Celebrity

သူမရဲ႕အက်ႌေရာင္းရေငြနဲ႕ စစ္ေဘးေရွာင္ျပည္သူမ်ားကို ေဆးဝါးမ်ားလွဴဒါန္းေပးသြားမယ့္ သူဇာ၀င့္လြင္

Written by Ms Cele

သူမရဲ႕အက်ႌေရာင္းရေငြနဲ႕ စစ္ေဘးေရွာင္ျပည္သူမ်ားကို ေဆးဝါးမ်ားလွဴဒါန္းေပးသြားမယ့္ သူဇာ၀င့္လြင္

ပရိသတ္ႀကီးေရ Miss Universe (2020)ၿပိဳင္ပြဲႀကီးကို ျမန္မာကိုယ္စားျပဳ အလွမယ္ တစ္ေယာက္ အျဖစ္ ယွဥ္ၿပိဳင္ ခဲ့တဲ့ အလွမယ္ သူဇာဝင့္လြင္ ကေတာ့ လက္ရွိ အေမရိကန္နိုင္ငံမွာပဲ ဆက္လက္ေနထိုင္ ေနပါတယ္။ သူဇာဝင့္လြင္က လတ္တေလာ အေမရိကန္နိုင္ငံမွာ ေနထိုင္ေနစဥ္ ျမန္မာနိုင္ငံမွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြ အတြက္ လႉဒါန္းနိုင္ရန္ အေမရိကန္ေရာက္ ျမန္မာမ်ား တိုင္းရင္သားမ်ားနဲ႔အတူ ရန္ပုံေငြပြဲတစ္ခုျပဳလုပ္ရာမွာ သူကိုယ္တိုင္ပါဝင္ခဲ့ပါတယ္။

ရန္ပုံေငြပြဲေလး ကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လ (၁၃)ရက္ေန႔က ဆန္ဖရန္စစၥကို ေဘးအနီးမွာ ရွိတဲ့ Karen community မွဦးေဆာင္ က်င္းပ ခဲ့တာျဖစ္ပါတယ္။Karen community ကေတာ့ ျမန္မာနိုင္ငံမွာရွိတဲ့ စစ္ေဘးေရွာင္ေတြ အတြက္ ေဆးဝါးပစၥည္းေတြ ပံ့ပိုးေနတဲ့ အဖြဲ႕အစည္းျဖစ္ၿပီး အခုတစ္ေခါက္ မွာလည္း ရရွိလာတဲ့ ရန္ပုံေငြေတြကို ျမန္မာနိုင္ငံမွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ေဆးဝါးပစၥည္းနဲ႔ လိုအပ္တာေတြ လႉဒါန္းမွာျဖစ္တဲ့အတြက္ သူဇာဝင့္လြင္က သူကိုယ္တိုင္ တတ္နိုင္တဲ့ဘက္ကေန ပါဝင္အားျဖည့္ခ်င္တာေၾကာင့္ ဒီပြဲေလးမွာ ပါဝင္ခဲ့တာပါတဲ့။ သူဇာဝင့္လြင္ကေတာ့ ဒီရန္ပုံေငြပြဲေလးမွာ သူ႔ရဲ့ပုံပါတဲ့ T-Shirt အကၤ်ီေလးေတြမွာ သူကိုယ္တိုင္ လက္မွတ္ထိုးေရာင္းခ်ေပး ခဲ့တာျဖစ္ၿပီး အကၤ်ီေရာင္းရတဲ့ အျမတ္ေငြ(၁၄)သိန္းက်ပ္ကို ေဆးဝါးလႉဒါန္းမယ့္ အစီစဥ္မွာ ထပ္မံလႉဒါန္းေပးခဲ့တာပါ။

သူဇာဝင့္လြင္ ကေတာ့ အခုလို သူတတ္နိုင္တဲ့ ဘက္ကေန ေသြးခ်င္းေမာင္ႏွမေတြ အတြက္ လိုအပ္တာေတြ ကူညီလႉဒါန္းေပး နိုင္ဖို႔ ႀကိဳးစားခြင့္ရတဲ့ အတြက္ ေက်နပ္ပီတိျဖစ္မိေၾကာင္းလည္း ေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ သူဇာဝင့္လြင္ တစ္ေယာက္ ရန္ပုံေငြပြဲမွာ ပါဝင္ခဲ့တဲ့ မွတ္တမ္းတင္ပုံေလးကိုလည္း မၽွေဝေဖာ္ျပေပး လိုက္ပါတယ္ေနာ္။

Source – Thuzar Wint Lain
Credit:Cele Zone

သူမရဲ့အကျႌရောင်းရငွေနဲ့ စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးများလှူဒါန်းပေးသွားမယ့် သူဇာဝင့်လွင်

ပရိသတ်ကြီးရေ Miss Universe (2020)ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြု အလှမယ် တစ်ယောက် အဖြစ် ယှဉ်ပြိုင် ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင် ကတော့ လက်ရှိ အမေရိကန်နိုင်ငံမှာပဲ ဆက်လက်နေထိုင် နေပါတယ်။ သူဇာဝင့်လွင်က လတ်တလော အမေရိကန်နိုင်ငံမှာ နေထိုင်နေစဉ် မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် လှူဒါန်းနိုင်ရန် အမေရိကန်ရောက် မြန်မာများ တိုင်းရင်သားများနဲ့အတူ ရန်ပုံငွေပွဲတစ်ခုပြုလုပ်ရာမှာ သူကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

ရန်ပုံငွေပွဲလေး ကိုတော့ ပြီးခဲ့တဲ့ ဇွန်လ (၁၃)ရက်နေ့က ဆန်ဖရန်စစ္စကို ဘေးအနီးမှာ ရှိတဲ့ Karen community မှဦးဆောင် ကျင်းပ ခဲ့တာဖြစ်ပါတယ်။Karen community ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်တွေ အတွက် ဆေးဝါးပစ္စည်းတွေ ပံ့ပိုးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုတစ်ခေါက် မှာလည်း ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးပစ္စည်းနဲ့ လိုအပ်တာတွေ လှူဒါန်းမှာဖြစ်တဲ့အတွက် သူဇာဝင့်လွင်က သူကိုယ်တိုင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ချင်တာကြောင့် ဒီပွဲလေးမှာ ပါဝင်ခဲ့တာပါတဲ့။ သူဇာဝင့်လွင်ကတော့ ဒီရန်ပုံငွေပွဲလေးမှာ သူ့ရဲ့ပုံပါတဲ့ T-Shirt အင်္ကျီလေးတွေမှာ သူကိုယ်တိုင် လက်မှတ်ထိုးရောင်းချပေး ခဲ့တာဖြစ်ပြီး အင်္ကျီရောင်းရတဲ့ အမြတ်ငွေ(၁၄)သိန်းကျပ်ကို ဆေးဝါးလှူဒါန်းမယ့် အစီစဉ်မှာ ထပ်မံလှူဒါန်းပေးခဲ့တာပါ။

သူဇာဝင့်လွင် ကတော့ အခုလို သူတတ်နိုင်တဲ့ ဘက်ကနေ သွေးချင်းမောင်နှမတွေ အတွက် လိုအပ်တာတွေ ကူညီလှူဒါန်းပေး နိုင်ဖို့ ကြိုးစားခွင့်ရတဲ့ အတွက် ကျေနပ်ပီတိဖြစ်မိကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ သူဇာဝင့်လွင် တစ်ယောက် ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်းတင်ပုံလေးကိုလည်း မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

Source – Thuzar Wint Lain
Credit:Cele Zone

About the author

Ms Cele

Leave a Comment