Celebrity


Written by Ms Cele





Credit:swelsone News

သူမတို့အတွဲလေး စကြိုက်တဲ့အချိန်ကတည်းက လူတစ်ချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို ကြုံတွေ့လာခဲ့ရတဲ့ အကြောင်းကို ဝမ်းနည်းစွာ ဖွင့်ဟလာတဲ့ နေဒွေးရဲ့ ကောင်မလေး

ပရိသတ်ကြီးရေ သရုပ်ဆောင် နေဒွေး ကတော့ ချစ်သူလေးနဲ့ အတူ ပျော်ရွှင်စရာ ကောင်းတဲ့ အချစ်ခရီးလမ်းကို အတူဖြတ်သန်း လျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံး စီးပွားရေးလုပ်ငန်းကိုယ်စီလုပ်ကိုင်နေကြတာကြောင့် အားလပ်ချိန်သိပ်မရှိဘဲ တစ်ခါတစ်ရံမှသာ တွေ့ဆုံကြရပြီး ဖုန်းဖြင့်သာ အဆက်အသွယ် လုပ်နေကြတာလည်း ဖြစ်ပါတယ်။ နေဒွေးဟာ သူ့ရဲ့ချစ်သူလေးကို သည်းသည်းလှုပ်ချစ်တာကို ကြည့်ပြီး ပရိသတ်တွေကပါ ဘေးကနေကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။

နေဒွေးတို့ အတွဲလေး စကြိုက်တဲ့အချိန်ကတည်းက လူတစ်ချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ များစွာကို ကြုံတွေ့လာခဲ့ရတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း နေဒွေးကောင်မလေးရဲ့ Facebook Story မှာ သူမရဲ့ ရင်တွင်းခံစားချက်တွေကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူနဲ့ချစ်သူစဖြစ်ကတည်းက အခုချိန်ထိ တိုက်ခိုက်ခံနေရတဲ့ အကြောင်းကိုဖွင့်ဟပြောပြလာတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” သူ့ကျမှ ဘာလို့လဲ Single အချင်းချင်းတွဲတာဘာလို့ တိုက်ခိုက်နေကြတာလဲ လူတိုင်းကြံဖူးနေကျ ပြသနာကို သူများတွေက အေးဆေးဖြတ်သန်းနေကျ ကိုယ်တွေကျမှဘာလို့ တိုက်ခိုက်ခံ နေရလည်း နားမလည်ဘူး

ခုလိုဖြစ်တာ တစ်ခါမှ မကြုံဖူးဘူး ပထမဆုံး အကြိမ်ပဲ သူနဲ့ ချစ်သူစဖြစ်ကတည်းက အခုထိတိုက်ခိုက်ခံ ရတာကိုယ်လည်း အလုပ်များတဲ့ သူမို့ တော်ရုံအကုန်မမြင် ဟန်ဆောင်ပေးခဲ့တာ လူလူချင်း ကိုယ်ချင်းစာစိတ်ဖြင့် နေကြပါ Facebook က ဘဝကြီးမှ မဟုတ်တာ ကိုယ့်အတွက် အကျိုးရှိတာ အများကြီး ရပါလိမ့်မယ်။ ကိုယ် Facebook သုံးတာ ကိုယ့်အတွက် အကျိုးရှိတာပဲ သုံးလို့လားမသိဘူး အခုဆို ကိုယ့်အတွက် အများကြီး ပညာရခဲ့ပြီ ” ဆိုပြီးရေးသား ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်။

Credit:swelsone News

About the author

Ms Cele

Leave a Comment