Celebrity

သူမဘ၀ရဲ႕ ေအာင္ျမင္ျခင္း လွ်ိဳ႕၀ွက္ခ်က္ကို ပရိသတ္ကို ေျပာျပလာတဲ့ ထက္ထက္မိုးဦး

Written by Ms Cele

သူမဘ၀ရဲ႕ ေအာင္ျမင္ျခင္း လွ်ိဳ႕၀ွက္ခ်က္ကို ပရိသတ္ကို ေျပာျပလာတဲ့ ထက္ထက္မိုးဦး

ထက္ထက္မိုးဦး ကေတာ့ အကယ္ဒမီဆု ေတြကိုလည္း ပိုင္ဆိုင္ခဲ့ၿပီး တစ္ေခတ္ တစ္ခါမွာ အရမ္းေအာင္ျမင္ ခဲ့တဲ့ မင္းသမီး တစ္လက္ျဖစ္ပါတယ္။အခုခ်ိန္မွာ ဆိုရင္လည္း ထက္ထက္မိုးဦးက Liveေတြလႊင့္ၿပီး ကုန္ပစၥည္းေတြကို ေစတနာပါပါနဲ႔ ေရာင္းခ်ေနတာေၾကာင့္ လအနည္းငယ္အတြင္းနဲ႔တင္ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနတာျဖစ္ပါတယ္။ထက္ထက္မိုးဦး ကေတာ့ အခုဆိုရင္လည္း သူမရဲ႕ေခတ္တစ္ေခတ္ ကို ျပန္လည္တည္ေဆာက္ေနၿပီး အၿမဲၿပဳံး႐ႊင္ေနတတ္တဲ့ ျပည္သူ ခ်စ္မင္းသမီးေလးပဲျဖစ္ပါတယ္ေနာ္။

ထက္ထက္မိုးဦး က”ခံယူထားတဲ့ ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ “ေန႔စဥ္ အလုပ္လုပ္တဲ့ အခါတိုင္း မွာ အခ်ိန္ကုန္ရင္ ငါအိမ္ျပန္ရမွာ ပဲလို႔ ဘယ္ေတာ့မွ မေတြးဘူး။ ကိုယ္လုပ္လို႔ မေရာင္းရမွာ၊ပရိသတ္ေတြ မႀကိဳက္မွာ၊ client အဆင္မေျပမွာပဲ ေတြးတယ္။ ဒါေၾကာင့္ ေန႔စဥ္အၿမဲမျပတ္ ေလ့လာရတယ္။ စာက်က္ရတယ္။ ပရိသတ္ရဲ႕ အားေပးစကားေတြ၊ေဝဖန္တာေတြ အၿမဲနားေထာင္ရတယ္၊ အားေပးတာေတြ အတြက္ စိတ္ခြန္အား ရသလို ေဝဖန္မႈေတြဆိုလည္း ကိုယ့္ကိုခ်စ္လို႔ ေျပာေပးတာမို႔ ျပင္ဆင္တယ္ ပိုၿပီးေကာင္းေအာင္ ႀကိဳးစား တယ္။ ဇီးထုတ္ေၾကာ္ျငာဆိုလည္း အလွဆုံးျပင္ၿပီး အားစိုက္ တာပဲ။ ေ႐ႊဆိုင္ေၾကာ္ျငာလည္း အားစိုက္တာပဲ။အခု Live ေတြ လႊင့္ၿပီး ေရာင္းရတဲ့အခ်ိန္မွာ တစ္ေထာင္တန္လည္း အေကာင္းဆုံး စိတ္ေစတနာထား၊ ေသခ်ာ ကုန္ပစၥည္းအေၾကာင္း သိေအာင္ လုပ္ၿပီး ေရာင္းတယ္။ သိန္း ၃၀၀၀ တန္လည္း ေသေသခ်ာခ်ာ ေလ့လာၿပီးမွ ေရာင္းတယ္။

“ဘဝမွာ ေအာင္ျမင္ျခင္းရဲ႕ နံပါတ္ ၁ က သည္းခံႏိုင္မႈပဲ။ ဘဝမွာ ပင္ပန္းခက္ခဲ ခဲ့တယ္။ ဘယ္အရာမွ အလကား မရဘူးဆိုတာ သိေနတဲ့အတြက္ အရမ္းႀကိဳးစားတယ္။ ယဥ္ေက်းေအာင္ ေနတယ္။ စိတ္ေရာလူေရာ ထည့္ၿပီး အလုပ္လုပ္ တယ္။ အခုခ်ိန္ ျပန္ၿပီးအလုပ္ေတြလုပ္ လာတဲ့အခါ၊အားလုံးက ခ်စ္ေပးၾကတဲ့အခါမွာလည္း လက္လႊတ္စပယ္ မလုပ္ဘူး။ ကိုယ့္အယူအဆ ေတြမွားသြားရင္ သူမ်ားေထာက္စရာ ျဖစ္မွာေၾကာင့္ ေသခ်ာေလ့လာတယ္။ အလုပ္အေပၚ သစၥာရွိတယ္။ ဝါသနာပါလို႔ လုပ္တာ ဆိုေတာ့ လဲခဲ့ရတာေတြ၊ အေပးအယူ လုပ္ခဲ့ရတာေတြ အမ်ားႀကီး ရွိေပမယ့္ ဘယ္ေတာ့မွ မလုပ္ခ်င္ေတာ့ဘူး ဆိုတာမ်ိဳး မရွိခဲ့ဘူး။”ဆိုၿပီး သူမရဲ႕ခံယူခ်က္ေတြကို မွ်ေဝလာခဲ့တာျဖစ္ပါတယ္ေနာ္။

Credit:Swelsone News

သူမဘဝရဲ့ အောင်မြင်ခြင်း လျှို့ဝှက်ချက်ကို ပရိသတ်ကို ပြောပြလာတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦး ကတော့ အကယ်ဒမီဆု တွေကိုလည်း ပိုင်ဆိုင်ခဲ့ပြီး တစ်ခေတ် တစ်ခါမှာ အရမ်းအောင်မြင် ခဲ့တဲ့ မင်းသမီး တစ်လက်ဖြစ်ပါတယ်။အခုချိန်မှာ ဆိုရင်လည်း ထက်ထက်မိုးဦးက Liveတွေလွှင့်ပြီး ကုန်ပစ္စည်းတွေကို စေတနာပါပါနဲ့ ရောင်းချနေတာကြောင့် လအနည်းငယ်အတွင်းနဲ့တင် လျှမ်းလျှမ်းတောက် အောင်မြင်နေတာဖြစ်ပါတယ်။ထက်ထက်မိုးဦး ကတော့ အခုဆိုရင်လည်း သူမရဲ့ခေတ်တစ်ခေတ် ကို ပြန်လည်တည်ဆောက်နေပြီး အမြဲပြုံးရွှင်နေတတ်တဲ့ ပြည်သူ ချစ်မင်းသမီးလေးပဲဖြစ်ပါတယ်နော်။

ထက်ထက်မိုးဦး က”ခံယူထားတဲ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက် “နေ့စဉ် အလုပ်လုပ်တဲ့ အခါတိုင်း မှာ အချိန်ကုန်ရင် ငါအိမ်ပြန်ရမှာ ပဲလို့ ဘယ်တော့မှ မတွေးဘူး။ ကိုယ်လုပ်လို့ မရောင်းရမှာ၊ပရိသတ်တွေ မကြိုက်မှာ၊ client အဆင်မပြေမှာပဲ တွေးတယ်။ ဒါကြောင့် နေ့စဉ်အမြဲမပြတ် လေ့လာရတယ်။ စာကျက်ရတယ်။ ပရိသတ်ရဲ့ အားပေးစကားတွေ၊ဝေဖန်တာတွေ အမြဲနားထောင်ရတယ်၊ အားပေးတာတွေ အတွက် စိတ်ခွန်အား ရသလို ဝေဖန်မှုတွေဆိုလည်း ကိုယ့်ကိုချစ်လို့ ပြောပေးတာမို့ ပြင်ဆင်တယ် ပိုပြီးကောင်းအောင် ကြိုးစား တယ်။ ဇီးထုတ်ကြော်ငြာဆိုလည်း အလှဆုံးပြင်ပြီး အားစိုက် တာပဲ။ ရွှေဆိုင်ကြော်ငြာလည်း အားစိုက်တာပဲ။အခု Live တွေ လွှင့်ပြီး ရောင်းရတဲ့အချိန်မှာ တစ်ထောင်တန်လည်း အကောင်းဆုံး စိတ်စေတနာထား၊ သေချာ ကုန်ပစ္စည်းအကြောင်း သိအောင် လုပ်ပြီး ရောင်းတယ်။ သိန်း ၃၀၀၀ တန်လည်း သေသေချာချာ လေ့လာပြီးမှ ရောင်းတယ်။

“ဘဝမှာ အောင်မြင်ခြင်းရဲ့ နံပါတ် ၁ က သည်းခံနိုင်မှုပဲ။ ဘဝမှာ ပင်ပန်းခက်ခဲ ခဲ့တယ်။ ဘယ်အရာမှ အလကား မရဘူးဆိုတာ သိနေတဲ့အတွက် အရမ်းကြိုးစားတယ်။ ယဉ်ကျေးအောင် နေတယ်။ စိတ်ရောလူရော ထည့်ပြီး အလုပ်လုပ် တယ်။ အခုချိန် ပြန်ပြီးအလုပ်တွေလုပ် လာတဲ့အခါ၊အားလုံးက ချစ်ပေးကြတဲ့အခါမှာလည်း လက်လွှတ်စပယ် မလုပ်ဘူး။ ကိုယ့်အယူအဆ တွေမှားသွားရင် သူများထောက်စရာ ဖြစ်မှာကြောင့် သေချာလေ့လာတယ်။ အလုပ်အပေါ် သစ္စာရှိတယ်။ ဝါသနာပါလို့ လုပ်တာ ဆိုတော့ လဲခဲ့ရတာတွေ၊ အပေးအယူ လုပ်ခဲ့ရတာတွေ အများကြီး ရှိပေမယ့် ဘယ်တော့မှ မလုပ်ချင်တော့ဘူး ဆိုတာမျိုး မရှိခဲ့ဘူး။”ဆိုပြီး သူမရဲ့ခံယူချက်တွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment