Celebrity

သူမရဲ႕အခ်စ္ေရး အေၾကာင္း ေျပာျပလာတဲ့ မီးႏုိ

Written by Ms Cele

သူမရဲ႕အခ်စ္ေရး အေၾကာင္း ေျပာျပလာတဲ့ မီးႏုိ

သီခ်င္းေအးေအး ေလးေတြ သီဆိုတတ္တဲ့ အဆိုေတာ္ မီးနိုကလက္ရွိ အခ်စ္ေရး ကေတာ့ တေယာက္တည္းျဖစ္ၿပီးအပ်ိဳႀကီး လုပ္ဖို႔ေတာ့ အစီအစဥ္ မရွိဘူးလို႔ ဆိုပါတယ္။“လက္ရွိ အခ်စ္ေရး ကေတာ့ တေယာက္တည္းပါပဲ။ကိုယ္ Crush ေနတဲ့သူေတာ့ ရွိတယ္။ အပ်ိဳႀကီးေတာ့ မလုပ္ပါဘူး။ေလာေလာဆယ္ ေတာ့ မီးနိုက အခုေတာ့ Single ပါပဲ။မီးနိုႀကိဳက္တဲ့ ပုံစံက တည္ၾကည္ရမယ္။ စကားေျပာ ယဥ္ေက်းရမယ္။ အရပ္ရွည္ရမယ္။စကားေျပာရင္ တည္တည္တံ့တံ့ေလးနဲ႔ အဲ့လိုေလး ေတြ အရမ္း သေဘာက်တယ္”“အဲ့လို ေကာင္ေလးကို လိုခ်င္တယ္။

အခုေတာ့ မီးနိုအလုပ္ကိုပဲ ဦးစားေပး ဦးမယ္။ အလုပ္လုပ္ ရရင္ ေပ်ာ္တယ္။သီခ်င္းရွိရင္ ေပ်ာ္တယ္။ မီးနိုတို႔က အသက္အရြယ္ ရလာဦးမွာ။ အသက္ မႀကီးခင္ သီခ်င္းေတြ အမ်ားႀကီး ခ်ျပခ်င္ေသး တယ္။ဂီတနဲ႔ ပတ္သက္တာေတြ ေတာက္ေလၽွာက္ လုပ္ၿပီးမွ အခ်စ္ေရးစဥ္းစား မွာပါ”လို႔ မီးနိုက ေျပာပါတယ္။လူငယ္ေတြ ကိုလည္း ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါလို႔ မီးနိုက အႀကံေပးေျပာထားပါတယ္။“ေမာင္ေလးေတြ၊ ညီမေလးေတြ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါ။ ကိုယ္တကယ္ ဒီလူကို ခ်စ္တယ္ဆိုရင္လည္း ကိုယ္တကယ္ လက္တြဲနိုင္တဲ့လက္တြဲေဖာ္ျဖစ္ရင္ ေကာင္းတယ္။ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားမွတဖက္က ေယာက်ာ္းေလးကလည္း ကိုယ့္ကို တန္ဖိုးထားမွာျဖစ္တယ္။

မီးနိုကေတာ့ ေပေပေတေတ စိတ္ကို ေနတတ္ တယ္။ မိန္းကေလး ဆိုတာ သိုသိုသိပ္သိပ္နဲ႔ ေနသင့္တဲ့ ေနရာ ေနရမယ္”“ပြင့္လင္းသင့္ရင္ ပြင့္လင္းရမယ္။ မီးနိုက ပြင့္လင္းတဲ့ထဲပါေတာ့ တကယ္ ကိုယ္သေဘာက်တဲ့ ေကာင္ေလးနဲ႔ ေတြ႕တဲ့အခါ ဒီဟာကို ခ်က္ခ်င္းျပန္ျပင္ ဖို႔ဆိုတာ မျဖစ္နိုင္ေတာ့ဘူး။ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထား တတ္လာတယ္။ မီးနို ကိုယ့္ကိုယ္ကို အရမ္းတန္ဖိုး ထားေနပါတယ္။

လူငယ္ေတြ လည္း ေျပာခ်င္တာက ကိုယ့္လက္တြဲေဖာ္ မေတြ႕ခင္ ကတည္းက ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါ”လို႔ မီးနိုက ေျပာပါတယ္။အဆိုေတာ္ မီးနို ကေတာ့ Melody World သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို ဝင္ေရာက္လာ ခဲ့တာျဖစ္ၿပီး Galaxy Star ၿပိဳင္ပြဲလည္း ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါ ေသးတယ္။မီးနိုရဲ့ “အေႏွာင္အဖြဲ႕” သီခ်င္းကလည္း ပရိသတ္ၾကား မွာ အားေပးမႈ ရရွိခဲ့ပါတယ္။

Credit:Han Nyein Oo

သူမရဲ့အချစ်ရေး အကြောင်း ပြောပြလာတဲ့ မီးနို

သီချင်းအေးအေး လေးတွေ သီဆိုတတ်တဲ့ အဆိုတော် မီးနိုကလက်ရှိ အချစ်ရေး ကတော့ တယောက်တည်းဖြစ်ပြီးအပျိုကြီး လုပ်ဖို့တော့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။“လက်ရှိ အချစ်ရေး ကတော့ တယောက်တည်းပါပဲ။ကိုယ် Crush နေတဲ့သူတော့ ရှိတယ်။ အပျိုကြီးတော့ မလုပ်ပါဘူး။လောလောဆယ် တော့ မီးနိုက အခုတော့ Single ပါပဲ။မီးနိုကြိုက်တဲ့ ပုံစံက တည်ကြည်ရမယ်။ စကားပြော ယဉ်ကျေးရမယ်။ အရပ်ရှည်ရမယ်။စကားပြောရင် တည်တည်တံ့တံ့လေးနဲ့ အဲ့လိုလေး တွေ အရမ်း သဘောကျတယ်”“အဲ့လို ကောင်လေးကို လိုချင်တယ်။

အခုတော့ မီးနိုအလုပ်ကိုပဲ ဦးစားပေး ဦးမယ်။ အလုပ်လုပ် ရရင် ပျော်တယ်။သီချင်းရှိရင် ပျော်တယ်။ မီးနိုတို့က အသက်အရွယ် ရလာဦးမှာ။ အသက် မကြီးခင် သီချင်းတွေ အများကြီး ချပြချင်သေး တယ်။ဂီတနဲ့ ပတ်သက်တာတွေ တောက်လျှောက် လုပ်ပြီးမှ အချစ်ရေးစဉ်းစား မှာပါ”လို့ မီးနိုက ပြောပါတယ်။လူငယ်တွေ ကိုလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါလို့ မီးနိုက အကြံပေးပြောထားပါတယ်။“မောင်လေးတွေ၊ ညီမလေးတွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ်တကယ် ဒီလူကို ချစ်တယ်ဆိုရင်လည်း ကိုယ်တကယ် လက်တွဲနိုင်တဲ့လက်တွဲဖော်ဖြစ်ရင် ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှတဖက်က ယောကျာ်းလေးကလည်း ကိုယ့်ကို တန်ဖိုးထားမှာဖြစ်တယ်။

မီးနိုကတော့ ပေပေတေတေ စိတ်ကို နေတတ် တယ်။ မိန်းကလေး ဆိုတာ သိုသိုသိပ်သိပ်နဲ့ နေသင့်တဲ့ နေရာ နေရမယ်”“ပွင့်လင်းသင့်ရင် ပွင့်လင်းရမယ်။ မီးနိုက ပွင့်လင်းတဲ့ထဲပါတော့ တကယ် ကိုယ်သဘောကျတဲ့ ကောင်လေးနဲ့ တွေ့တဲ့အခါ ဒီဟာကို ချက်ချင်းပြန်ပြင် ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်လာတယ်။ မီးနို ကိုယ့်ကိုယ်ကို အရမ်းတန်ဖိုး ထားနေပါတယ်။

လူငယ်တွေ လည်း ပြောချင်တာက ကိုယ့်လက်တွဲဖော် မတွေ့ခင် ကတည်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ”လို့ မီးနိုက ပြောပါတယ်။အဆိုတော် မီးနို ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ဝင်ရောက်လာ ခဲ့တာဖြစ်ပြီး Galaxy Star ပြိုင်ပွဲလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါ သေးတယ်။မီးနိုရဲ့ “အနှောင်အဖွဲ့” သီချင်းကလည်း ပရိသတ်ကြား မှာ အားပေးမှု ရရှိခဲ့ပါတယ်။

Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment