Celebrity


Written by Ms Cele





Credit

သူမရဲ့ချစ်စရာသမီးငယ်လေးကို ထမင်းစကျွေးကာ အားရပါးရစားနေတဲ့ သမီးလေးကြောင့် ပီတိဖြစ်နေရတဲ့ ချမ်းချမ်းရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းဟာ သူ့ရဲ့ သမီးလေးကို နေ့စဉ်အရိပ် တကြည့်ကြည့်နဲ့ နေတတ်သူပါပဲနော်။ခင်ပွန်း ကိုယ်တိုင် ကလည်း ဇနီးနဲ့ သမီးလေး လိုအပ်တာမှန်သမျှ အကုန်လုပ်ပေး တာကြောင့် ချမ်းချမ်းတစ်ယောက် ဒီတစ်ခေါက် အိမ်ထောင်ရေး ကံကောင်းတယ်လို့ ဆိုရမှာပါနော်။

သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ နေတဲ့ ချမ်းချမ်းဟာ အခုလည်း ထမင်းစစားတော့မှာ ဖြစ်တဲ့Pilar လေးကို ဂရုတစိုက်ကျွေးနေတဲ့ ဗီဒီယိုဖိုင်လေး တင်ထားပါတယ်နော်။ ” Pilar လေးရဲ့ပထမဆုံး အဟာရမှုန့်အနှစ် စစားတဲ့နေ့လေး သမီးလေး ၃လနဲ့ရက်၂ဝမှာ ပြောင်းမှုန့်အနှစ် ဂျုံစပါးအမှုန် ့နှစ်ရောပြီးကျွေးရတာပါအရမ်းကြိုက်နေတာ❤️❤️❤️

ဆရာဝန်ပြောတဲ့ အတိုင်း ကျွေးရတာ ဒီနေ့မုန်လာဥနီရယ် ဖရုံသီးရယ် မိနစ် ၃ဝလောက်ပြုတ်ပီး blender နဲ့ချေပီးကျွေးရပါတယ် နေ့လယ်စာအဖြစ် နောက်တစ်ခေါက် ကျွေးရပါမယ်မေမေတွေ အပျော်ဆုံးနေ့ပေါ့ ကလေးတွေပထမဆုံးစပြီးစားတဲ့နေ့ဆို❤️❤️” လို့သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားပါ တယ်နော်။

Credit

About the author

Ms Cele

Leave a Comment