Celebrity

သူမနဲ႕ အျမင္မတူတဲ့ သူေတြကို အေကာင့္ထဲရွိေနရင္ ကိုယ့္ဟာကိုယ္အလိုက္တသိ ထြက္သြားၾကဖို႕ ျပတ္သားစြာေျပာလိုက္တဲ့ ႏြယ္ဒါလီထြန္း

Written by Ms Cele

ပရိသတ္ႀကီးေရ ႏြယ္ဒါလီထြန္းကေတာ့ လက္ရွိမွာလည္းအႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနၿပီး လတ္တေလာျဖစ္ေပၚေနတဲ့ ေတာ္လွန္ေရးကာလမွာလည္း ရဲ၀င့္စြာနဲ႕တတ္ႏိုင္တဲ့ဘက္က ပါ၀င္ကူညီအားျဖည့္ေပးေနတဲ့ မင္းသမီးေလးျဖစ္ပါတယ္ေနာ္။ စကားေျပာပြင့္လင္းတာေတြေၾကာင့္ ပရိသတ္ေတြကလည္း ခ်စ္ခင္အားေပးေနၾကပါတယ္ေနာ္။

၅၀၅က ျဖင့္ အေရးယူျခင္းခံထားရတဲ့ ႏြယ္ဒါလီထြန္းကေတာ့ သူမနဲ႕ခံယူခ်က္ျခင္းမတူတဲ့သူေတြနဲ႔ သူမအေပၚအျမင္မၾကည္တဲ့သူေတြကို အေကာင့္ထဲက အလိုက္တသိ ထြက္သြားၾကဖို႔ သူမရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ပြင့္ပြင့္လင္းလင္းေျပာလာတာကို ေတြ႕ရပါတယ္။

ႏြယ္ဒါလီထြန္းက”ျမန္မာျပည္ႀကီးၿငိမ္းခ်မ္းပါေစဆိုပီး $ေပါက္ပိတ္ေနတဲ့သူေတြရယ္ ငါတို႔ကေတာ့ အစိမ္းပဲဆိုတဲ့ ဟာေတြရယ္ ဘယ္ဘက္သာမလဲ သာတဲ့ဘက္ေျပးကပ္ဖို႔ ေစာင့္ၾကည့္ၾကားေန ခြထိုင္ေတြရယ္၊ ဘယ္အစိုးရတက္တက္ ကိုယ္လုပ္မွ ကိုယ္စားရမယ္ဆို​​ၿပီး အေတြးရွိတဲ့သူေတြေလ ကၽြန္မအေကာင့္ထဲရွိေနရင္ ကိုယ့္ဟာကိုယ္အလိုက္တသိ unfriend သို႔ block လုပ္သြားေပးၾကပါလားဟင္ ေတာင္းဆိုတာပါေနာ္ ကၽြန္မတင္တဲ့ပိုစ့္ေတြလည္း ရွင္တို႔ wall ေပၚ ေပၚလာလို႔ မ်က္စိမေနာက္ရေတာ့ဘူးေပါ့ ကၽြန္မလည္းတစ္ေယာက္ခ်င္းစီစိစစ္ေနရတာ မ်က္လုံးေညာင္း၊ လက္ေညာင္းလို႔ 😌..” ဆိုၿပီးေရးသားထားပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Nwe Darli Htun’s Fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ နွယ်ဒါလီထွန်းကတော့ လက်ရှိမှာလည်းအနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး လတ်တလောဖြစ်ပေါ်နေတဲ့ တော်လှန်ရေးကာလမှာလည်း ရဲဝင့်စွာနဲ့တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီအားဖြည့်ပေးနေတဲ့ မင်းသမီးလေးဖြစ်ပါတယ်နော်။ စကားပြောပွင့်လင်းတာတွေကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြပါတယ်နော်။

၅၀၅က ဖြင့် အရေးယူခြင်းခံထားရတဲ့ နွယ်ဒါလီထွန်းကတော့ သူမနဲ့ခံယူချက်ခြင်းမတူတဲ့သူတွေနဲ့ သူမအပေါ်အမြင်မကြည်တဲ့သူတွေကို အကောင့်ထဲက အလိုက်တသိ ထွက်သွားကြဖို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပွင့်ပွင့်လင်းလင်းပြောလာတာကို တွေ့ရပါတယ်။

နွယ်ဒါလီထွန်းက”မြန်မာပြည်ကြီးငြိမ်းချမ်းပါစေဆိုပီး $ပေါက်ပိတ်နေတဲ့သူတွေရယ် ငါတို့ကတော့ အစိမ်းပဲဆိုတဲ့ ဟာတွေရယ် ဘယ်ဘက်သာမလဲ သာတဲ့ဘက်ပြေးကပ်ဖို့ စောင့်ကြည့်ကြားနေ ခွထိုင်တွေရယ်၊ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆို​​ပြီး အတွေးရှိတဲ့သူတွေလေ ကျွန်မအကောင့်ထဲရှိနေရင် ကိုယ့်ဟာကိုယ်အလိုက်တသိ unfriend သို့ block လုပ်သွားပေးကြပါလားဟင် တောင်းဆိုတာပါနော် ကျွန်မတင်တဲ့ပိုစ့်တွေလည်း ရှင်တို့ wall ပေါ် ပေါ်လာလို့ မျက်စိမနောက်ရတော့ဘူးပေါ့ ကျွန်မလည်းတစ်ယောက်ချင်းစီစိစစ်နေရတာ မျက်လုံးညောင်း၊ လက်ညောင်းလို့ 😌..” ဆိုပြီးရေးသားထားပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Nwe Darli Htun’s Fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment