Celebrity

သူမတို့ရဲ့ နာမည္ကို အသံုးျပဳျပီး လိမ္လည္သူေတြ အေၾကာင္းကို ေျပာျပလာတဲ့ စမိုင္းလ္

Written by Ms Cele

သူမတို့ရဲ့ နာမည္ကို အသံုးျပဳျပီး လိမ္လည္သူေတြ အေၾကာင္းကို ေျပာျပလာတဲ့ စမိုင္းလ္

စမိုင္းလ္ကေတာ့ လူေလးလွသလို စိတ္ထားေလးလည္း ေကာင္းမြန္ျပီး သူတစ္ပါးကို ကူညီခ်င္စိတ္ အျပည့္အဝရိွသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စံုတဲ့ စမိုင္းလ္ကို လူၾကီး၊ လူငယ္ပရိသတ္ ေတြမေရြး ခ်စ္ခင္အားေပးၾကျပီး တစ္နိုင္ငံလံုး အတိုင္းအတာနဲ့ အားေပးမႈကို ရရိွေနတာပဲ ျဖစ္ပါတယ္။ အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းတဲ့ စမိုင္းလ္တို့ မိသားစုက လက္ရိွမွာလည္း နွစ္ဦးအလွဴအျဖစ္ အလွဴအတန္းေတြ မ်ားစြာကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။

အျမဲတမ္း အလွဴအတန္းေတြ ျပဳလုပ္တတ္ေပမယ့္ မသမာသူေတြရဲ့ အသံုးခ်ျခင္းခံရေလ့ရိွတဲ့ စမိုင္းလ္က ဒီကေန့ မွာေတာ့ သူမတို့ရဲ့ နာမည္ကို အသံုးျပဳျပီး လိမ္လည္သူေတြ အေၾကာင္းကို ေျပာလာပါတယ္။ စမုိင္းလ္က သူမရဲ့ နာမည္ကို အသံုးျပဳျပီး Group ေထာင္လိမ္လည္ သူေတြရဲ့ Screenshot ေတြကို ထုတ္ျပျပီး “အလိမ္အညာေတြေၾကာက္စရာႀကီးမယုံၾကပါနဲ႔ေနာ္ report ေလးထုေပးၾကပါ🙏🏼😩” ဆိုျပီး သူမနဲ့ မသက္ဆိုင္ေၾကာင္း ေျပာလာပါတယ္။

စမုိင္းလ္ကေတာ့ အလွဴအတန္းေတြ မ်ားစြာကိုလည္း ျပဳလုပ္သလို မသမာသူေတြရဲ့ နာမည္အလြဲ သံုးစားျပဳလုပ္ျခင္းကိုလည္း မၾကာခဏခံရေလ့ရိွသူ တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အလိမ္အညာေတြေပါမ်ားတဲ့ေခတ္ၾကီးထဲမွာ ဘယ္အရာကိုမဆို ခ်င့္ခ်ိန္ျပီးမွ ယံုၾကဖို့ တုိက္တြန္းပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: စမိုင္းလ္ Smile’s fb
Credit:Cele Connections

သူမတို့ရဲ့ နာမည်ကို အသုံးပြုပြီး လိမ်လည်သူတွေ အကြောင်းကို ပြောပြလာတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ လူလေးလှသလို စိတ်ထားလေးလည်း ကောင်းမွန်ပြီး သူတစ်ပါးကို ကူညီချင်စိတ် အပြည့်အဝရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ စမိုင်းလ်ကို လူကြီး၊ လူငယ်ပရိသတ် တွေမရွေး ချစ်ခင်အားပေးကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ စမိုင်းလ်တို့ မိသားစုက လက်ရှိမှာလည်း နှစ်ဦးအလှူအဖြစ် အလှူအတန်းတွေ များစွာကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အမြဲတမ်း အလှူအတန်းတွေ ပြုလုပ်တတ်ပေမယ့် မသမာသူတွေရဲ့ အသုံးချခြင်းခံရလေ့ရှိတဲ့ စမိုင်းလ်က ဒီကနေ့ မှာတော့ သူမတို့ရဲ့ နာမည်ကို အသုံးပြုပြီး လိမ်လည်သူတွေ အကြောင်းကို ပြောလာပါတယ်။ စမိုင်းလ်က သူမရဲ့ နာမည်ကို အသုံးပြုပြီး Group ထောင်လိမ်လည် သူတွေရဲ့ Screenshot တွေကို ထုတ်ပြပြီး “အလိမ်အညာတွေကြောက်စရာကြီးမယုံကြပါနဲ့နော် report လေးထုပေးကြပါ🙏🏼😩” ဆိုပြီး သူမနဲ့ မသက်ဆိုင်ကြောင်း ပြောလာပါတယ်။

စမိုင်းလ်ကတော့ အလှူအတန်းတွေ များစွာကိုလည်း ပြုလုပ်သလို မသမာသူတွေရဲ့ နာမည်အလွဲ သုံးစားပြုလုပ်ခြင်းကိုလည်း မကြာခဏခံရလေ့ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလိမ်အညာတွေပေါများတဲ့ခေတ်ကြီးထဲမှာ ဘယ်အရာကိုမဆို ချင့်ချိန်ပြီးမှ ယုံကြဖို့ တိုက်တွန်းပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment