Celebrity

သူမနာမည္သံုးၿပီး ငွက္ေပ်ာေၾကာ္ဆီ လာလိမ္သြားတဲ့ သူေတြအေၾကာင္းကို ေျပာျပလာတဲ့ မ်ိဳးသႏၱာထြန္း

Written by Ms Cele

သူမနာမည္သံုးၿပီး ငွက္ေပ်ာေၾကာ္ဆီ လာလိမ္သြားတဲ့ သူေတြအေၾကာင္းကို ေျပာျပလာတဲ့ မ်ိဳးသႏၱာထြန္း

ပရိသတ္ႀကီးေရ လတ္တေလာ ကိုဗစ္ကာလ အက်ပ္အတည္းေတြေၾကာင့္ ေနရာေတာ္ေတာ္ မ်ားမ်ားမွာ ခိုးဆိုးလုႏွိုက္ သတင္းေတြ ပုံစံအမ်ိဳးမ်ိဳးနဲ႔လိမ္ညာ ေနၾကတာေတြကို ပရိသတ္ႀကီး လည္း ၾကားသိၾက မွာပါေနာ္။ လတ္တေလာ ကာလကေတာ့ သီတင္းကၽြတ္ ကာလလည္းျဖစ္တာေၾကာင့္ သီတင္းကၽြတ္ ကန္ေတာ့တာကို ခုတုံးလုပ္ၿပီး ပိုက္ဆံလာ လိမ္ေတာင္းေနသူ ေတြလည္း ရွိေနေၾကာင္းကို သ႐ုပ္ေဆာင္ မ်ိဳးသႏၲာထြန္းကေတာ့ သူ႔ရဲ့အေတြ႕အၾကဳံကို မၽွေဝခဲ့ပါတယ္။

ဒီညေန ကိုငွက္ေပ်ာေၾကာ္ ဖုန္းဆက္ၿပီးေမး လာတယ္၊မ်ိဳးသႏၲာထြန္းရဲ့တူ ဆိုၿပီးေကာင္ေလး တေယာက္ လာကန္ေတာ့တယ္ တဲ့၊ေကာင္မေလး တေယာက္လည္း ပါတယ္ သူနဲ႔ လက္ထပ္မ ယ့္ မိန္းကေလးလို႔ေျပာၿပီး မိတ္ဆက္ပါတယ္တဲ့၊ စကားေတြ ေရပက္မဝင္ေျပာၿပီး ကိုငွက္ရဲ့ နာမည္ရင္းကိုလည္း ေျပာ၊အရမ္းရင္းႏွီး ခဲ့ဖူးသလိုေတြ လုပ္ၿပီး မုန္႔ဖိုးေတာင္းသြားပါတယ္တဲ့၊ ကိုငွက္က (၂) ေသာင္းေပးတာကို နည္းလို႔ (၃) ေသာင္းေပးပါလို႔ေတာင္းေသးတယ္တဲ့..အရမ္းကို အံ့ဩသြားပါတယ္….က်မရဲ့ တူေတြ/တူမေတြ(က်မရဲ့သား)ကအစ ဘယ္အႏုပညာရွင္အိမ္ကိုမွ သြားေလ့ သြားထမရွိပါဘူးရွင္၊ က်မတို႔ေတာင္ အလုပ္ထဲမွာပဲ ေတြ႕ၾက ဆုံၾကတာပါ၊အဲ့လို နာမည္ အလြဲ သုံးစားလုပ္ၿပီး လိုက္လိမ္ေနတာကို ေတာ္ေတာ့္ကို စိတ္ခံျပင္းမိပါတယ္ ဆိုၿပီး လူလိမ္ေတြအေၾကာင္းကို မၽွေဝခဲ့ပါတယ္။

အႏုပညာရွင္ေမာင္ႏွမေတြ အကုန္လုံး သူ႔လို နာမည္အလြဲ သုံးစားလုပ္တာ မခံရေစဖို႔နဲ႔ အားလုံး အလိမ္မခံရေအာင္ ဒီအေၾကာင္းေလး ကို မၽွေဝေပးခဲ့တာျဖစ္ၿပီး လူလိမ္စုံတြဲလာခဲ့ ရင္လည္း သတင္းေပးၾကဖို႔ ေတာင္းဆို ခဲ့ပါတယ္။ လူႀကီးသူမေတြကို သီတင္းကၽြတ္ ကန္ေတာ့တာကို ခုတုံးလုပ္ အသုံးခ်ၿပီး မုန္႔ဖိုးလိမ္ေတာင္း သြားတာကလည္း တကယ္ကို အႏုနည္းနဲ႔ ဓားျပတိုက္ေန သလိုပဲမို႔ ကိုယ့္အိမ္ကို မသိတဲ့လူစိမ္းေတြလာရင္ လက္မခံၾကဖို႔ ငွက္ေပ်ာေၾကာ္နဲ႔ မ်ိဳးသႏၲာထြန္းတို႔ ၾကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အၾကဳံေလးကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္။

Credit:Cele Gabar

သူမနာမည်သုံးပြီး ငှက်ပျောကြော်ဆီ လာလိမ်သွားတဲ့ သူတွေအကြောင်းကို ပြောပြလာတဲ့ မျိုးသန္တာထွန်း

ပရိသတ်ကြီးရေ လတ်တလော ကိုဗစ်ကာလ အကျပ်အတည်းတွေကြောင့် နေရာတော်တော် များများမှာ ခိုးဆိုးလုနှိုက် သတင်းတွေ ပုံစံအမျိုးမျိုးနဲ့လိမ်ညာ နေကြတာတွေကို ပရိသတ်ကြီး လည်း ကြားသိကြ မှာပါနော်။ လတ်တလော ကာလကတော့ သီတင်းကျွတ် ကာလလည်းဖြစ်တာကြောင့် သီတင်းကျွတ် ကန်တော့တာကို ခုတုံးလုပ်ပြီး ပိုက်ဆံလာ လိမ်တောင်းနေသူ တွေလည်း ရှိနေကြောင်းကို သရုပ်ဆောင် မျိုးသန္တာထွန်းကတော့ သူ့ရဲ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။

ဒီညနေ ကိုငှက်ပျောကြော် ဖုန်းဆက်ပြီးမေး လာတယ်၊မျိုးသန္တာထွန်းရဲ့တူ ဆိုပြီးကောင်လေး တယောက် လာကန်တော့တယ် တဲ့၊ကောင်မလေး တယောက်လည်း ပါတယ် သူနဲ့ လက်ထပ်မ ယ့် မိန်းကလေးလို့ပြောပြီး မိတ်ဆက်ပါတယ်တဲ့၊ စကားတွေ ရေပက်မဝင်ပြောပြီး ကိုငှက်ရဲ့ နာမည်ရင်းကိုလည်း ပြော၊အရမ်းရင်းနှီး ခဲ့ဖူးသလိုတွေ လုပ်ပြီး မုန့်ဖိုးတောင်းသွားပါတယ်တဲ့၊ ကိုငှက်က (၂) သောင်းပေးတာကို နည်းလို့ (၃) သောင်းပေးပါလို့တောင်းသေးတယ်တဲ့..အရမ်းကို အံ့ဩသွားပါတယ်….ကျမရဲ့ တူတွေ/တူမတွေ(ကျမရဲ့သား)ကအစ ဘယ်အနုပညာရှင်အိမ်ကိုမှ သွားလေ့ သွားထမရှိပါဘူးရှင်၊ ကျမတို့တောင် အလုပ်ထဲမှာပဲ တွေ့ကြ ဆုံကြတာပါ၊အဲ့လို နာမည် အလွဲ သုံးစားလုပ်ပြီး လိုက်လိမ်နေတာကို တော်တော့်ကို စိတ်ခံပြင်းမိပါတယ် ဆိုပြီး လူလိမ်တွေအကြောင်းကို မျှဝေခဲ့ပါတယ်။

အနုပညာရှင်မောင်နှမတွေ အကုန်လုံး သူ့လို နာမည်အလွဲ သုံးစားလုပ်တာ မခံရစေဖို့နဲ့ အားလုံး အလိမ်မခံရအောင် ဒီအကြောင်းလေး ကို မျှဝေပေးခဲ့တာဖြစ်ပြီး လူလိမ်စုံတွဲလာခဲ့ ရင်လည်း သတင်းပေးကြဖို့ တောင်းဆို ခဲ့ပါတယ်။ လူကြီးသူမတွေကို သီတင်းကျွတ် ကန်တော့တာကို ခုတုံးလုပ် အသုံးချပြီး မုန့်ဖိုးလိမ်တောင်း သွားတာကလည်း တကယ်ကို အနုနည်းနဲ့ ဓားပြတိုက်နေ သလိုပဲမို့ ကိုယ့်အိမ်ကို မသိတဲ့လူစိမ်းတွေလာရင် လက်မခံကြဖို့ ငှက်ပျောကြော်နဲ့ မျိုးသန္တာထွန်းတို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment