Celebrity


Written by Ms Cele




”ယောက်ျားနဲ့မိန်းမဆိုတည်းကသဘာဝချင်းမတူကြဘူး စိတ်တွေကလည်းမတူကြဘူး… ဒါပေမယ့် အဲ့ဒါကို တကယ်တူအောင် ညှိယူကြရတဲ့ အိမ်ထောင်ဖက်တွေ ဖြစ်တဲ့အတွက်… နှစ်ဖက် မိဘတွေလည်း ဆုံကြရတဲ့ အခြေအနေ လည်းဖြစ်တယ်…အဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကတော့ အရေးကြီးတာက နားလည်မှုပါပဲ”မိဘနဲ့သားသမီးဖြစ်စေ၊ သူငယ်ချင်း အချင်းချင်းဖြစ်စေ၊ အိမ်ထောင်သည်ပဲ ဖြစ်စေ၊ ရည်းစားပဲဖြစ်စေ အားလုံးဟာ နားလည်မှုနဲ့ ချီတက်နေမယ် ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေမမြင်ပဲအချစ်တွေ သာဝင်နေပြီး ဘယ်တော့မှရန်မဖြစ်ပဲ အဆင်ပြေတဲ့ ဆက်ဆံရေး၊ သာယာတဲ့ အိမ်ထောင်ရေးလေးကို ရကြမှာဖြစ်တယ်လို


Credit:Han Nyein Oo

ပြည့်သူ့အချစ်တော် မင်းသမီးကြီးရဲ အိမ်ထောင်ရေး လျှို့ဝှက်ချက်များ

သူမရဲ့အိမ်ထောင်ရေး လျှို့ဝှက်ချက် တွေကို ပြောပြလာတဲ့ တက္ကသိုလ် ဂွမ်းပုံ

ပရိသတ်ကြီးတို့ရေ ဇာတ်ပို့ ဇာတ်ရံ တစ်ဦးဖြစ်တဲ့ ဟာသ မင်းသမီးတက္ကသိုလ် ဂွမ်းပုံကတော့ သူမရဲ့ပီပြင် လှတဲ့ ရယ်ရွှင်ဖွယ် သရုပ်ဆောင် ချက်များနဲ့ ချစ်စရာ အပြုအမူလေး များကြောင့် ပရိသတ်ရဲ့ချစ်ခင်လေးစား မှုကို နှစ်ပေါင်း အတော်ကြာ ရယူသိမ်းပိုက်ထား သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီအင်တာ ဗျူးလေး မှာတော့ တက္ကသိုလ်ဂွမ်းပုံက ကိုဗစ်ကာလ အတွင်း လှုပ်ရှားမှုလေးတွေနဲ့ သာယာတဲ့ အိမ်ထောင်ရေးလေး ကို တည်ဆောက်နိုင်ခဲ့တဲ့ သူမရဲ့လျှို့ဝှက်ချက်လေး ကိုလည်း အများသိအောင် မျှဝေပေးခဲ့ပါတယ်။

အင်တာဗျူးအစပို င်းမှာတော့ တက္ကသိုလ်ဂွမ်းပုံက သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သတ်လို ့ပရိသတ်တွေရဲ့ အထင်အမြင်လွဲခြင်း ခံခဲ့ရပုံကို ပြောပြပါတယ်။ သူမအနေနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာသူမနဲ့ခင်ပွန်းဖြစ်သူရဲ့ လက်ချင်းချိတ်ထားကြတဲ့ ပုံလေးတွေ၊ အခြားရိုနေကြတဲ့ ပုံလေးတွေကို ပုံမှန်တင်ပေးတတ်ပေမယ့်အချို့ပရိသတ်တွေက သူမကို အပျိုကြီးလို့ ထင်မှတ်နေဆဲဖြစ်တယ်လို့ ရယ်မောပြီး ပြောပြပါတယ်။မဂွန်းတို့ရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ “လျှာနဲ့သွား” ဆိုသည့်အတိုင်း တစ်ခါတစ်လေတော့ရန်ဖြစ်ကြတာ၊ စိတ်အနှောင်အယှက်ဖြစ်မိတာလေးတွေ ရှိကြပေမယ့် အပြန်အလှန်နားလည်မှုနဲ့ပဲအိမ်ထောင်တစ်ခုကို သာယာအောင် တည်ဆောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

”ယောကျ်ားနဲ့မိန်းမဆိုတည်းကသဘာဝချင်းမတူကြဘူး စိတ်တွေကလည်းမတူကြဘူး… ဒါပေမယ့် အဲ့ဒါကို တကယ်တူအောင် ညှိယူကြရတဲ့ အိမ်ထောင်ဖက်တွေ ဖြစ်တဲ့အတွက်… နှစ်ဖက် မိဘတွေလည်း ဆုံကြရတဲ့ အခြေအနေ လည်းဖြစ်တယ်…အဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကတော့ အရေးကြီးတာက နားလည်မှုပါပဲ”မိဘနဲ့သားသမီးဖြစ်စေ၊ သူငယ်ချင်း အချင်းချင်းဖြစ်စေ၊ အိမ်ထောင်သည်ပဲ ဖြစ်စေ၊ ရည်းစားပဲဖြစ်စေ အားလုံးဟာ နားလည်မှုနဲ့ ချီတက်နေမယ် ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေမမြင်ပဲအချစ်တွေ သာဝင်နေပြီး ဘယ်တော့မှရန်မဖြစ်ပဲ အဆင်ပြေတဲ့ ဆက်ဆံရေး၊ သာယာတဲ့ အိမ်ထောင်ရေးလေးကို ရကြမှာဖြစ်တယ်လို
ဂွမ်းစိန်က မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

“ကိုယ်ရှေ့အရမ်းရောက် နေရင်လည်း ဘေးနားကတစ်ယောက်ကို တွဲခေါ်ရသလို၊ သူရှေ့ရောက် နေရင်လည်း ကိုယ်ကလည်း မီအောင် လိုက်ရတယ်… အရေးကြီးတာက နားလည်မှုပါပဲ”ပရိသတ်ကြီး တို့ရေ ပြည်သူ့အချစ်တော် ဂွမ်းစိန်လို့ အများကခေါ်ဝေါ်ကြတဲ့ တက္ကသိုလ်ဂွမ်းပုံ ကတော့ ရုပ်ရှင်တွေထဲမှာသာ ချစ်စရာ၊ ခင်စရာကောင်းတာ မဟုတ်ပဲ ပြင်ပဘဝမှာလည်း စိတ်နှလုံးထားလှပတဲ့သူ တစ်ယောက်ဖြစ်တယ် ဆိုတာ အထက်ပါပြောကြားချက်များကို ဖတ်ရှုပြီး သိရှိနိုင်ပါတယ်။ တက္ကသ်ုလ်ဂွမ်းပုံဟာဆိုရင် ခင်ပွန်းဖြစ်သူ နဲ့အတူ သာယာတဲ့အိမ်ထောင်ရေးလေး ကို တည်ဆောက်ထားနိုင်ရုံ မျှမကကိုယ်ပိုင်စီးပွားရေးလေး လုပ်ကိုင်ပြီး ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ပေး နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။အခုလို မေတ္တာတရားပြည့်ဝပြီး ပရဟိတ လုပ်ငန်းတွေမှာ လက်မနှေးပဲ ပါဝင်လှူဒါန်း တတ်တဲ့ ဂွမ်းစိန်အတွက် သာဓုခေါ်ဆို ဂုဏ်ပြုပေးခဲ့ကြပါအုံးနော်။

Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment