Celebrity

သူမရဲ႕”ခိုင္မီးအိမ္” စာၾကည့္တိုက္ေလး သို႔ လႉဒါန္းေပးထားေသာ စာအုပ္မ်ားကို သြားေရာက္ ျဖည့္ေပးခဲ့တဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

သူမရဲ႕”ခိုင္မီးအိမ္” စာၾကည့္တိုက္ေလး သို႔ လႉဒါန္းေပးထားေသာ စာအုပ္မ်ားကို သြားေရာက္ ျဖည့္ေပးခဲ့တဲ့ ခိုင္ႏွင္းေ၀

မင္းသမီး ခိုင္ႏွင္းေဝ ကေတာ့ အႏုပညာေလာကမွာ အခ်ိန္အေတာ္ၾကာ ရပ္တည္ ေအာင္ျမင္ ေနတာ ျဖစ္ၿပီး ပရဟိတအလုပ္ေတြ ကိုပါ ဆက္တိုက္ လုပ္ ေဆာင္ေနတာေၾကာင့္ သူမကို ခ်စ္စနိုးနဲ႔ ေမတၱာရွင္မေလး လို႔ေတာင္ ေခၚေနၾကတာလည္း ေတြ႕ရပါတယ္။ ခိုင္ႏွင္းေဝက ရင္ေသြးေလးမ်ားေဂဟာ ကိုလည္း တည္ေထာင္ထားတာ သလို အခုလိုအခ်ိန္မ်ိဳးတြင္ အမွန္တကယ္ စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူေတြကိုလည္း နိုင္သေလာက္ လိုက္လံ လႉဒါန္းမႈေတြကို ျပဳလုပ္ေနသူ ပဲျဖစ္ပါတယ္။

ခိုင္ႏွင္းေဝက လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနတြင္လည္း ျပည္သူလူထုနဲ႔ အတူ ႀကိဳးစားပါဝင္ လႈပ္ရွားသလို အခက္အခဲ ျဖစ္ေနတဲ့ သူေတြကိုလည္း ကိုယ္တိုင္သြားေရာက္ကာ ကူညီေဖးမ ေပးေနတာလည္း ေတြ႕ရပါတယ္။ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေနသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ေလးစားအားက်ေနၾကတာပါ။

အခုလည္း “ေအာင္ေဇယ်ာမင္း” ပရဟိတ စာသင္တိုက္ ႀကီးမွာ သူလႉဒါန္းတဲ့ စာၾကည့္တိုက္ေလး အတြက္ လႉဒါန္းေပးၾကတဲ့ စာအုပ္ေလးေတြ ကို သြားေရာက္ ျဖည့္ေပးျဖစ္ခဲ့ေၾကာင္းေဖာ္ျပထားတာျဖစ္ပါတယ္။ ” “ခိုင္မီးအိမ္” စာၾကည့္တိုက္ေလး သို႔ လႉဒါန္းေပးထားေသာ စာအုပ္မ်ား သြားေရာက္ ျဖည့္ျဖစ္ခဲ့ပါတယ္..”ေအာင္ေဇယ်ာမင္း” ပရဟိတ စာသင္တိုက္ ႀကီးမွာ တက္ေရာက္တဲ့ကေလး ေထာင္ေက်ာ္ ရွိပါတယ္..စာၾကည့္တိုက္ေလး ရွိတဲ့ အတြက္ ကေလးေတြ အဆင္ေျပၿပီး အေဝးႀကီးမွာ သြား ဌားစရာ မလိုေတာ့ပါဘူးရွင္..က်မရဲ့ စာၾကည့္တိုက္ေလးသို႔ စာအုပ္မ်ား လဲ ဆက္သြယ္ လႉဒါန္းေပးနိုင္ေၾကာင္း နိဗၺာန္ေဆာ္ေလး လုပ္ပါရေစရွင္.. (ေက်ာင္းစိမ္းႏွင့္ ကေလးပုံမ်ားမွာ အရင္ႏွစ္က ျဖစ္ၿပီး က်မပုံကေတာ့ ဒီေန႔ပုံ ျဖစ္ပါတယ္..)” စာေလးကိုလည္း ပုံေလးေတြနဲ႔အတူ ေရးသားထားရာ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Hnin Wai

သူမရဲ့”ခိုင်မီးအိမ်” စာကြည့်တိုက်လေး သို့ လှူဒါန်းပေးထားသော စာအုပ်များကို သွားရောက် ဖြည့်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီး ခိုင်နှင်းဝေ ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည် အောင်မြင် နေတာ ဖြစ်ပြီး ပရဟိတအလုပ်တွေ ကိုပါ ဆက်တိုက် လုပ် ဆောင်နေတာကြောင့် သူမကို ချစ်စနိုးနဲ့ မေတ္တာရှင်မလေး လို့တောင် ခေါ်နေကြတာလည်း တွေ့ရပါတယ်။ ခိုင်နှင်းဝေက ရင်သွေးလေးများဂေဟာ ကိုလည်း တည်ထောင်ထားတာ သလို အခုလိုအချိန်မျိုးတွင် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကိုလည်း နိုင်သလောက် လိုက်လံ လှူဒါန်းမှုတွေကို ပြုလုပ်နေသူ ပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွင်လည်း ပြည်သူလူထုနဲ့ အတူ ကြိုးစားပါဝင် လှုပ်ရှားသလို အခက်အခဲ ဖြစ်နေတဲ့ သူတွေကိုလည်း ကိုယ်တိုင်သွားရောက်ကာ ကူညီဖေးမ ပေးနေတာလည်း တွေ့ရပါတယ်။ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။

အခုလည်း “အောင်ဇေယျာမင်း” ပရဟိတ စာသင်တိုက် ကြီးမှာ သူလှူဒါန်းတဲ့ စာကြည့်တိုက်လေး အတွက် လှူဒါန်းပေးကြတဲ့ စာအုပ်လေးတွေ ကို သွားရောက် ဖြည့်ပေးဖြစ်ခဲ့ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။ ” “ခိုင်မီးအိမ်” စာကြည့်တိုက်လေး သို့ လှူဒါန်းပေးထားသော စာအုပ်များ သွားရောက် ဖြည့်ဖြစ်ခဲ့ပါတယ်..”အောင်ဇေယျာမင်း” ပရဟိတ စာသင်တိုက် ကြီးမှာ တက်ရောက်တဲ့ကလေး ထောင်ကျော် ရှိပါတယ်..စာကြည့်တိုက်လေး ရှိတဲ့ အတွက် ကလေးတွေ အဆင်ပြေပြီး အဝေးကြီးမှာ သွား ဌားစရာ မလိုတော့ပါဘူးရှင်..ကျမရဲ့ စာကြည့်တိုက်လေးသို့ စာအုပ်များ လဲ ဆက်သွယ် လှူဒါန်းပေးနိုင်ကြောင်း နိဗ္ဗာန်ဆော်လေး လုပ်ပါရစေရှင်.. (ကျောင်းစိမ်းနှင့် ကလေးပုံများမှာ အရင်နှစ်က ဖြစ်ပြီး ကျမပုံကတော့ ဒီနေ့ပုံ ဖြစ်ပါတယ်..)” စာလေးကိုလည်း ပုံလေးတွေနဲ့အတူ ရေးသားထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment