော်က ဒီနောက်ပိုင်းမှာဆိုရင် အဝတ်အစားတွေနဲ့ ပတ်သတ်ပြီးအလွန်ကြမ်းလွန်း လှတာကြောင့် ပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကိုလဲ ခံရပါသေးတယ်။သူမကတော့ပွဲ အရဝတ်ကကြောင်းပြန်လည်ရှင်းပြထားပါတယ်၊

မြန်မာဝတ်စုံနဲ့လဲ အလွန့်အလွန် လိုက်ဖက်လွန်းတဲ့ သူမကတော့ အလှူအတန်းမှာလဲ အင်မတန်ရက်ရောသူ တစ်ေ ယာက်ဖြစ်ပါတယ်။တော်လှန်ရေးကြီးမှာ ဆိုရင်လဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ လဲအားတက်သရောပါဝင်ခဲ့ပါတယ်၊ ယခုအခါကိုဗစ်ရောဂါပျံ့နှံ့နေချိန်မှာလဲ သူမတတ်နိုင်တဲ့နေရာကနေအကောင်းဆုံးပါဝင်နေတာလဲတွေ့ရပါတယ်၊ယခုတစ်ခါမှာလဲလက်ရှိဖြစ်ပေါ့နေတဲ့ကပ်ရောဂါကြောင့်အောက်ဆီဂျင်လိုအပ်နေပြီးအောက်စီဂျင်စက်ကိုဝယ်ယူလှူဒါန်းပေးဖို့ရှိကြောင်းကိုသူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလာပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ဒီလိုအောက်ဆီဂျင်စက်မျိုးမြန်မာနိုင်ငံကဈေးကွက်ထဲမှာ ဝယ်ယူလို့ရမဲ့နေရာလေးရှိရင်သိချင်ပါတယ်၊ထိုင်းကတစ်ဆင့် လှူဒါန်းမဲ့အလှူရှင်ရှိလို့ပါ၊ ဒီမှာဝယ်လို့ရတယ်ဆိုရင် လိပ်စာနဲ့ဆက်သွယ် ရမဲ့ ဖုန်းနံပါတ်လးတွေမန့်ခဲ့ပေးပါကျေးဇူးပါဆိုပြီးတော့ အလှူရှင်ရှိကြောင်းနဲ့ လှုဒါန်းမယ့်အကြောင်းကို ရေးသားဖော်ပြလာပါတယ်။ သူမချစ်ရတဲ့ပရိတ်သတ်တွေအားလုံးလဲ ဒီလိုကပ်ဆိုးကြီးကနေအမြန်ဆုံးကင်းလွှတ်ပြီးသာအေးချမ်းတဲ့ဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးရင်းပရိတ်သတ်ကြီးဘက်ကလဲဆက်သွယ်လို့ရခဲ့ရင် သင်ဇာလေးကိုတစ်ဖက် တစ်လမ်းကနေဝိုင်းဝန်းကူညီချိတ်ဆက်ပေးလိုက်ကြပါအုံးနော်။

Credit

About the author

Ms Cele

Leave a Comment