Celebrity


Written by Ms Cele





Credit

သူမထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန်မှာ အဖွားဖြစ်သူကွယ်လွန်သွားတာကြောင့် ဝမ်းနည်းကြေကွဲနေရတဲ့ ဖွေးဖွေး

သရုပ်ဆောင်ဖွေးဖွေးကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝအခိုက်အမာရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီမင်းသမီးချော တစ်ယောက်ပဲဖြစ်ပါတယ်။

ဖွေးဖွေးက သရုပ်ဆောင်ကောင်းရုံတင်မကပဲ အမိုက်စားအသံနဲ့တေးသီချင်း များကိုလဲ တီဆိုထားပါသေးတယ်၊ဖွေးဖွေးက အလှူအတန်းတွေ မှာလဲ ရက်ရက်ရောရောရှိသူ တစ်ဦးလဲဖြစ်ပါတယ်နော်။ ဖွေးဖွေးက တော်လှန်ရေးကြီးမှာလပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရော ပါဝင်လှုပ်ရှားခဲ့တဲ့ အတွက်ကြောင့် ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရတာကြောင့်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖွေးဖွေးကထွက်ပြေးတိမ်းရှောင်နေရင်း အဘွား ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းနေတာပဲဖြစ်ပါတယ်နော်။ ဖွေးဖွေးကလဲ ဘယ်​တော့မှမ​မေ့ဘူးဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့အကယ်ဒမီ သရုပ်ဆောင်ဖွေးဖွေးရဲ့အဘွားလဲကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးရင်းဒီသတင်းလေးကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နော်။

Credit

About the author

Ms Cele

Leave a Comment