Celebrity


Written by Ms Cele





Credit:Swelsone News

သူမဗိုက်ထဲက သားငယ်လေးက ပြုံးပြနေတဲ့ 4D Ultrasound ပုံလေးတွေကို ထုတ်ပြလိုက်တဲ့ မိုးယုစံ

မင်းသမီးချောလေး မိုးယုစံ ကတော့ အနုပညာ လောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေ များစွာကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ အခုချိန်ထိကို နုပျိုလှပနေဆဲဖြစ်ပြီး ပရိသတ် တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားနေဆဲပဲ ဖြစ်ပါတယ်။ မိုးယုဟာ ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားပေါင်း များစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့ ရုံသာမက နှင်းဆီအငြိမ့်ပွဲတိုင်းမှာလည်း ပါဝင်ကပြဖျော်ဖြေ ခဲ့သူလည်း ဖြစ်ပါတယ်။ မိုးယုဟာ သားဦးလေးမွေးဖွားပြီး နောက်ပိုင်း အနုပညာအလုပ်တွေကို ပုံမှန်လေးသာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒုတိယ သားရတနာလေးကို လွယ်ထားနေရပြီပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် တာ 29 weeks ရှိနေပြီပဲ ဖြစ်ပြီး မကြာခင်မှာ လူ့လောကထဲသို့ ရောက် လာတော့မယ့် သားလေး အတွက် ရင်ခုန် စိတ်လှုပ်ရှားနေပြီပဲ ဖြစ်ပါတယ်။ သားလေးနဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေ ကိုလည်း အမြဲဝေမျှပေးလေ့ရှိပြီး မနေ့ညကလည်း မိုးယုရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဗိုက်ထဲကသားလေးပြုံးပြနေတဲ့ ultrasound ပုံလေးကို ကြည်နူးပီတိဖြစ်စွာ ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပရိသတ်တွေ ကလည်း ဒီပို့စ်အောက်မှာ ကြည်နူးစရာကောင်းတဲ့ ကွန်မန့်လေးတွေ ရေးသားထားကြတာလည်း ဖြစ်ပါတယ်။ မိုးယုကလည်း ” Baby လေးပြုံးနေတယ် 29weeks ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ် တွေလည်း ကြည့်လို့ရအောင် ဒီပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment