Celebrity
Written by Ms Cele
သူမရဲ့ ဖေ့စ်ဘုတ်အကောင့်ကို အလွဲသုံးစား လုပ်ပြီး မဖွယ်မရာ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေ လိုက်ပို့နေ တာကြောင့် သေသေချာချာ သတိပေး လာတဲ့ မိစန္ဒီ
Rap စာသား အမိုက်စားတွေကို ကိုယ်တိုင် ရေးပြီး ကိုယ်တိုင် သီဆိုတဲ့ မွန်မလေး မိစန္ဒီကတော့ ဂီတလောက ထဲက ရှားရှားပါးပါး Rapper မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိစန္ဒီကတော့ နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုမှာ သာမာန်လူတစ်ယောက် အဖြစ်သာ နေထိုင်တတ် တာကြောင့် ပရိသတ်တွေက ပိုပြီး အချစ်ပိုနေရသူ ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ မိစန္ဒီက သူမရဲ့ ဖေ့စ်ဘုတ် အကောင့်ကို ဟက်ပြီး မဖွယ်မရာဗီဒီယိုတွေ၊ ဓာတ်ပုံတွေ လိုက်ပို့ နေတာကြောင့် သေသေချာချာ သတိပေး လာခဲ့တာကို တွေ့ရပါတယ်။
မိစန္ဒီက “ဟိုတလောက မိစန္ဒီရဲ့ facebook account ကို တစ်ယောက်ယောက် က ဝင်ပါတယ်။ ဟက်ကာပေါ့နော်။ အဲ့ဒီ တစ်ယောက်နဲ့ အတူတူ ပဲလား မသိပေမယ့် gmail ရော google account ကိုပါ နောက်တော့ ဟင်သွားပြီး delete လုပ်ပစ်ပါတယ်။ မျိုးစုံ ကြိုးစားပြီး ပြန်ယူတာ လုံးဝ မရတော့ပါဘူး အခု သူက သူယူသွားပြီး delete ထားတဲ့ မိစန္ဒီ ဟိုးအရင်ထဲက သုံးခဲ့တဲ့ gmail account ကြီးကို ပြန်ဖွင့်ပြီး အလုပ်နဲ့ ပတ်သတ်တဲ့ သူတွေနဲ့ gmail ထဲက contact တွေကို pornographic video တွေ လိုက်ပို့နေပါတယ်။ မိစန္ဒီရဲ့ အရင် email address မှာ မိစန္ဒီ အရင်တစ်ပတ်ကတည်းက အသုံးပြုနေခြင်းမရှိတော့ပါကြောင်းနဲ့ ဒီလို မဖွယ်မရာ video များ ပုံများ ရောက်လာခဲ့ပါက တောင်းပန်ပါတယ်ရှင်။”
“လူတူတူပဲလား မတူလား မသိပေမယ့် အရင် တည်းက ခဏခဏ.. မနေ့ညကအထိ Facebook ကို လည်း တစ်ချိန်လုံး လိုက် ဟင်နေလို့ ဟက်ကာကြီးများ ကိုလည်း ဆက်လက်ပြီး လိုက်ပြီး မ ဟက်ဖို့ တောင်းဆိုချင်ပါတယ်ရှင် အခုချိန်က လူတိုင်းအတွက် စိတ်အခြေအနေ ခက်ခဲနေချိန် ဖြစ်ပါတယ်.. ဘာကြောင့်ပဲလုပ်လုပ် ကိုယ့်ကြောင့် သူတစ်ပါးကို စိတ်အနှောက် အယှက် ဆက်ပြီး မပေးစေလိုပါနော်။ လူသားချင်းစာနာပေးပါလို့ တောင်းပန်ပါရစေ.. အားလုံးကို ကျေးဇူးတင်ပါတယ်။ အစကတော့ ဘာမှ မတင်ပဲ ကိုယ့်ဟာ ကိုယ်လေးကြိတ်ဖြေရှင်းနေတာပါ။ အခု ဒီလိုတွေ လုပ်နေလို့ အသိပေး ရခြင်း ဖြစ်ပါတယ်ရှင်။ အားလုံး စိတ်အနှောက် အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ.. ” ဆိုပြီး သတိပေးလာခဲ့ပါတယ်။
မိစန္ဒီကတော့ သူမလို နာမည်ကြီးဆယ်လီတစ်ယောက်ရဲ့ အကောင့်ကိုအလွဲ သုံးစားလုပ်ပြီး အလုပ်နဲ့ ပက်သတ်သူတွေကို ညစ်ညမ်း ဗီဒီယိုတွေ လိုက်ပို့နေ တာောကာင့် စိတ်အနှောက် အယှက်ဖြစ်နေရတာပဲ ဖြစ်ပါ တယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment