Celebrity

သူမရဲ႕မိခင္ျဖစ္သူ ရွိစဥ္ကအသံုးျပဳခဲ့တဲ့ ကုတင္နဲ႔ ဝွီးခ်ဲေလးကို လိုအပ္တဲ့သူေတြအတြက္ လႉဒါန္းသြားမယ္ဆိုတဲ့ ခြန္းဆင့္ေနျခည္

Written by Ms Cele

သူမရဲ႕မိခင္ျဖစ္သူ ရွိစဥ္ကအသံုးျပဳခဲ့တဲ့ ကုတင္နဲ႔ ဝွီးခ်ဲေလးကို လိုအပ္တဲ့သူေတြအတြက္ လႉဒါန္းသြားမယ္ဆိုတဲ့ ခြန္းဆင့္ေနျခည္

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ခြန္းဆင့္ေနျခည္ ကေတာ့ မၾကာေသးခင္ကဆုံးပါး သြားတဲ့ သူ႔ရဲ့မိခင္ႀကီးကို လြမ္းဆြတ္တမ္းတ သတိရေနတဲ့ အေၾကာင္း သူ႔ရဲ့လူမႈ ကြန္ရက္စာမ်က္ႏွာကေန ရင္ဖြင့္လာခဲ့ ပါတယ္။ မိခင္ႀကီး ကြယ္လြန္သြားၿပီး တဲ့ေနာက္ ခံစားေနရတဲ့ သူရဲ့ခံစားရတာေတြနဲ႔ ပတ္သက္လို႔လည္း

“ကိုယ္ခ်စ္ခင္ရဆုံး ကိုယ့္ရဲ့အနီးကပ္ဆုံး လူေတြ ကိုယ္နဲ႔ ခြဲခြာသြားၾကတဲ့ အခါ ဘယ္လိုႀကီးမွန္းကို မသိတဲ့ ခံစားခ်က္ေတြနဲ႔ အခ်ိန္တိုင္းမွာ ေၾကကြဲစြာနဲ႔ ရင္ကြဲၾကရပါတယ္။ အေမ့ကို တန္ဖိုးထားသူ တစ္ေယာက္အေနနဲ႔အေမ့ကို တမ္းတမိတယ္ ေန႔စဥ္ေန႔တိုင္း သတိရတယ္ ။အေမ့အခန္းထဲကို CCTV နဲ႔ၾကည့္ၿပီး စကားေျပာေနက် ခုေတာ့ သမီးေန႔တိုင္းၾကည့္ေနေသာ္လည္းအေမ့ကို မေတြ႕ရေတာ့ဘူး ။” ဆိုၿပီးေတာ့လည္း ေန႔တိုင္းမိခင္ႀကီးကို သတိရလြမ္းဆြတ္ ေနေၾကာင္းနဲ႔ အတူ မိခင္ႀကီး ရွိစဥ္က အသုံးျပဳခဲ့တဲ့ ဝွီးခ်ဲေလးနဲ႔ ကုတင္ေလးကိုလည္း လႉဒါန္းသြားခ်င္ေၾကာင္းကိုလည္း ေဖာ္ျပထားခဲ့ပါတယ္။

“အေမ့အတြက္လႉလိုက္ခ်င္ပါတယ္ ဝယ္တုန္းကေတာ့ ၁၂ သိန္းေက်ာ္ေပးရပါတယ္ ေမာ္တာတပ္ အတင္အခ်လုပ္လို႔ရပါတယ္” ဆိုၿပီး တကယ္လိုအပ္ေနတဲ့ အလႉခံပုဂၢိဳလ္အတြက္ပဲျဖစ္ျဖစ္ ေဆး႐ုံတစ္ခုခုကိုပဲျဖစ္ျဖစ္ လႉဒါန္းေပးခ်င္ပါတယ္တဲ့။ မြန္ျမတ္လွတဲ့ ခြန္းဆင့္ေနျခည္နဲ႔ လႉဒါန္းမႈကို သူ႔ရဲ့မိခင္ႀကီးကလည္း ေကာင္းရာဘုံဘဝကေန ဝမ္းသာပီတိျဖစ္ၿပီး သာဓုေခၚဆိုေနမွာ အေသအခ်ာပါပဲေနာ္။

Source – Khunn Sint Nay Chi
Credit:Cele Zone

သူမရဲ့မိခင်ဖြစ်သူ ရှိစဉ်ကအသုံးပြုခဲ့တဲ့ ကုတင်နဲ့ ဝှီးချဲလေးကို လိုအပ်တဲ့သူတွေအတွက် လှူဒါန်းသွားမယ်ဆိုတဲ့ ခွန်းဆင့်နေခြည်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချော ခွန်းဆင့်နေခြည် ကတော့ မကြာသေးခင်ကဆုံးပါး သွားတဲ့ သူ့ရဲ့မိခင်ကြီးကို လွမ်းဆွတ်တမ်းတ သတိရနေတဲ့ အကြောင်း သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ ပါတယ်။ မိခင်ကြီး ကွယ်လွန်သွားပြီး တဲ့နောက် ခံစားနေရတဲ့ သူရဲ့ခံစားရတာတွေနဲ့ ပတ်သက်လို့လည်း

“ကိုယ်ချစ်ခင်ရဆုံး ကိုယ့်ရဲ့အနီးကပ်ဆုံး လူတွေ ကိုယ်နဲ့ ခွဲခွာသွားကြတဲ့ အခါ ဘယ်လိုကြီးမှန်းကို မသိတဲ့ ခံစားချက်တွေနဲ့ အချိန်တိုင်းမှာ ကြေကွဲစွာနဲ့ ရင်ကွဲကြရပါတယ်။ အမေ့ကို တန်ဖိုးထားသူ တစ်ယောက်အနေနဲ့အမေ့ကို တမ်းတမိတယ် နေ့စဉ်နေ့တိုင်း သတိရတယ် ။အမေ့အခန်းထဲကို CCTV နဲ့ကြည့်ပြီး စကားပြောနေကျ ခုတော့ သမီးနေ့တိုင်းကြည့်နေသော်လည်းအမေ့ကို မတွေ့ရတော့ဘူး ။” ဆိုပြီးတော့လည်း နေ့တိုင်းမိခင်ကြီးကို သတိရလွမ်းဆွတ် နေကြောင်းနဲ့ အတူ မိခင်ကြီး ရှိစဉ်က အသုံးပြုခဲ့တဲ့ ဝှီးချဲလေးနဲ့ ကုတင်လေးကိုလည်း လှူဒါန်းသွားချင်ကြောင်းကိုလည်း ဖော်ပြထားခဲ့ပါတယ်။

“အမေ့အတွက်လှူလိုက်ချင်ပါတယ် ဝယ်တုန်းကတော့ ၁၂ သိန်းကျော်ပေးရပါတယ် မော်တာတပ် အတင်အချလုပ်လို့ရပါတယ်” ဆိုပြီး တကယ်လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်အတွက်ပဲဖြစ်ဖြစ် ဆေးရုံတစ်ခုခုကိုပဲဖြစ်ဖြစ် လှူဒါန်းပေးချင်ပါတယ်တဲ့။ မွန်မြတ်လှတဲ့ ခွန်းဆင့်နေခြည်နဲ့ လှူဒါန်းမှုကို သူ့ရဲ့မိခင်ကြီးကလည်း ကောင်းရာဘုံဘဝကနေ ဝမ်းသာပီတိဖြစ်ပြီး သာဓုခေါ်ဆိုနေမှာ အသေအချာပါပဲနော်။

Source – Khunn Sint Nay Chi
Credit:Cele Zone

About the author

Ms Cele

Leave a Comment