Celebrity

သူမနဲ႕မတူတဲ့ ထူးထူးျခားျခား ဆန့္က်င္ဘက္ အမူအက်င့္ေလး တစ္ခုကို ပိုင္ဆိုင္ထားတဲ့ သမီးငယ္ေလး အေၾကာင္းကို ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြ

Written by Ms Cele

သူမနဲ႕မတူတဲ့ ထူးထူးျခားျခား ဆန့္က်င္ဘက္ အမူအက်င့္ေလး တစ္ခုကို ပိုင္ဆိုင္ထားတဲ့ သမီးငယ္ေလး အေၾကာင္းကို ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြ

(၁၇) နွစ္အရြယ္ကတည္းက “ေပါက္တဲ့အိုး” အေခြနဲ့ ပရိသတ္အားေပးမႈကို ရရိွထားတဲ့ အဆိုေတာ္မေလး ေအသင္ခ်ိဳေဆြကေတာ့ ဒီေန့ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲ အနုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြ ကေတာ့ ဂီတမွာသာမက ရုပ္ရွင္နယ္ပယ္မွာလည္း အထုိက္အေလ်ာက္နာမည္ရခဲ့ သူတစ္ေယာက္ျဖစ္ျပီး ဗီဒီယိုဇာတ္ကား ေတာ္ေတာ္မ်ားမ်ားကိုလည္း ရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြကေတာ့ ျပီးခဲ့တဲ့နွစ္ေတြတုန္းက လူမႈေရး အေျခအေနေတြေၾကာင့္ အနုပညာေလာကကေန ခဏတာ ထြက္ခြာသြားခဲ့ျပီး အခုဆိုရင္ အရင္အတုိင္း အနုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ သမီးေလး တစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားျပီျဖစ္တဲ့ ေအသင္ခ်ိဳေဆြက သူမရဲ့ ေန့ရက္တိုင္းမွာ သမီးေလး Ivy ရဲ့ ခ်စ္စဖြယ္ အျပဳအမူေလးေတြေၾကာင့္ ေပ်ာ္ရႊင္မႈေတြ ခံစားေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေအသင္ခ်ိဳေတြက သူမနဲ့မတူပဲ ခ်စ္စရာေကာင္းတဲ့ အမူအက်င့္ေလးရိွတဲ့ သမီးေလးအေၾကာင္းကို “Ivy ေနာ္ ေမေမ နဲ႔ မတူတာကေတာ့ ေရအင္မတန္ ႀကိဳက္တာပဲ။ ေမေမေနာ္ ေရေတာင္ ၁ရက္ျခားတခါပဲခ်ိဳးတာ။ ခ်ိဳးရင္ လည္း ခဏေလး ပဲ ဟီးဟီး” ဆိုျပီး သူမတို့ သားအမိရဲ့ ဆန့္က်င္ဘက္ အမူအက်င့္အေၾကာင္းကို ေျပာလာပါတယ္။

ေအသင္ခ်ိဳေဆြ ကေတာ့ သူမကိုယ္တိုင္ ေရခ်ိဳးပ်င္းသေလာက္ ေရၾကိဳက္တတ္တဲ့ သမီးေလးေၾကာင့္ ေရကူးကန္ရိွတဲ့ ေနရာေတြကို မၾကာခဏဆိုသလို ေခၚေဆာင္သြားရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဆန့္က်င့္ဘက္အမူအက်င့္ေတြရိွတဲ့ ေအသင္ခ်ိဳေဆြတို့ သားအမိနွစ္ေယာက္ရဲ့ ျဖစ္ပံုကိုၾကည့္ျပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

သူမနဲ့မတူတဲ့ ထူးထူးခြားခြား ဆန့်ကျင်ဘက် အမူအကျင့်လေး တစ်ခုကို ပိုင်ဆိုင်ထားတဲ့ သမီးငယ်လေး အကြောင်းကို ပြောပြလာတဲ့ အေသင်ချိုဆွေ

(၁၇) နှစ်အရွယ်ကတည်းက “ပေါက်တဲ့အိုး” အခွေနဲ့ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ အဆိုတော်မလေး အေသင်ချိုဆွေကတော့ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေ ကတော့ ဂီတမှာသာမက ရုပ်ရှင်နယ်ပယ်မှာလည်း အထိုက်အလျောက်နာမည်ရခဲ့ သူတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကား တော်တော်များများကိုလည်း ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက လူမှုရေး အခြေအနေတွေကြောင့် အနုပညာလောကကနေ ခဏတာ ထွက်ခွာသွားခဲ့ပြီး အခုဆိုရင် အရင်အတိုင်း အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အေသင်ချိုဆွေက သူမရဲ့ နေ့ရက်တိုင်းမှာ သမီးလေး Ivy ရဲ့ ချစ်စဖွယ် အပြုအမူလေးတွေကြောင့် ပျော်ရွှင်မှုတွေ ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေသင်ချိုတွေက သူမနဲ့မတူပဲ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးရှိတဲ့ သမီးလေးအကြောင်းကို “Ivy နော် မေမေ နဲ့ မတူတာကတော့ ရေအင်မတန် ကြိုက်တာပဲ။ မေမေနော် ရေတောင် ၁ရက်ခြားတခါပဲချိုးတာ။ ချိုးရင် လည်း ခဏလေး ပဲ ဟီးဟီး” ဆိုပြီး သူမတို့ သားအမိရဲ့ ဆန့်ကျင်ဘက် အမူအကျင့်အကြောင်းကို ပြောလာပါတယ်။

အေသင်ချိုဆွေ ကတော့ သူမကိုယ်တိုင် ရေချိုးပျင်းသလောက် ရေကြိုက်တတ်တဲ့ သမီးလေးကြောင့် ရေကူးကန်ရှိတဲ့ နေရာတွေကို မကြာခဏဆိုသလို ခေါ်ဆောင်သွားရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆန့်ကျင့်ဘက်အမူအကျင့်တွေရှိတဲ့ အေသင်ချိုဆွေတို့ သားအမိနှစ်ယောက်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment