Celebrity

သူမနဲ့ အတူ အလုပ္လုပ္တဲ့ ၀န္ထမ္းေတြ ကို အစားအေသာက္ေတြ ကိုယ္တိုင္ ခ်က္ေကၽြးေနတဲ့ ေနျခည္ဦး

Written by Ms Cele

သူမနဲ့ အတူ အလုပ္လုပ္တဲ့ ၀န္ထမ္းေတြ ကို အစားအေသာက္ေတြ ကိုယ္တိုင္ ခ်က္ေကၽြးေနတဲ့ ေနျခည္ဦး

ပရိသတ္ေတြ ခ်စ္ၾကတဲ့ ေနျခည္ဦး ကေတာ့ နုိင္ငံျခားကေန ေက်ာင္းသြား တက္ျပီး ျမန္မာျပည္ျပန္ေရာက္ လာခ်ိန္မွာ Beauty Blogger တစ္ေယာက္ အျဖစ္ သူမရဲ့ ဝါသနာကို အေကာင္အထည္ ေဖာ္ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်စ္စရာ ေကာင္းျပီး သြက္လက္ ခ်က္ခ်ာလြန္းတဲ့ ေနျခည္ဦးက နွစ္အနည္းငယ္ အတြင္းမွာတင္ ေအာင္ျမင္လာခဲ့ျပီး နုိင္ငံေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ တစ္ေယာက္အျဖစ္ပါ ေက်ာ္ၾကားလာခဲ့ျပီပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက သူမ ေအာင္ျမင္လာခဲ့တာ သူမတစ္ေယာက္တည္း ေၾကာင့္မကပဲ ေဘးနားကေန ပံ့ပိုးကူညီေပး ေနၾကတဲ့ မိသားစု၊ ဝန္ထမ္းေတြေၾကာင့္ လို့ အျမဲတမ္း ထုတ္ေဖာ္ေျပာၾကားေလ့ရိွပါတယ္။

beautybynaychi ကုမၸဏီကို ဦးေဆာင္ ေနတဲ့ ေနျခည္ဦး ကေတာ့ ေခါင္းေဆာင္ တစ္ေယာက္ပီပီ သူမရဲ့ ဝန္ထမ္းေတြ အေပၚ မိသားစုလို ေနြးေထြးစြာ ဆက္ဆံေလ့ရိွတာပဲ ျဖစ္ပါတယ္။ နွစ္သစ္ကူအခ်ိန္ေတြနဲ့ အခါၾကီး ရက္ၾကီးေတြမွာ ဝန္ထမ္းေတြကို ေဘာနပ္ေပးျခင္း၊ ပါတီပြဲက်င္းပ ေပးျခင္းတို့ကို ျပဳလုပ္ေပးေလ့ ရိွတဲ့ ေနျခည္ဦးက ဒီကေန့မွာေတာ့ ထူးထူးျခားျခား အေနနဲ့ သူမကိုယ္တိုင္ ကိုရီးယားအစားအစာေတြခ်က္ေကြ်းခဲ့တယ္လို့ သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အခုလိုပဲ ေဝမွ်ေပးလာပါတယ္။

ေနျခည္ဦးကေတာ့ သူမရဲ့ ဝန္ထမ္းေတြ အတြက္ ခတၱခဏေပ်ာ္ရႊင္မႈ ရရိွေအာင္ ကိုယ္တိုင္ဟင္းေတြ ခ်က္ျပဳတ္ေပး ခဲ့တာ ျဖစ္ပါတယ္။ စိတ္နွလံုးသား လွတဲ့ ေနျခည္တစ္ေယာက္ ဒီထက္မက ေအာင္ျမင္တိုးတက္ဦးမွာ မလြဲမေသြပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Connections

သူမနဲ့ အတူ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ ကို အစားအသောက်တွေ ကိုယ်တိုင် ချက်ကျွေးနေတဲ့ နေခြည်ဦး

ပရိသတ်တွေ ချစ်ကြတဲ့ နေခြည်ဦး ကတော့ နိုင်ငံခြားကနေ ကျောင်းသွား တက်ပြီး မြန်မာပြည်ပြန်ရောက် လာချိန်မှာ Beauty Blogger တစ်ယောက် အဖြစ် သူမရဲ့ ဝါသနာကို အကောင်အထည် ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာ ကောင်းပြီး သွက်လက် ချက်ချာလွန်းတဲ့ နေခြည်ဦးက နှစ်အနည်းငယ် အတွင်းမှာတင် အောင်မြင်လာခဲ့ပြီး နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်အဖြစ်ပါ ကျော်ကြားလာခဲ့ပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမ အောင်မြင်လာခဲ့တာ သူမတစ်ယောက်တည်း ကြောင့်မကပဲ ဘေးနားကနေ ပံ့ပိုးကူညီပေး နေကြတဲ့ မိသားစု၊ ဝန်ထမ်းတွေကြောင့် လို့ အမြဲတမ်း ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။

beautybynaychi ကုမ္ပဏီကို ဦးဆောင် နေတဲ့ နေခြည်ဦး ကတော့ ခေါင်းဆောင် တစ်ယောက်ပီပီ သူမရဲ့ ဝန်ထမ်းတွေ အပေါ် မိသားစုလို နွေးထွေးစွာ ဆက်ဆံလေ့ရှိတာပဲ ဖြစ်ပါတယ်။ နှစ်သစ်ကူအချိန်တွေနဲ့ အခါကြီး ရက်ကြီးတွေမှာ ဝန်ထမ်းတွေကို ဘောနပ်ပေးခြင်း၊ ပါတီပွဲကျင်းပ ပေးခြင်းတို့ကို ပြုလုပ်ပေးလေ့ ရှိတဲ့ နေခြည်ဦးက ဒီကနေ့မှာတော့ ထူးထူးခြားခြား အနေနဲ့ သူမကိုယ်တိုင် ကိုရီးယားအစားအစာတွေချက်ကျွေးခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ဝေမျှပေးလာပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ ဝန်ထမ်းတွေ အတွက် ခတ္တခဏပျော်ရွှင်မှု ရရှိအောင် ကိုယ်တိုင်ဟင်းတွေ ချက်ပြုတ်ပေး ခဲ့တာ ဖြစ်ပါတယ်။ စိတ်နှလုံးသား လှတဲ့ နေခြည်တစ်ယောက် ဒီထက်မက အောင်မြင်တိုးတက်ဦးမှာ မလွဲမသွေပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment