Celebrity

သူမရဲ႕ဆရာသမားေတြကို သတိတရနဲ႕ သြားေရာက္ကာ ဂါရဝျပဳခဲ့တဲ့ ျမတ္သူသူ

Written by Ms Cele

သူမရဲ႕ဆရာသမားေတြကို သတိတရနဲ႕ သြားေရာက္ကာ ဂါရဝျပဳခဲ့တဲ့ ျမတ္သူသူ

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ျမတ္သူသူ ကေတာ့ လတ္တေလာမွာ အႏုပညာ အလုပ္ေတြ ရပ္နားထားရခ်ိန္မွာေတာင္ သူ႔ကို အႏုပညာေလာကထဲမွာ ေနရာတစ္ေနရာရတဲ့ အထိ ရပ္တည္နိုင္ေအာင္ သင္ၾကားျပသေပးခဲ့တဲ့ ဆရာသမားေတြကို တတ္နိုင္သေလာက္ လိုက္လံဂါရဝျပဳေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္အနည္းငယ္ ကလည္း သူရဲ့ဆရာသမားေတြ ျဖစ္တဲ့ ဦးၿငိမ္းမင္းတို႔ ကိုလည္း သြားေရာက္ဂါရဝျပဳခဲ့ၿပီး လတ္တေလာ မွာလည္း ဦးဟိန္းစိုးနဲ႔ ဒါရိုက္တာေမာင္သီ တို႔ကိုလည္း သြားေရာက္ေတြ႕ဆုံဂါရဝျပဳကန္ေတာ့ ခဲ့ပါေသးတယ္။ ဦးဟိန္းစိုးကေတာ့ ျမတ္သူသူတစ္ေယာက္ ပရိသတ္ေတြ လက္ခံလာေအာင္ ျမညိဳဆိုတဲ့ ဇာတ္ေကာင္တစ္ခုအေနနဲ႔ ႀကိဳးစားခြင့္ေပးခဲ့ၿပီး ျမညိဳဆိုတဲ့ နာမည္ေလး ပရိသတ္ေတြရဲ့ရင္ထဲေရာက္ေအာင္ သြန္သင္ဆုံးမေပးခဲ့တဲ့ ဆရာတစ္ေယာက္ျဖစ္ေၾကာင္း အမွတ္တရေတြကိုလည္းျပန္လည္ေျပာျပထားခဲ့ပါေသးတယ္။

ဆရာဦးသီနဲ႔ ဂါရဝျပဳသြားေရာက္ ကန္ေတာ့ခဲ့တဲ့ ပုံရိပ္ေလးေတြနဲ႔အတူ သြန္သင္ဆုံးမေပး ခဲ့တဲ့ အမွတ္တရေတြ ကိုလည္း ျမတ္သူသူကေဖာ္ျပထား ခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ျမတ္သူသူကေတာ့ အခုလို အႏုပညာအလုပ္ေတြ ရပ္နားထားခ်ိန္မွာေတာင္ သတိတရနဲ႔ ဆရာသမားေတြကို သြားေရာက္ဂါရဝျပဳခဲ့တဲ့ တပည့္လိမၼာေလးပါပဲေနာ္။

Source – Myat Thu Thu
Credit:Cele Zone

သူမရဲ့ဆရာသမားတွေကို သတိတရနဲ့ သွားရောက်ကာ ဂါရဝပြုခဲ့တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မြတ်သူသူ ကတော့ လတ်တလောမှာ အနုပညာ အလုပ်တွေ ရပ်နားထားရချိန်မှာတောင် သူ့ကို အနုပညာလောကထဲမှာ နေရာတစ်နေရာရတဲ့ အထိ ရပ်တည်နိုင်အောင် သင်ကြားပြသပေးခဲ့တဲ့ ဆရာသမားတွေကို တတ်နိုင်သလောက် လိုက်လံဂါရဝပြုနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ် ကလည်း သူရဲ့ဆရာသမားတွေ ဖြစ်တဲ့ ဦးငြိမ်းမင်းတို့ ကိုလည်း သွားရောက်ဂါရဝပြုခဲ့ပြီး လတ်တလော မှာလည်း ဦးဟိန်းစိုးနဲ့ ဒါရိုက်တာမောင်သီ တို့ကိုလည်း သွားရောက်တွေ့ဆုံဂါရဝပြုကန်တော့ ခဲ့ပါသေးတယ်။ ဦးဟိန်းစိုးကတော့ မြတ်သူသူတစ်ယောက် ပရိသတ်တွေ လက်ခံလာအောင် မြညိုဆိုတဲ့ ဇာတ်ကောင်တစ်ခုအနေနဲ့ ကြိုးစားခွင့်ပေးခဲ့ပြီး မြညိုဆိုတဲ့ နာမည်လေး ပရိသတ်တွေရဲ့ရင်ထဲရောက်အောင် သွန်သင်ဆုံးမပေးခဲ့တဲ့ ဆရာတစ်ယောက်ဖြစ်ကြောင်း အမှတ်တရတွေကိုလည်းပြန်လည်ပြောပြထားခဲ့ပါသေးတယ်။

ဆရာဦးသီနဲ့ ဂါရဝပြုသွားရောက် ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ သွန်သင်ဆုံးမပေး ခဲ့တဲ့ အမှတ်တရတွေ ကိုလည်း မြတ်သူသူကဖော်ပြထား ခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မြတ်သူသူကတော့ အခုလို အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာတောင် သတိတရနဲ့ ဆရာသမားတွေကို သွားရောက်ဂါရဝပြုခဲ့တဲ့ တပည့်လိမ္မာလေးပါပဲနော်။

Source – Myat Thu Thu
Credit:Cele Zone

About the author

Ms Cele

Leave a Comment