Celebrity
Written by Ms Cele
သူမရဲ့ အလုပ်နဲ့ ပက်သတ်ပြီး တွေ့ကြုံခဲ့ရတဲ့ လူတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ ခေးဆက်သွင်
ပရိသတ်ကြီးရေ မင်းသမီးချောလေး ခေးဆက်သွင် ကတော့ ဇာတ်လမ်းတွဲတွေ ကတဆင့် အောင်မြင်ကျော်ကြားလာခဲ့ သူလေးဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထင်ရှားလာခဲ့သူ ဖြစ်ပါတယ်။ ခေးဆက်သွင် ကတော့ ဇာတ်လမ်းတွဲတွေမှာ ကျရာ ကာရိုက်တာကို ပြောင်းလဲ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အပြင်ပုံစံလေးကတော့ စိတ်ရှင်းပြီး ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ခံစားချက်နဲ့ ပက်သတ်ပြီး ကွယ်ဝှက်ထားလေ့မရှိတဲ့ ခေးဆက်သွင်က ဒီတစ်ခေါက်မှာလည်း သူမရဲ့ အလုပ်နဲ့ ပက်သတ်ပြီး တွေ့ကြုံခဲ့ရတာတွေကို အခုလိုပဲ ပြောပြလာပါတယ်။
“ငါမရယ်ချင်ဘူးနော်။ အလုပ်မှာ ခံစားချက်တွေ သိပ်ဦးစားပေး လွန်းရင် စံရတစ်သက်၊ ခံရတစ်ဘဝလုံးပဲ။ ကိုယ်ကဘယ်ဘဝက တက်လာတာလဲ အရင်တွေး ဖြည်းဖြည်းစဉ်းစားပေါ့။ အထက်ဖားအောက်ဖိတွေဆိုတာနေရာတိုင်းမှာ တွေ့ရပေမယ့် ကိုယ်တွေ့ကြုံမှ သိရလေခြင်း.. အဆင့်အတန်းဆိုတာ စိတ်ဓါတ်နဲ့ သတ်မှတ်တာမို့ ကိုယ်မယုံကြည်ရင် ဇီးရိုးပါပဲ။ အမျှဝေလိုက်တယ်။ ဘဝဆက်တိုင်း သာဓုခေါ်ခွင့်ကြုံပါစေကွယ်။ တစ်မိသားစုလုံး သူများမိသားစုလို ဒုက္ခမရောက် သက်မပျောက်ပါစေနဲ့။ ဒန်တန်တန်😂😂😂😂😂” ဆိုပြီး ပြောလာ တာပဲ ဖြစ်ပါတယ်။
ခေးဆက်သွင် ကတော့ သူမရဲ့ ခံစားချက်နဲ့ ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောတာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင် တစ်ယောက် တွေ့ကြုံနေရတဲ့ စိတ်ခံစားချက်တွေ အမြန်ဆုံး ပြေလည်ပြီး အလုပ်တွေကိုသာ အာရုံစိုက် ဆက်လုပ်နိုင် ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Khay Sett Thwin’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment