Celebrity

သူမရဲ႕ခိုင္မိသားစုေဂဟာတြင္ ယေန႕ညေနမွာ ကေလးမိခင္တစ္ဦးလွ်င္ ႏို႕မွဳန္႕ (၂)ဗူးစီ လာေရာက္ထုတ္ယူႏိုင္ေၾကာင္း ေျပာလိုက္တဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

သူမရဲ႕ခိုင္မိသားစုေဂဟာတြင္ ယေန႕ညေနမွာ ကေလးမိခင္တစ္ဦးလွ်င္ ႏို႕မွဳန္႕ (၂)ဗူးစီ လာေရာက္ထုတ္ယူႏိုင္ေၾကာင္း ေျပာလိုက္တဲ့ ခိုင္ႏွင္းေ၀

ပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝ ကေတာ့ ပရဟိတ လုပ္ငန္းေတြ ကို ကိုယ္က်ိဳးစြန႔္ကာ ျပဳလုပ္ေန ခဲ့တာကို ပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာ ပါေနာ္။ ကေလးေတြရဲ့ အနာဂတ္ အတြက္ လည္း အမ်ားႀကီး ႀကိဳးစားသလို လိုအပ္တဲ့ ေနရာေတြမွာလည္း ကူညီေပးတဲ့အျပင္ ပရဟိတေလးေတြလည္း လုပ္တတ္တာမို႔ သူမကို ခ်စ္ခင္ အားေပးတဲ့ ပရိသတ္ေတြ ပိုမိုမ်ားျပားလာခဲ့ပါတယ္။

ဒီလိုကာလေတြ မွာလည္း အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြ ဆီကို ကိုယ္တိုင္ သြားေရာက္ကာ ကူညီ လႉဒါန္းမႈေတြကို ေတာက္ေလၽွာက္ လုပ္ေပးေနတာလည္းျဖစ္ပါတယ္။ မၾကာခင္ ရက္ပိုင္းကလည္း အမွန္တကယ္ နို႔မႈန႔္ လိုအပ္ေနတဲ့ ကေလးမိခင္ေတြအတြက္ Nature One ကလႉဒါန္းလာတဲ့ နို႔မႈန႔္ဗူး (၅၀၀၀) ကို ျပန္လည္ေဝမၽွေပးမယ့္ အေၾကာင္းေလး ေဖာ္ျပထားခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ကေလးမိခင္ တစ္ဦးကို နို႔မႈန႔္ (၂) ဗူးစီ သူမရဲ့ ခိုင္ႏွင္းေဝ ကေလးမ်ား ေဂဟာမွာ မနက္ဖန္ကစၿပီး မည္သည့္အဖြဲ႕ အစည္း ၊ မည္သူ မဆို လာေရာက္ ထုတ္ယူနိုင္ၿပီ ျဖစ္ေၾကာင္း ကို ” (၁.၆.၂၀၂၁ )ညေန (၃) နာရီမွ (၅) နာရီၾကား တြင္အမွတ္ (၈၆၃) ၊ ေခမာလမ္း၊ (၄၃)ရပ္ကြက္ ေျမာက္ဒဂုံ “ခိုင္ႏွင္းေဝ ” ရင္ေသြးေလးမ်ား ေဂဟာမွာ ကေလးတစ္ဦးလၽွင္ နို႔မႈန႔္ (၂) ဗူးစီ လႉဒါန္းေပးသြားပါမည္ရွင္..

ပရဟိတ ဖုန္းမ်ားမွာ ဆက္တဲ့ သူ အရမ္းမ်ားၿပီး ေျဖရတာ မနိုင္ပဲ အခက္အခဲ ရွိပါေသာေၾကာင့္ post တင္ေပးလိုက္ ပါတယ္ရွင္..လိုအပ္သူမ်ား မနက္ျဖန္ “ခိုင္” ေဂဟာမွာ လာေရာက္ ယူနိုင္ပါတယ္ရွင္.” ဆိုၿပီး ေရးသားေဝမၽွထားရာ ကေလး နို႔မႈန႔္ အမွန္တကယ္ အခက္အခဲ ျဖစ္ေနသူေတြ အတြက္ သတင္းေကာင္းေလး ေဝမၽွေပး လိုက္ပါတယ္။

crd : Myanmar Load

သူမရဲ့ခိုင်မိသားစုဂေဟာတွင် ယနေ့ညနေမှာ ကလေးမိခင်တစ်ဦးလျှင် နို့မှုန့် (၂)ဗူးစီ လာရောက်ထုတ်ယူနိုင်ကြောင်း ပြောလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေ ကတော့ ပရဟိတ လုပ်ငန်းတွေ ကို ကိုယ်ကျိုးစွန့်ကာ ပြုလုပ်နေ ခဲ့တာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာ ပါနော်။ ကလေးတွေရဲ့ အနာဂတ် အတွက် လည်း အများကြီး ကြိုးစားသလို လိုအပ်တဲ့ နေရာတွေမှာလည်း ကူညီပေးတဲ့အပြင် ပရဟိတလေးတွေလည်း လုပ်တတ်တာမို့ သူမကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။

ဒီလိုကာလတွေ မှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ ဆီကို ကိုယ်တိုင် သွားရောက်ကာ ကူညီ လှူဒါန်းမှုတွေကို တောက်လျှောက် လုပ်ပေးနေတာလည်းဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်းကလည်း အမှန်တကယ် နို့မှုန့် လိုအပ်နေတဲ့ ကလေးမိခင်တွေအတွက် Nature One ကလှူဒါန်းလာတဲ့ နို့မှုန့်ဗူး (၅၀၀၀) ကို ပြန်လည်ဝေမျှပေးမယ့် အကြောင်းလေး ဖော်ပြထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ကလေးမိခင် တစ်ဦးကို နို့မှုန့် (၂) ဗူးစီ သူမရဲ့ ခိုင်နှင်းဝေ ကလေးများ ဂေဟာမှာ မနက်ဖန်ကစပြီး မည်သည့်အဖွဲ့ အစည်း ၊ မည်သူ မဆို လာရောက် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ကို ” (၁.၆.၂၀၂၁ )ညနေ (၃) နာရီမှ (၅) နာရီကြား တွင်အမှတ် (၈၆၃) ၊ ခေမာလမ်း၊ (၄၃)ရပ်ကွက် မြောက်ဒဂုံ “ခိုင်နှင်းဝေ ” ရင်သွေးလေးများ ဂေဟာမှာ ကလေးတစ်ဦးလျှင် နို့မှုန့် (၂) ဗူးစီ လှူဒါန်းပေးသွားပါမည်ရှင်..

ပရဟိတ ဖုန်းများမှာ ဆက်တဲ့ သူ အရမ်းများပြီး ဖြေရတာ မနိုင်ပဲ အခက်အခဲ ရှိပါသောကြောင့် post တင်ပေးလိုက် ပါတယ်ရှင်..လိုအပ်သူများ မနက်ဖြန် “ခိုင်” ဂေဟာမှာ လာရောက် ယူနိုင်ပါတယ်ရှင်.” ဆိုပြီး ရေးသားဝေမျှထားရာ ကလေး နို့မှုန့် အမှန်တကယ် အခက်အခဲ ဖြစ်နေသူတွေ အတွက် သတင်းကောင်းလေး ဝေမျှပေး လိုက်ပါတယ်။

crd : Myanmar Load

About the author

Ms Cele

Leave a Comment