Celebrity

သူမနာမည္နဲ့ တူတဲ့PPE၀တ္စံုနဲ့ ဆရာမေလးေၾကာင့္ ၀မ္းသာဂုဏ္ယူေနတဲ့ ၀တ္မႈံေရႊရည္

Written by Ms Cele

သူမနာမည္နဲ့ တူတဲ့PPE၀တ္စံုနဲ့ ဆရာမေလးေၾကာင့္ ၀မ္းသာဂုဏ္ယူေနတဲ့ ၀တ္မႈံေရႊရည္

မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္ ကေတာ့ သရုပ္ေဆာင္ေကာင္း သလို က်ရာဇာတ္ရုပ္ အေပၚ တာဝန္ေက်လြန္းတဲ့ အနုပညာရွင္ တစ္လက္ပဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္ကေတာ့ ထိပ္တန္းမင္းသမီး တစ္လက္ပီပီ (၂၀၂၀) ခုနွစ္မွာ “နန္းက်ဘုရင္”၊ “လိပ္ျပာစံအိမ္ (၂)”၊ “ဝတ္လဲေတာ္ေရႊပုဆိုး တန္းထိုးလို့ၾကိဳမယ္”၊ “အထက္တန္းစားေရ” စတဲ့ နာမည္ၾကီး ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ပါဝင္သရုပ္ေဆာင္ဖို့ ျပင္ဆင္ထားေပမယ့္ ကပ္ေရာဂါ အေျခအေနေတြေၾကာင့္ တစ္နွစ္လံုးနီးပါး ရုပ္ရွင္ရိုက္ကူး မႈေတြကို ရပ္နားထားရတာပဲ ျဖစ္ပါတယ္။

ရုပ္ရွင္ဇာတ္ကား ရိုက္ကူးမႈေတြ ရပ္နားထားေပမယ့္ ဝတ္မႈံေရႊရည္က သူမရဲ့ လႈပ္ရွားမႈပံုရိပ္ အခ်ိဳ့ကို လူမႈကြန္ယက္စာ မ်က္နွာမွာ ခ်ျပရင္း ပရိသတ္ေတြရဲ့ ထိေတြ့နိုင္ဖို့ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကေန့မွာေတာ့ ဝတ္မႈံေရႊရည္က သူမနဲ့ နာမည္တူ သူနာျပဳေလး တစ္ေယာက္ရဲ့ ပံုရိပ္ကို ခ်ျပလာပါတယ္။ ဝတ္မႈံေရႊရည္က ေရွ့တန္းကေန လူနာေတြကို ကုသမႈေပးေနတဲ့ သူနာျပဳေလးရဲ့ PPE ဝတ္စံုေပၚက “ဆရာမ ဝတ္မႈံေရႊရည္” ဆိုတဲ့ စာသားေလးေၾကာင့္ ဂုဏ္ယူမဆံုးျဖစ္ေနတာပဲ ျဖစ္ပါတယ္။

ဝတ္မႈံေရႊရည္ ကေတာ့ ကိုဗစ္ကာလမွာ ေရွ့တန္းကေန ကာကြယ္ေစာင့္ေရွာက္မႈ ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ အတြက္လည္း လိုအပ္တဲ့ ေထာက္ပံ့မႈ ေတြကို ျပဳလုပ္ေပးခဲ့သလို အေျခခံလူတန္းစားေတြအတြက္လည္း စားနပ္ရိကၡာမ်ား ကူညီေဝငွေပးျခင္းမ်ားကိုလည္း ေဆာင္ရြက္ခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Connections

သူမနာမည်နဲ့ တူတဲ့PPEဝတ်စုံနဲ့ ဆရာမလေးကြောင့် ဝမ်းသာဂုဏ်ယူနေတဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ သရုပ်ဆောင်ကောင်း သလို ကျရာဇာတ်ရုပ် အပေါ် တာဝန်ကျေလွန်းတဲ့ အနုပညာရှင် တစ်လက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ ထိပ်တန်းမင်းသမီး တစ်လက်ပီပီ (၂၀၂၀) ခုနှစ်မှာ “နန်းကျဘုရင်”၊ “လိပ်ပြာစံအိမ် (၂)”၊ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်”၊ “အထက်တန်းစားရေ” စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်ထားပေမယ့် ကပ်ရောဂါ အခြေအနေတွေကြောင့် တစ်နှစ်လုံးနီးပါး ရုပ်ရှင်ရိုက်ကူး မှုတွေကို ရပ်နားထားရတာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ ရပ်နားထားပေမယ့် ဝတ်မှုံရွှေရည်က သူမရဲ့ လှုပ်ရှားမှုပုံရိပ် အချို့ကို လူမှုကွန်ယက်စာ မျက်နှာမှာ ချပြရင်း ပရိသတ်တွေရဲ့ ထိတွေ့နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမနဲ့ နာမည်တူ သူနာပြုလေး တစ်ယောက်ရဲ့ ပုံရိပ်ကို ချပြလာပါတယ်။ ဝတ်မှုံရွှေရည်က ရှေ့တန်းကနေ လူနာတွေကို ကုသမှုပေးနေတဲ့ သူနာပြုလေးရဲ့ PPE ဝတ်စုံပေါ်က “ဆရာမ ဝတ်မှုံရွှေရည်” ဆိုတဲ့ စာသားလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည် ကတော့ ကိုဗစ်ကာလမှာ ရှေ့တန်းကနေ ကာကွယ်စောင့်ရှောက်မှု ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အတွက်လည်း လိုအပ်တဲ့ ထောက်ပံ့မှု တွေကို ပြုလုပ်ပေးခဲ့သလို အခြေခံလူတန်းစားတွေအတွက်လည်း စားနပ်ရိက္ခာများ ကူညီဝေငှပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment