Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Ni Ni Khin Zaw

သူမဖွင့်ထားတဲ့ ကုသိုလ်ဖြစ် သားဖွားဆေးခန်းမှာ အဆင်ပြေပြေနဲ့ မွေးဖွားခဲ့တဲ့ ကလေးလေးကိုချီပြီး ပျော်မဆုံးဖြစ်နေတဲ့ နီနီခင်ဇော်

အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်ချောလေး နီနီခင်ဇော်ကို ပရိသတ်ကြီးချစ်ကြမယ် ထင်ပါတယ်။သူဟာ အချိန်ခဏလေးတွင်း မှာတင် အောင်မြင်တဲ့မိန်းကလေး အဆိုတော်တစ်ယောက်ဖြစ်လာကာ ပရိသတ်အခိုင်အမာ ရရှိထားတာဖြစ်ပါတယ်။သူရဲ့ သီချင်းလေးတွေဟာ လူငယ်တွေကြား ရေပန်းစားပြီ အမိုက်စား သီချင်းတွေပါမက သီချင်းအေးအေးလေးတွေပါ ကြိုက်နှစ်သက် အားပေးကြတာတွေ့ရပါတယ်။

သူမကတော့ သီချင်းတွေ ဆက်တိုက် ဆိုနေတာဖြစ်ပြီး အနုပညာ အလုပ်တွေလည်း မနားတမ်းလုပ်နေ ခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလော မှာတော့ နီနီက လတ်တလော အခြေအနေတွေအရ CDM လုပ်နေတဲ့သူငယ်ချင်းတွေအတွက် ကုသိုလ်ဖြစ် သားဖွားဆေးခန်းလေးကို ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။

အခုလည်း သူဖွင့်ပေးထားတဲ့ ကုသိုလ်ဖြစ် သားဖွားဆေးခန်းမှာ အဆင်ပြေပြေနဲ့ မွေးဖွားခဲ့တဲ့ ကလေးလေးကိုချီပြီး ပျော်မဆုံးဖြစ်နေတဲ့ ပုံလေးတွေနဲ့ အတူ “ယ​နေ့ ​မြောက်ဥက္ကလာ (ဆ) ရပ်ကွက် ကုသိုလ်ဖြစ် *အခမဲ့*သားဖွားခန်း​လေးမှာ CDM လုပ်​နေကြတဲ့ အထူးကု OG ဆရာဝန်​တွေ ဖွား​ပေးလိုက်တဲ့ က​လေးပါ နီနီ သူငယ်ချင်း ဆရာဝန် CDM လုပ်ပြီး​​နောက်ပိုင်း ကိုယ်ထူကိုယ်ထ ဖွင့်ထား​ပေးတာပါ အခက်အခဲ​တွေကြားထဲ​ နေ့တိုင်းဖွား​ပေးခဲ့တဲ့ CDM Doctors များ Respect ပါ” ဆိုတဲ့ စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေး လိုက်ပါရစေ။

Credit:Cele Zone
Photo – Ni Ni Khin Zaw

About the author

Ms Cele

Leave a Comment