Celebrity


Written by Ms Cele





Source: Awin Lay
Credit:Cele World

သူမရဲ့သားလေးမွေးနေ့မှာ အလှူအတန်းလေးပြုလုပ်ပြီး ကောင်းမှုကုသိုလ်ပြုခဲ့တဲ့ သရုပ်ဆောင် သဇင်

တစ်ချိန်က လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ No အဖွဲ့ထဲက သဇင်ကိုတော့ လူတိုင်းသိကြမယ် ထင်ပါတယ်နော်.. သဇင်က ချိုသာတဲ့အသံလေးနဲ့ သီချင်းဆိုတတ်တဲ့အပြင် စတိုင်လ်ကလည်း မိမိုက်နေတာကြောင့် မိန်းကလေးတွေရဲ့အိုင်ဒေါဆိုရင်လည်း မမှားပါဘူးနော်.

နောက်ပိုင်းမှာတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်မှုတွေကြောင့် အဖွဲ့ကွဲသွားပြီး တစ်ယောက်ထဲ သီချင်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့ ပါသေးတယ်… အနုပညာ အလုပ်တွေကို လုပ်ကိုင်နေရင်းနဲ့ပဲ သူမကအိမ်ထောင်ပြုပြီး ပြည်ပမှာ‌ နေထိုင်တယ်လို့ သိရပါတယ်…သဇင်က ခုလက်ရှိမှာ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။ သဇင်က ပြည်ပမှာမိတ်ကပ်သင်တန်းတက်ရောက်ပြီး ဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလည်း ပြန်လုပ်ချင်နေတယ်လို့လည်း သိရပါတယ်။

ခုချိန်မှာတော့ သဇင်က မိခင်တစ်ဦးဖြစ်နေတဲ့ အတွက် တစ်ဦးတည်းသော သမီးဖြစ်တဲ့သဇင်က ရင့်ကျက်တဲ့အလှနဲ့ မိခင်ကောင်းတစ်ဦးဖြစ်နေမှာပါနော်…ဒီနေ့ စက်တင်ဘာလ(၁၇)ရက်နေ့လေး သားကြီးလေးရဲ့ (၃)နှစ်ပြည့် မွေးနေ့အလှူလေးအနေနဲ့ လတ်တလောကာလမှာ စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစု (၂၀)စာအတွက် ဆန်၊ဆီ၊နဲ့ ခေါက်ဆွဲခြောက် ကြက်ဥတို့ကို လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။Happy Birthday ပါ သားသားလေး နေဘုန်းနိုင်ရေ။ မိဘအားကိုးရတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ပညာချွန်တဲ့ ပညာတတ်ကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

Source: Awin Lay
Credit:Cele World

About the author

Ms Cele

Leave a Comment