Celebrity

သူမရဲ့ေဆးစစ္ခ်က္ အေျဖ အတြက္ ပရိသတ္ႀကီးရဲ့ ေမတၱာနဲ့ ဆုေတာင္း ေပးဖို႔ ေတာင္းဆို လိုက္တဲ့ အလွမယ္ L ေဘာက္ႏူး

Written by Ms Cele

သူမရဲ့ေဆးစစ္ခ်က္ အေျဖ အတြက္ ပရိသတ္ႀကီးရဲ့ ေမတၱာနဲ့ ဆုေတာင္း ေပးဖို႔ ေတာင္းဆို လိုက္တဲ့ အလွမယ္ L ေဘာက္ႏူး

Miss Supranational Myanmar 2015 ရဲ့ First Runner Up ဆုရွင္ တစ္ေယာက္ျဖစ္တဲ့ L ေဘာက္ႏူးကေတာ့ လြန္ခဲ့တဲ့ လက စံျပအလွမယ္ တစ္ေယာက္ပီပီ ကိုဗစ္ကာကြယ္ ကုသေရးစင္တာေတြမွာ လုပ္အားေပးဖို႔ ဆုံးျဖတ္ခဲ့ၿပီး ေဖာင္ႀကီး ကာကြယ္ကုသေရးစင္တာမွာ တာဝန္ထမ္းေဆာင္ ခဲ့ပါတယ္။ L ေဘာက္ႏူးကေတာ့ က်ရာေနရာမွာ လုပ္အားေပးကူဖို႔ ရည္ရြယ္ထားသူ ျဖစ္ေပမယ့္ သူနာျပဳအတတ္ပညာလည္း သင္ၾကားထားဖူးသူမို႔ အကူသူနာျပဳ အေနနဲ႔ ေဖာင္ႀကီးမွာ လုပ္အားေပး ခဲ့တာျဖစ္ပါတယ္။

လုပ္အားေပးေနစဥ္ တေလၽွာက္မွာလည္း ေပ်ာ္ရႊင္တက္ႂကြစြာနဲ႔ တာဝန္ေက်ပြန္ေအာင္ ထမ္းေဆာင္ ခဲ့ၿပီး ဒီေန႔စက္တင္ဘာ(၄) ရက္ေန႔မွာ တစ္လျပည့္ဖို႔တစ္ရက္လို ေသးေပမယ့္ တစ္ေယာက္တည္းခြဲျပန္ရမွာ အဆင္မေျပတာေၾကာင့္ ဒီေန႔(၄) ရက္ေန႔ျပန္မယ့္ အဖြဲ႕နဲ႔ လိုက္ျပန္ေတာ့မွာျဖစ္ေၾကာင္း မၽွေဝခဲ့ပါတယ္။ ေဖာင္ႀကီးကုသေရး စင္တာက လုပ္အားေပးအေတြ႕အၾကဳံေလး ေတြကိုလည္း ေနာက္ေန႔ေတြမွာ ေသခ်ာမၽွေဝေပး သြားဦးပါမယ္တဲ့ ပရိသတ္ႀကီးေရ..

ဒါ့အျပင္ မျပန္ခင္ Swab Test စစ္ေဆးရမွာမို႔ သူ႔အတြက္ သာမက သူနဲ႔အတူျပန္မယ့္အေဖာ္ေတြအတြက္ပါ ေဆးစစ္ခ်က္ ပိုးမေတြ႕ရွိေအာင္ ဆုေတာင္းေပးၾက ဖို႔လည္း ပရိသတ္ႀကီးကို ေတာင္းဆိုခဲ့ ပါေသးတယ္။ ကိုဗစ္ကာကြယ္ ကုသေရးလုပ္ငန္းေတြမွာ တစ္တပ္တစ္အား ပါဝင္နိုင္ဖို႔ ျမတ္နိုးတန္ဖိုးထားရတဲ့ ဆံပင္ရွည္ေတြကိုေတာင္ စြန္႔ပစ္ခဲ့တဲ့ L ေဘာက္ႏူးကေတာ့ တာဝန္ေက်ပြန္တဲ့ နိုင္ငံသားေကာင္း တစ္ေယာက္အျဖစ္ အိမ္ျပန္ေတာ့မွာမို႔ ပိုးမေတြ႕ေအာင္ ပရိသတ္ႀကီးရဲ့ေမတၱာနဲ႔ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

Credit: Cele Gabar

သူမရဲ့ဆေးစစ်ချက် အဖြေ အတွက် ပရိသတ်ကြီးရဲ့ မေတ္တာနဲ့ ဆုတောင်း ပေးဖို့ တောင်းဆို လိုက်တဲ့ အလှမယ် L ဘောက်နူး

Miss Supranational Myanmar 2015 ရဲ့ First Runner Up ဆုရှင် တစ်ယောက်ဖြစ်တဲ့ L ဘောက်နူးကတော့ လွန်ခဲ့တဲ့ လက စံပြအလှမယ် တစ်ယောက်ပီပီ ကိုဗစ်ကာကွယ် ကုသရေးစင်တာတွေမှာ လုပ်အားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဖောင်ကြီး ကာကွယ်ကုသရေးစင်တာမှာ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ L ဘောက်နူးကတော့ ကျရာနေရာမှာ လုပ်အားပေးကူဖို့ ရည်ရွယ်ထားသူ ဖြစ်ပေမယ့် သူနာပြုအတတ်ပညာလည်း သင်ကြားထားဖူးသူမို့ အကူသူနာပြု အနေနဲ့ ဖောင်ကြီးမှာ လုပ်အားပေး ခဲ့တာဖြစ်ပါတယ်။

လုပ်အားပေးနေစဉ် တလျှောက်မှာလည်း ပျော်ရွှင်တက်ကြွစွာနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင် ခဲ့ပြီး ဒီနေ့စက်တင်ဘာ(၄) ရက်နေ့မှာ တစ်လပြည့်ဖို့တစ်ရက်လို သေးပေမယ့် တစ်ယောက်တည်းခွဲပြန်ရမှာ အဆင်မပြေတာကြောင့် ဒီနေ့(၄) ရက်နေ့ပြန်မယ့် အဖွဲ့နဲ့ လိုက်ပြန်တော့မှာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ ဖောင်ကြီးကုသရေး စင်တာက လုပ်အားပေးအတွေ့အကြုံလေး တွေကိုလည်း နောက်နေ့တွေမှာ သေချာမျှဝေပေး သွားဦးပါမယ်တဲ့ ပရိသတ်ကြီးရေ..

ဒါ့အပြင် မပြန်ခင် Swab Test စစ်ဆေးရမှာမို့ သူ့အတွက် သာမက သူနဲ့အတူပြန်မယ့်အဖော်တွေအတွက်ပါ ဆေးစစ်ချက် ပိုးမတွေ့ရှိအောင် ဆုတောင်းပေးကြ ဖို့လည်း ပရိသတ်ကြီးကို တောင်းဆိုခဲ့ ပါသေးတယ်။ ကိုဗစ်ကာကွယ် ကုသရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်နိုင်ဖို့ မြတ်နိုးတန်ဖိုးထားရတဲ့ ဆံပင်ရှည်တွေကိုတောင် စွန့်ပစ်ခဲ့တဲ့ L ဘောက်နူးကတော့ တာဝန်ကျေပွန်တဲ့ နိုင်ငံသားကောင်း တစ်ယောက်အဖြစ် အိမ်ပြန်တော့မှာမို့ ပိုးမတွေ့အောင် ပရိသတ်ကြီးရဲ့မေတ္တာနဲ့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Credit: Cele Gabar

About the author

Ms Cele

Leave a Comment