Celebrity
Written by Ms Cele
သူမရဲ့ မွေးနေ့မှာ ကိုယ်တိုင် ပျော်ရွှင်တာထက် သမီးလေး ပျော်ရွှင်တာကို ကြည့်ပြီးပဲ ပီတိဖြစ်နေတဲ့ မျိုးစန္ဒီကျော်
ပရိသတ်ကြီးရေ မင်းသမီးချောလေး မျိုးစန္ဒီကျော်ဟာဆိုရင် ယခုချိန်ထိ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင် ထားတဲ့ သူလေးဖြစ်ပါတယ်နော်။ချစ်စရာ ကောင်းတဲ့ သမီးလေးJewel နဲ့အတူ ဘဝကို ပျော်ရွှင်စွွာ ဖြတ်သန်းနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေက မေမေမျိုးစန္ဒီကျော် ကိုသာမက သမီးလေးကိုပါ ချစ်ပေးနေကြတာကို တွေ့ရပါတယ်နော်။
မနေ့က ဇန်နဝါရီလ (၇) ရက်နေ့ ကတော့ မျိုးစန္ဒီကကျော်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်က သူမရဲ့ မွေးနေ့မှာ ချစ်ခင်ရတဲ့ မိသားစုတွေ နဲ့အတူတူ သမီးလေး Jewel နဲ့ တစ်နေကုန် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ညပိုင်းမှာတော့ သမီးလေး Jewel နဲ့ မွေးနေကိတ်လေး ခွဲခဲ့ပြီး Jewel လေးကလည်း မေမေ့ရဲ့မွေးနေ့မှာ မိသားစုပုံ မွေးနေ့ကိတ်လေးကိုကြည့်ပြီး သဘောကျနေကြောင်းကို မျိုးစန္ဒီကျော်က “Happy Birthday to me 🎁🎂🎀❣️မွေးနေ့က မေမေဂျိုးမွေးနေ့လား.. jewel လေးမွေးနေ့လားမသဲကွဲဘူး 😂😂” ဆိုပြီး ပြောလာပါတယ်။
မျိုးစန္ဒီကျော် ကတော့ သူမရဲ့ မွေးနေ့မှာ ကိုယ်တိုင်ပျော်ရွှင် တာထက် သမီးလေး ပျော်ရွှင်တာကို ကြည့်ပြီးပဲ ပီတိဖြစ်နေရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မျိုးစန္ဒီကျော်တို့ သားအမိနှစ်ယောက် အခုလိုပဲ အမြဲတမ်း ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်။
Source: Myo Sandy Kyaw’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment