Celebrity

သူမနဲ႕အတူတူ Semi Final အထိတက္လွမ္းလာ ခဲ့ျပီးမွ ကံမေကာင္းစြာ နႈတ္ဆက္ ထြက္ခြာသြားရသူ Pan အတြက္ နႈတ္ဆက္ စကားဆို လိုက္တဲ့ ခင္ရတနာစိုး

Written by Ms Cele

သူမနဲ႕အတူတူ Semi Final အထိတက္လွမ္းလာ ခဲ့ျပီးမွ ကံမေကာင္းစြာ နႈတ္ဆက္ ထြက္ခြာသြားရသူ Pan အတြက္ နႈတ္ဆက္ စကားဆို လိုက္တဲ့ ခင္ရတနာစိုး

The Voice Myanmar Season (3) သီခ်င္းဆိုျပိဳင္ပြဲၾကီးကေတာ့ ရက္သတၱပတ္ တစ္ပတ္ ထက္ တစ္တစ္ပတ္ ရင္ခုန္စိတ္လႈပ္ရွားဖို့ေကာင္း လာခဲ့ျပီး အခုဆိုရင္ Semi Final အဆင့္အထိ ေရာက္ရိွ သြားခဲ့ျပီ ျဖစ္ပါတယ္။ မေန့က ဒီဇင္ဘာလ (၁၃) ရက္ေန့မွာေတာ့ Semi Final Live Show ကို ထုတ္လႊင့္ ျပသခဲ့ျပီး Team NiNi မွ ခင္ရတနာစိုး၊ Team KP မွ တြမ္ပီး၊ RZN မွ N OoL ၊ Teaam YC မွ Error တို့က ေနာက္တစ္ဆင့္ကို တက္လွမ္းသြားခဲ့ျပီ ျဖစ္ပါတယ္။ ဒီကေန့ မွာေတာ့ ခင္ရတနာစိုးက သူမရဲ့အတူတူ Team NiNi မွာ အတူတူ ပါဝင္ ယွဥ္ျပိဳင္ခဲ့ျပီး ကံမေကာင္းစြာ နႈတ္ဆက္ ထြက္ခြာသြားရသူ Pan အတြက္ အခုလိုပဲ စိတ္မေကာင္း စကားဆိုလာပါတယ္။

“အရမ္းခ်စ္တယ္ မမပန္။ အရမ္းဖက္ခ်င္လို႔ ဖက္ခ်င္တာထိန္းခ်ဳပ္ရင္း မမကိုႏႈတ္ဆက္ခဲ့တာေလး ႐ိုင္းသလိုျဖစ္သြားခဲ့ရင္ မမပန္ရဲ႕Fanေတြကိုလဲေတာင္းပန္ပါတယ္။ အမွန္တိုင္းေျပာရရင္ ၂ေယာက္ေနျဖစ္တဲ့အခ်ိန္ေတြမွာ ပိုၿပီးသံေယာဇဥ္တြယ္ခဲ့တယ္။ တစ္ဦးတည္းေသာသမီးဘဝေလးေကာ၊ စိတ္ခံစားမႈေကာ အရမ္းတူလို႔ပိုသံေယာဇဥ္တြယ္ခဲ့မိတယ္။ အႀကီးတစ္ေယာက္လိုအၿမဲဆုံးမေပးေတဲ့မမပန္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္🥰” ဆိုျပီး Pan အတြက္ နႈတ္ဆက္စကား ဆိုထားပါတယ္။

ခင္ရတနာစိုး ကေတာ့ Team NiNi ရဲ့ ျပိဳင္ပြဲဝင္တစ္ေယာက္ အေနနဲ့ အျခား အဖြဲ့ေတြက Finalist ေတြနဲ့ ယွဥ္ျပိဳင္ ရေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနာက္အပတ္ ေတြမွာ ခင္ရတနာစိုးကို ဝန္းရံအားေပးၾကဖို့ မေမ့ၾကပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

သူမနဲ့အတူတူ Semi Final အထိတက်လှမ်းလာ ခဲ့ပြီးမှ ကံမကောင်းစွာ နှုတ်ဆက် ထွက်ခွာသွားရသူ Pan အတွက် နှုတ်ဆက် စကားဆို လိုက်တဲ့ ခင်ရတနာစိုး

The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့ ရက်သတ္တပတ် တစ်ပတ် ထက် တစ်တစ်ပတ် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်း လာခဲ့ပြီး အခုဆိုရင် Semi Final အဆင့်အထိ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၁၃) ရက်နေ့မှာတော့ Semi Final Live Show ကို ထုတ်လွှင့် ပြသခဲ့ပြီး Team NiNi မှ ခင်ရတနာစိုး၊ Team KP မှ တွမ်ပီး၊ RZN မှ N OoL ၊ Teaam YC မှ Error တို့က နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ခင်ရတနာစိုးက သူမရဲ့အတူတူ Team NiNi မှာ အတူတူ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ကံမကောင်းစွာ နှုတ်ဆက် ထွက်ခွာသွားရသူ Pan အတွက် အခုလိုပဲ စိတ်မကောင်း စကားဆိုလာပါတယ်။

“အရမ်းချစ်တယ် မမပန်။ အရမ်းဖက်ချင်လို့ ဖက်ချင်တာထိန်းချုပ်ရင်း မမကိုနှုတ်ဆက်ခဲ့တာလေး ရိုင်းသလိုဖြစ်သွားခဲ့ရင် မမပန်ရဲ့Fanတွေကိုလဲတောင်းပန်ပါတယ်။ အမှန်တိုင်းပြောရရင် ၂ယောက်နေဖြစ်တဲ့အချိန်တွေမှာ ပိုပြီးသံယောဇဉ်တွယ်ခဲ့တယ်။ တစ်ဦးတည်းသောသမီးဘဝလေးကော၊ စိတ်ခံစားမှုကော အရမ်းတူလို့ပိုသံယောဇဉ်တွယ်ခဲ့မိတယ်။ အကြီးတစ်ယောက်လိုအမြဲဆုံးမပေးတေဲ့မမပန် ကျေးဇူးအများကြီးတင်ပါတယ်🥰” ဆိုပြီး Pan အတွက် နှုတ်ဆက်စကား ဆိုထားပါတယ်။

ခင်ရတနာစိုး ကတော့ Team NiNi ရဲ့ ပြိုင်ပွဲဝင်တစ်ယောက် အနေနဲ့ အခြား အဖွဲ့တွေက Finalist တွေနဲ့ ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နောက်အပတ် တွေမှာ ခင်ရတနာစိုးကို ဝန်းရံအားပေးကြဖို့ မမေ့ကြပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment