Celebrity

သူမတတ္ႏိုင္တဲ့ဘက္က ျမန္မာႏိုင္ငံ ဒီမိုကေရစီျပန္လည္ရရွိရန္အတြက္ အစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္ေပးေနတဲ့ အလွမယ္ ဟန္ေလး

Written by Ms Cele

သူမတတ္ႏိုင္တဲ့ဘက္က ျမန္မာႏိုင္ငံ ဒီမိုကေရစီျပန္လည္ရရွိရန္အတြက္ အစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္ေပးေနတဲ့ အလွမယ္ ဟန္ေလး

Miss Grand Myanmar အလွမယ္ဟန္ေလးဟာ လက္ရွိ ျမန္မာနိုင္ငံမွာ ဖမ္းဆီးခံထား ရသူေတြ ျပန္လႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီ ျပန္လည္ ေဖာ္ေဆာင္ ေပးဖို႔ ေတာင္းဆိုထားတဲ့ အိတ္ဖြင့္ေပးစာ ကို ဒီေန႔ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးကို သြားေပး ခဲ့ပါတယ္။

ဒီမိုကေရစီနဲ႔ အေျခခံလူ႔ အခြင့္အေရးအရ ၿငိမ္းခ်မ္းစြာ ဆႏၵျပျပည္သူေတြ အာဏာသိမ္း စစ္ေကာင္စီက အၾကမ္းဖက္ ႏွိမ္ႏွင္းခဲ့ေၾကာင္း၊ ဒါ့အျပင္ ထင္ရွားေက်ာ္ၾကားသူေတြ အပါအဝင္ ျပည္သူေတြဟာ ဖမ္းဆီးခံရၿပီး ဘယ္မွာေရာက္ ရွိေနမွန္း မသိရေၾကာင္းေတြ စာထဲမွာပါရွိပါတယ္။

အိတ္ဖြင့္ေပးစာ အေပၚ ျမန္မာသံ႐ုံးက ဘယ္လိုတုံ႔ျပန္ခဲ့ သလဲေတာ့ မသိရပါဘူး။ ျမန္မာ အလွမယ္ ဟန္ေလးဟာ Miss Grand International 2020 ၿပိဳင္ပြဲစင္ျမင့္ေပၚမွာ ျမန္မာနိုင္ငံရဲ့ ပကတိ အေျခအေနေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါေသးတယ္။ “နိုင္ငံသားတေယာက္အေနနဲ႔ ကၽြန္မတတ္နိုင္တဲ့ဘက္ကေန ကၽြန္မတို႔နိုင္ငံသားေတြအတြက္ ေတာင္းဆိုခဲ့ပါတယ္”လို႔ အလွမယ္ ဟန္ေလးက ေျပာပါတယ္။

Photo Credit

သူမတတ်နိုင်တဲ့ဘက်က မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရန်အတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပေးနေတဲ့ အလှမယ် ဟန်လေး

Miss Grand Myanmar အလှမယ်ဟန်လေးဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထား ရသူတွေ ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင် ပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ ကို ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို သွားပေး ခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ အခြေခံလူ့ အခွင့်အရေးအရ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေ အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် နှိမ်နှင်းခဲ့ကြောင်း၊ ဒါ့အပြင် ထင်ရှားကျော်ကြားသူတွေ အပါအဝင် ပြည်သူတွေဟာ ဖမ်းဆီးခံရပြီး ဘယ်မှာရောက် ရှိနေမှန်း မသိရကြောင်းတွေ စာထဲမှာပါရှိပါတယ်။

အိတ်ဖွင့်ပေးစာ အပေါ် မြန်မာသံရုံးက ဘယ်လိုတုံ့ပြန်ခဲ့ သလဲတော့ မသိရပါဘူး။ မြန်မာ အလှမယ် ဟန်လေးဟာ Miss Grand International 2020 ပြိုင်ပွဲစင်မြင့်ပေါ်မှာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေတွေကို ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။ “နိုင်ငံသားတယောက်အနေနဲ့ ကျွန်မတတ်နိုင်တဲ့ဘက်ကနေ ကျွန်မတို့နိုင်ငံသားတွေအတွက် တောင်းဆိုခဲ့ပါတယ်”လို့ အလှမယ် ဟန်လေးက ပြောပါတယ်။

Photo Credit

About the author

Ms Cele

Leave a Comment