Celebrity

သူမရဲ့ အခ်စ္ဆုံး သူငယ္ခ်င္းေရမြန္႕အတြက္ ရည္စူးၿပီးေန႕ဆြမ္းကပ္ကာ ေကာင္းမႈကုသိုလ္ျပဳလုပ္ေပးခဲ့တဲ့ သင္ဇာ၀င့္ေက်ာ္

Written by Ms Cele

သူမရဲ့ အခ်စ္ဆုံး သူငယ္ခ်င္းေရမြန္႕အတြက္ ရည္စူးၿပီးေန႕ဆြမ္းကပ္ကာ ေကာင္းမႈကုသိုလ္ျပဳလုပ္ေပးခဲ့တဲ့ သင္ဇာ၀င့္ေက်ာ္

သ႐ုပ္ေဆာင္ ေလာကမွာ ဆယ္စုႏွစ္ ေက်ာ္တိုင္ ပရိသတ္ေတြရဲ့ ခ်စ္ခင္ အားေပးမႈေတြကို ရရွိထားသူ ကေတာ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္ပဲ ျဖစ္ပါတယ္။ သူမဟာ အႏုပညာ အလုပ္ ေတြကို ဝါသနာအရင္းခံကာ ႀကိဳးစားလုပ္ကိုင္ေနသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သူမကို တစ္ေန႔ထက္ တစ္ေန႔ ခ်စ္မဝ ျဖစ္ေနၾကတာပါ ။

သင္ဇာက ဘာသာေရး လည္း အလြန္ကိုင္းရွိုင္းသူ တစ္ေယာက္ ျဖစ္ၿပီး မၾကာခဏ ဆိုသလိုလည္း အလႉအတန္း ေတြကို တတ္နိုင္တဲ့ ဘက္ကေန လႉဒါန္းေပးေလ့ ရွိသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီေန႔ေလး မွာေတာ့ သင္ဇာက သူမရဲ့ အခ်စ္ဆုံး သူငယ္ခ်င္းျဖစ္တဲ့ ကြယ္လြန္သူ ေရမြန္အတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈမ်ားစြာျပဳလုပ္ခဲ့ပါတယ္ ။

သံဃာေတာ္ မ်ားကို ဆြမ္း ဆက္ကပ္ခဲ့တဲ့ အျပင္ ေရစက္ခ် ဆရာေတာ္ ငါးပါးအတြက္ သကၤန္းႏွင့္နဝကမၼ အလႉေလးကိုျပဳလုပ္ ခဲ့ေၾကာင္းကို ” ဒီေန႔ေအာင္ဇမၺဴေက်ာင္းမွာ သူငယ္ခ်င္းတြတ္ပီအတြက္ရည္စူးၿပီး ေန႔ဆြမ္းအလႉ ေရစက္ခ်ဆရာေတာ္ငါးပါး အတြက္ သကၤန္းႏွင့္နဝကမၼ အလႉေလးျပဳလုပ္ ခဲ့ပါတယ္ ဤကုသိုလ္ေကာင္းမႈအစုစုတို႔ကို သူငယ္ခ်င္းေလး တြတ္ပီ ေရာက္ရာအရပ္က သာဓုေခၚနိုင္ပါေစ ” ဆိုတဲ့စာေလးနဲ႔ အတူ အလႉပုံေလးေတြ နဲ႔တကြ ေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္ ။

Credit:Cele Zone
Photo – ThinZar Wint Kyaw

သူမရဲ့ အချစ်ဆုံး သူငယ်ချင်းရေမွန့်အတွက် ရည်စူးပြီးနေ့ဆွမ်းကပ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်ပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် လောကမှာ ဆယ်စုနှစ် ကျော်တိုင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူ ကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာ အလုပ် တွေကို ဝါသနာအရင်းခံကာ ကြိုးစားလုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို တစ်နေ့ထက် တစ်နေ့ ချစ်မဝ ဖြစ်နေကြတာပါ ။

သင်ဇာက ဘာသာရေး လည်း အလွန်ကိုင်းရှိုင်းသူ တစ်ယောက် ဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း အလှူအတန်း တွေကို တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးလေ့ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့လေး မှာတော့ သင်ဇာက သူမရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ကွယ်လွန်သူ ရေမွန်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုများစွာပြုလုပ်ခဲ့ပါတယ် ။

သံဃာတော် များကို ဆွမ်း ဆက်ကပ်ခဲ့တဲ့ အပြင် ရေစက်ချ ဆရာတော် ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးကိုပြုလုပ် ခဲ့ကြောင်းကို ” ဒီနေ့အောင်ဇမ္ဗူကျောင်းမှာ သူငယ်ချင်းတွတ်ပီအတွက်ရည်စူးပြီး နေ့ဆွမ်းအလှူ ရေစက်ချဆရာတော်ငါးပါး အတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ် ခဲ့ပါတယ် ဤကုသိုလ်ကောင်းမှုအစုစုတို့ကို သူငယ်ချင်းလေး တွတ်ပီ ရောက်ရာအရပ်က သာဓုခေါ်နိုင်ပါစေ ” ဆိုတဲ့စာလေးနဲ့ အတူ အလှူပုံလေးတွေ နဲ့တကွ ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ် ။

Credit:Cele Zone
Photo – ThinZar Wint Kyaw

About the author

Ms Cele

Leave a Comment