Celebrity

သူမရဲ့မိဘေတြက အသက္မျပည့္ေသးတဲ့ (၁၇)နွစ္အရြယ္ ေက်ာင္းသားေလးကို ကိုယ္ထိလက္ေရာက္မႈျပဳခဲ့တယ္ဆိုတဲ့ သတင္းေတြအေပၚ ျပန္လည္ရွင္းျပလာတဲ့ ေအးျမျဖဴ

Written by Ms Cele

သူမရဲ့မိဘေတြက အသက္မျပည့္ေသးတဲ့ (၁၇)နွစ္အရြယ္ ေက်ာင္းသားေလးကို ကိုယ္ထိလက္ေရာက္မႈျပဳခဲ့တယ္ဆိုတဲ့ သတင္းေတြအေပၚ ျပန္လည္ရွင္းျပလာတဲ့ ေအးျမျဖဴ

Myanmar Idol Season (4) ရဲ့ 1st Runner Up ဆုရွင္ တစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္၊ သရုပ္ေဆာင္ ေအးျမျဖဴ ကေတာ့ လက္ရိွမွာ သူမရဲ့ အနုပညာလႈပ္ရွားမႈေတြကို ရပ္နားထားျပီး ျပည္သူေတြနဲ့ အတူတူ ဒီမုိကေရစီ လြတ္လပ္မႈကို ရရိွဖို့ လႈပ္ရွားေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မေန့က ေဖေဖာ္ဝါရီလ (၁၈) ရက္ေန့မွာေတာ့ ေအးျမျဖဴက ဆႏၵျပအဖြဲ့နဲ့ သီခ်င္းဆို အားျဖည့္ဖို့သြားရင္း သေဘာထားခ်င္းလြဲမွားမႈေတြျဖစ္ခဲ့ရတဲ့အေၾကာင္း ျပန္လည္ရွင္းျပလာတာကို ေတြ့ရပါတယ္။

ေအးျမျဖဴက “သမီးရွင္းျပပါ့မယ္။ ပထမျဖစ္တဲ့ ျပႆနာက သမီးကို Augustine က ဆႏၵျပတဲ့အဖြဲ႕မွာ လာအားျဖည့္ဖို့ ေခၚလို့ သြားခဲ့ပါတယ္။ သမီးက ၃ နာရီမွ ေရာက္ၿပီး media ေတြေပၚမွာ Augustine ေက်ာင္းသားေတြနဲ႔တူတူ ဆႏၵျပတယ္ ဆိုၿပီးေရးေတာ့ အဖြဲ႕ဦးေဆာင္သူက မျပန္ခိုင္းဘဲ သမီးနဲ ႔ေနခိုင္းတာ ( သမီးလည္း အခုမွျပန္သိရတာ ) အဲ့တာကို ေက်ာင္းသားေတြက မ်က္မုန္းက်ိဴးၾကၿပီး ဝိုင္းေျပာၾကပါတယ္ သမီးက ႏွမ္းလာျဖဴးၿပီး ဦးေဆာင္သလို ျဖစ္သြားတယ္ဆိုၿပီး မေက်နပ္ၾကတာ(မျပန္ခိုင္းတာလည္း သမီးတို့ကိုယ္တိုင္မေျပာထားပါဘူး အကိုေတြအစ္မေတြကမျပန္ခိုင္းတာပါ)။ သမီး ဒီနိုင္ငံေရးမွာ ဘယ္လိုပါဝင္ေဆာင္ရြက္ေနလဲဆိုတာ သိၾကမွာပါ သမီး page မွာ ၾကည့္နိုင္ပါတယ္။ အဲ့ေန႔ကလည္း ေခၚလို့ အျခားေနရာကေန သြားလိုက္တာ သမီးကလည္း ေပၚပင္လာလုပ္တယ္ဆိုၿပီး ဝိုင္းေျပာၾကတာလို့ ပို့စ္တစ္ခုတင္ၿပီး ေျဖရွင္းရတာပါ”

“အဲ့ဒီမွာ သမီးpost ကို ဝိုင္းshareၿပီး သမီးေတာင္ မသိတဲ့ကိစၥေတြကိုဆဲၿပီးမဟုတ္တာေတြပါ ထည့္ၿပီးေျပာၾကပါတယ္ messenger ကလည္း ရိုင္းရိုင္းေျပာဆိုတာေတြရွိလို့ သမီးရဲ့ အေမက ကေလးမိဘနဲ႔စကားေျပာမယ္ ဆိုတာကို ကေလးမိဘအိမ္ဆီ မေရာက္ပဲ liveလႊင့္တဲ့ေကာင္မေလးအိမ္မွာခ်ိန္းပါတယ္။ အေဖက သူ႔သမီးက ေစတနာနဲ႔ လုပ္ေပးတာကို ရိုင္းစိုင္းစြာေျပာလို့ တုတ္နဲ႔ရြယ္ပါတယ္ ကေလးကိုေမးၿပီးပါၿပီ ဘာမွထိခိုက္တာမရွိပါဘူးလို့လည္းေျပာပါတယ္( အခု လူေတြထင္သလို ပါးရိုက္နားရိုက္လည္းမလုပ္ပါ) Live ထဲမွာက ျပႆနာအစအဆုံးမပါတဲ့အတြက္ လူႀကီးေတြက သားသမီးေဇာနဲ႔ ေစတနာကေဝဒနာျဖစ္ပါတယ္ဆိုၿပီး ေဒါသထြက္ေနတာပဲ ပါတာပါအဲ့ဒီေနာက္မွာ သမီးကို အထင္လြဲၿပီး ရိုင္းမိလို့ဆိုၿပီး ဟိုကလည္း ေတာင္းပန္ပါတယ္ သမီးတို့ ဘက္ကလည္း အဲ့ကေလးကို ေတာင္းပန္ၿပီးပါၿပီ။ ႏွစ္ဦးႏွစ္ဖက္အခု အဆင္ေျပၿပီးခါမွ messenger ကေန video ေတြ ထပ္ျဖန႔္ေနလို့ အစအဆုံးကို ရွင္းျပၿပီး ေရးတင္ရတာပါ”ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္မွာမွာ ေျပာလာ ပါတယ္။

ေအးျမျဖဴ ကေတာ့ သူမရဲ့မိဘေတြက အသက္ မျပည့္ေသးတဲ့ (၁၇) နွစ္အရြယ္ ေက်ာင္းသားေလးကို ကိုယ္ထိလက္ေရာက္မႈျပဳခဲ့တယ္ ဆိုတဲ့ သတင္းေတြအေပၚ ျပန္လည္ရွင္းျပလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: AYE MYA PHYU’s fb
Credit:Cele Connections

သူမရဲ့မိဘတွေက အသက်မပြည့်သေးတဲ့ (၁၇)နှစ်အရွယ် ကျောင်းသားလေးကို ကိုယ်ထိလက်ရောက်မှုပြုခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ပြန်လည်ရှင်းပြလာတဲ့ အေးမြဖြူ

Myanmar Idol Season (4) ရဲ့ 1st Runner Up ဆုရှင် တစ်ယောက်ဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် အေးမြဖြူ ကတော့ လက်ရှိမှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့ အတူတူ ဒီမိုကရေစီ လွတ်လပ်မှုကို ရရှိဖို့ လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာတော့ အေးမြဖြူက ဆန္ဒပြအဖွဲ့နဲ့ သီချင်းဆို အားဖြည့်ဖို့သွားရင်း သဘောထားချင်းလွဲမှားမှုတွေဖြစ်ခဲ့ရတဲ့အကြောင်း ပြန်လည်ရှင်းပြလာတာကို တွေ့ရပါတယ်။

အေးမြဖြူက “သမီးရှင်းပြပါ့မယ်။ ပထမဖြစ်တဲ့ ပြဿနာက သမီးကို Augustine က ဆန္ဒပြတဲ့အဖွဲ့မှာ လာအားဖြည့်ဖို့ ခေါ်လို့ သွားခဲ့ပါတယ်။ သမီးက ၃ နာရီမှ ရောက်ပြီး media တွေပေါ်မှာ Augustine ကျောင်းသားတွေနဲ့တူတူ ဆန္ဒပြတယ် ဆိုပြီးရေးတော့ အဖွဲ့ဦးဆောင်သူက မပြန်ခိုင်းဘဲ သမီးနဲ ့နေခိုင်းတာ ( သမီးလည်း အခုမှပြန်သိရတာ ) အဲ့တာကို ကျောင်းသားတွေက မျက်မုန်းကျိူးကြပြီး ဝိုင်းပြောကြပါတယ် သမီးက နှမ်းလာဖြူးပြီး ဦးဆောင်သလို ဖြစ်သွားတယ်ဆိုပြီး မကျေနပ်ကြတာ(မပြန်ခိုင်းတာလည်း သမီးတို့ကိုယ်တိုင်မပြောထားပါဘူး အကိုတွေအစ်မတွေကမပြန်ခိုင်းတာပါ)။ သမီး ဒီနိုင်ငံရေးမှာ ဘယ်လိုပါဝင်ဆောင်ရွက်နေလဲဆိုတာ သိကြမှာပါ သမီး page မှာ ကြည့်နိုင်ပါတယ်။ အဲ့နေ့ကလည်း ခေါ်လို့ အခြားနေရာကနေ သွားလိုက်တာ သမီးကလည်း ပေါ်ပင်လာလုပ်တယ်ဆိုပြီး ဝိုင်းပြောကြတာလို့ ပို့စ်တစ်ခုတင်ပြီး ဖြေရှင်းရတာပါ”

“အဲ့ဒီမှာ သမီးpost ကို ဝိုင်းshareပြီး သမီးတောင် မသိတဲ့ကိစ္စတွေကိုဆဲပြီးမဟုတ်တာတွေပါ ထည့်ပြီးပြောကြပါတယ် messenger ကလည်း ရိုင်းရိုင်းပြောဆိုတာတွေရှိလို့ သမီးရဲ့ အမေက ကလေးမိဘနဲ့စကားပြောမယ် ဆိုတာကို ကလေးမိဘအိမ်ဆီ မရောက်ပဲ liveလွှင့်တဲ့ကောင်မလေးအိမ်မှာချိန်းပါတယ်။ အဖေက သူ့သမီးက စေတနာနဲ့ လုပ်ပေးတာကို ရိုင်းစိုင်းစွာပြောလို့ တုတ်နဲ့ရွယ်ပါတယ် ကလေးကိုမေးပြီးပါပြီ ဘာမှထိခိုက်တာမရှိပါဘူးလို့လည်းပြောပါတယ်( အခု လူတွေထင်သလို ပါးရိုက်နားရိုက်လည်းမလုပ်ပါ) Live ထဲမှာက ပြဿနာအစအဆုံးမပါတဲ့အတွက် လူကြီးတွေက သားသမီးဇောနဲ့ စေတနာကဝေဒနာဖြစ်ပါတယ်ဆိုပြီး ဒေါသထွက်နေတာပဲ ပါတာပါအဲ့ဒီနောက်မှာ သမီးကို အထင်လွဲပြီး ရိုင်းမိလို့ဆိုပြီး ဟိုကလည်း တောင်းပန်ပါတယ် သမီးတို့ ဘက်ကလည်း အဲ့ကလေးကို တောင်းပန်ပြီးပါပြီ။ နှစ်ဦးနှစ်ဖက်အခု အဆင်ပြေပြီးခါမှ messenger ကနေ video တွေ ထပ်ဖြန့်နေလို့ အစအဆုံးကို ရှင်းပြပြီး ရေးတင်ရတာပါ”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်မှာမှာ ပြောလာ ပါတယ်။

အေးမြဖြူ ကတော့ သူမရဲ့မိဘတွေက အသက် မပြည့်သေးတဲ့ (၁၇) နှစ်အရွယ် ကျောင်းသားလေးကို ကိုယ်ထိလက်ရောက်မှုပြုခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ် ပြန်လည်ရှင်းပြလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: AYE MYA PHYU’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment