Celebrity

သူမရဲ႕ခင္ပြန္းျဖစ္သူ ေရာက္ရာဘံုဘ၀ကေန ကုသိုလ္ေတြရရွိေအာင္ သူ႕ဓာတ္ပံုေလးေဘးနားမွာခ်ၿပီး ေရစက္သြန္းခ်အမွ်ေပးေဝခဲ့တဲ့ ေရႊရည္သိန္းတန္

Written by Ms Cele

သူမရဲ႕ခင္ပြန္းျဖစ္သူ ေရာက္ရာဘံုဘ၀ကေန ကုသိုလ္ေတြရရွိေအာင္ သူ႕ဓာတ္ပံုေလးေဘးနားမွာခ်ၿပီး ေရစက္သြန္းခ်အမွ်ေပးေဝခဲ့တဲ့ ေရႊရည္သိန္းတန္

အဆိုေတာ္ ေရႊရည္သိန္းတန္ဟာ မၾကာေသးခင္ ရက္ပိုင္းေလာက္က ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္ သြားတဲ့ ခင္ပြန္းျဖစ္သူ အတြက္ ေျဖမဆည္ နိုင္ေအာင္ ဝမ္းနည္းေၾကကြဲေနတာ ျဖစ္ပါတယ္။ဘဝထဲကေန အခုလို ႐ုတ္တရက္ ခြဲခြာသြားတဲ့ အတြက္ ဘယ္လိုမွ မယုံနိုင္ေသးတဲ့ အေျခအေန ျဖစ္ေနဆဲ ျဖစ္ပါတယ္။ခင္ပြန္းနဲ႕ ပတ္သက္ၿပီး ဝမ္းနည္းခံစားေနရတာေတြကိုလည္း သူမရဲ့ လူမႈကြန္ယက္မွတစ္ဆင့္ ေရးသားေဝမၽွ ထားတာကိုလည္း ဝမ္းနည္းစြာျဖင့္ ျမင္ေတြ႕ေနရပါတယ္။

မေန႔ကေတာ့ ေရႊရည္သိန္းတန္ရဲ့ ခင္ပြန္း ကြယ္လြန္ သြားတာ တစ္ပတ္တိတိ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္တာေၾကာင့္ေန အိမ္မွာေရာ သူကိုယ္တိုင္ တည္ထားတဲ့ ဘုရားမွာပါ ကုသိုလ္ေကာင္းမႈေတြ တစ္ဝႀကီး လုပ္ေပးထားေၾကာင္းေရးသားထားပါတယ္။သူမျပဳလုပ္တဲ့ ကုသိုလ္မွန္သမၽွကို ခင္ပြန္းျဖစ္သူႏွင့္တကြ ခ်စ္ခင္ရင္းႏွီးရတဲ့ အျခားေသာမိသားစုဝင္ မ်ားလည္း ထပ္တူရၿပီး ေရာဂါကင္းကြာ ခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သ ထားတာ ျဖစ္ပါတယ္။

ေရႊရည္သိန္းတန္ ြတင္ ထားတဲ့ ပို႔စ္ေအာက္ တြင္လည္း သူမျပဳသမၽွ ကုသိုလ္ေတြ အားလုံး ဘဝတစ္ပါးသို႔ ကူးေျပာင္း သြားတဲ့ ကိုေနလ အျပည့္အဝ ရရွိၿပီး သာဓုေခၚဆိုနိုင္မွာ ျဖစ္ေၾကာင္းကို comment မ်ားတြင္ ေရးသားထားၾကပါတယ္။အနားကေန အျမဲအတူရွိေနတဲ့ ခ်စ္ခင္ျမတ္နိုးရသူ တစ္ေယာက္ ဆုံးရႈံးလိုက္ရတဲ့ ခံစားခ်က္ဟာ ဘယ္သူမွႏွစ္သိမ့္ေပးလို႔ ရနိုင္မွာ မဟုတ္ပါဘူး။ကြယ္လြန္သြားၿပီျဖစ္တဲ့ ကိုေနလတစ္ေယာက္ သူ႔ရဲ့ခ်စ္ဇနီး ျပဳလုပ္ေပးတဲ့ ကုသိုလ္ေကာင္းမႈေတြအားလုံးကို ေရာက္ရာဘုံဘဝကေန သာဓုေခၚဆိုနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကိုတင္ဆက္ေပးလိုက္ ရပါတယ္။

Credit

သူမရဲ့ခင်ပွန်းဖြစ်သူ ရောက်ရာဘုံဘဝကနေ ကုသိုလ်တွေရရှိအောင် သူ့ဓာတ်ပုံလေးဘေးနားမှာချပြီး ရေစက်သွန်းချအမျှပေးဝေခဲ့တဲ့ ရွှေရည်သိန်းတန်

အဆိုတော် ရွှေရည်သိန်းတန်ဟာ မကြာသေးခင် ရက်ပိုင်းလောက်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန် သွားတဲ့ ခင်ပွန်းဖြစ်သူ အတွက် ဖြေမဆည် နိုင်အောင် ဝမ်းနည်းကြေကွဲနေတာ ဖြစ်ပါတယ်။ဘဝထဲကနေ အခုလို ရုတ်တရက် ခွဲခွာသွားတဲ့ အတွက် ဘယ်လိုမှ မယုံနိုင်သေးတဲ့ အခြေအနေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ခင်ပွန်းနဲ့ ပတ်သက်ပြီး ဝမ်းနည်းခံစားနေရတာတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ရေးသားဝေမျှ ထားတာကိုလည်း ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။

မနေ့ကတော့ ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်း ကွယ်လွန် သွားတာ တစ်ပတ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်တာကြောင့်နေ အိမ်မှာရော သူကိုယ်တိုင် တည်ထားတဲ့ ဘုရားမှာပါ ကုသိုလ်ကောင်းမှုတွေ တစ်ဝကြီး လုပ်ပေးထားကြောင်းရေးသားထားပါတယ်။သူမပြုလုပ်တဲ့ ကုသိုလ်မှန်သမျှကို ခင်ပွန်းဖြစ်သူနှင့်တကွ ချစ်ခင်ရင်းနှီးရတဲ့ အခြားသောမိသားစုဝင် များလည်း ထပ်တူရပြီး ရောဂါကင်းကွာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သ ထားတာ ဖြစ်ပါတယ်။

ရွှေရည်သိန်းတန် ွတင် ထားတဲ့ ပို့စ်အောက် တွင်လည်း သူမပြုသမျှ ကုသိုလ်တွေ အားလုံး ဘဝတစ်ပါးသို့ ကူးပြောင်း သွားတဲ့ ကိုနေလ အပြည့်အဝ ရရှိပြီး သာဓုခေါ်ဆိုနိုင်မှာ ဖြစ်ကြောင်းကို comment များတွင် ရေးသားထားကြပါတယ်။အနားကနေ အမြဲအတူရှိနေတဲ့ ချစ်ခင်မြတ်နိုးရသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ဟာ ဘယ်သူမှနှစ်သိမ့်ပေးလို့ ရနိုင်မှာ မဟုတ်ပါဘူး။ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေလတစ်ယောက် သူ့ရဲ့ချစ်ဇနီး ပြုလုပ်ပေးတဲ့ ကုသိုလ်ကောင်းမှုတွေအားလုံးကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

Credit

About the author

Ms Cele

Leave a Comment