Celebrity

သူမတတ္နိုင္ သေလာက္ ေဆးဖိုးအလႉေလး အတြက္ အလႉေငြငါးေသာင္း လႉခဲ့တဲ့ စူးရွထက္

Written by Ms Cele

သူမတတ္နိုင္ သေလာက္ ေဆးဖိုးအလႉေလး အတြက္ အလႉေငြငါးေသာင္း လႉခဲ့တဲ့ စူးရွထက္

စူးရွထက္ ကေတာ့ ခုျမန္မာနိုင္ငံက အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့သူ တစ္ေယာက္ပါ။ဒါ့အျပင္ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈျပဳ လုပ္ေနတဲ့ သူရဲေကာင္းေတြ အျပင္ ညဘက္မွာ ပတ္ဝန္းက်င္လုံျခဳံမႈအတြက္ ကင္းေစာင့္ေပးၾကတဲ့ ျပည္သူမ်ား ကိုလည္း အစားအေသာက္မ်ား ကိုယ္တိုင္ခ်က္ျပဳတ္ကာလႉဒါန္းခဲ့ပါေသးတယ္။

အခုဆိုရင္ ရက္ေတြမ်ားစြာ ၾကာေနၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးက အပစ္အခတ္ေတြ အတားအဆီးေတြေၾကာင့္ ျပည္သူေတြဟာ အသက္ေတြ ဆုံးရႈံးရသလို ပစၥည္းဥစၥာေတြ အဖ်က္အဆီးခံေန ရတာေၾကာင့္ ျပည္သူေတြဟာ စိုးရိမ္မႈေတြမ်ားစြာနဲ႔ေနထိုင္ေနရတာပါ။ခုလိုအေျခအေနမ်ိဳးႀကီးမွာ အလုပ္အကိုင္ေတြလည္း အလြယ္တကူ မလုပ္နိုင္တာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ စားဝတ္ေနေရးအခက္အခဲေတြမ်ားစြာကိုၾကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

ဒီလိုစားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့အိမ္ေထာင္စုေတြ ကိုလည္း သူမကိုယ္တိုင္ အလႉရွင္ေတြနဲ႔ စုေပါင္းကာ လႉဒါန္းမႈေတြလည္း ျပဳလုပ္ခဲ့တာ လည္းျဖစ္ပါတယ္။ အခုလည္း သူမတတ္နိုင္သေလာက္ ေဆးဖိုးအလႉေလးအတြက္ အလႉေငြငါးေသာင္းလႉ ျဖစ္ခဲ့ေၾကာင္းေဖာ္ျပထားတာျဖစ္ပါတယ္။ စူးရွထက္လည္း ဒီထက္မက လႉနိုင္ပါေစ ဆုေတာင္းေပးလိုကိပါတယ္ေနာ္။

Credit:Cele Zone
Photo – Zar Chi

သူမတတ်နိုင် သလောက် ဆေးဖိုးအလှူလေး အတွက် အလှူငွေငါးသောင်း လှူခဲ့တဲ့ စူးရှထက်

စူးရှထက် ကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူ တစ်ယောက်ပါ။ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြု လုပ်နေတဲ့ သူရဲကောင်းတွေ အပြင် ညဘက်မှာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများ ကိုလည်း အစားအသောက်များ ကိုယ်တိုင်ချက်ပြုတ်ကာလှူဒါန်းခဲ့ပါသေးတယ်။

အခုဆိုရင် ရက်တွေများစွာ ကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးက အပစ်အခတ်တွေ အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေ ဆုံးရှုံးရသလို ပစ္စည်းဥစ္စာတွေ အဖျက်အဆီးခံနေ ရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့နေထိုင်နေရတာပါ။ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူ မလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒီလိုစားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့အိမ်ထောင်စုတွေ ကိုလည်း သူမကိုယ်တိုင် အလှူရှင်တွေနဲ့ စုပေါင်းကာ လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့တာ လည်းဖြစ်ပါတယ်။ အခုလည်း သူမတတ်နိုင်သလောက် ဆေးဖိုးအလှူလေးအတွက် အလှူငွေငါးသောင်းလှူ ဖြစ်ခဲ့ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။ စူးရှထက်လည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုကိပါတယ်နော်။

Credit:Cele Zone
Photo – Zar Chi

About the author

Ms Cele

Leave a Comment