Celebrity

သူမရဲ႕အိမ္ထဲကို တစ္ခါမွမျမင္ဖူးတဲ့ ေႁမြစိမ္းတစ္ေကာင္ ၀င္လာလို႕စိုးရိမ္ထိတ္လန္႕ခဲ့ရတဲ့ ပိုးအိအိခန္႕

Written by Ms Cele

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလးပိုးအိအိခန္႕ဟာဆိုရင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့ ခ်စ္စရာေကာင္းသူေလးတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ေဘာလံုးသမားေအာင္သူရဲ႕ အခ်စ္ဆံုးဇနီးျဖစ္ၿပီး အရမ္းခ်စ္စရာေကာင္းၿပီး အရမ္းတတ္တဲ့ သားေခ်ာေလးရဲ႕ေမေမလည္း ျဖစ္ပါတယ္။ပိုးအိအိခန္႕ဟာ ႐ုပ္ရွင္နဲ႕ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးကာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို မ်ားစြာရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။

လက္ရွိမွာလည္း ခင္ပြန္းျဖစ္သူက ထိုင္းနိုင္ငံရဲ့ ကလပ္အသင္း တစ္သင္းတြင္ အဌားစာခ်ဳပ္ျဖင့္ ေရာက္ရွိေနတာျဖစ္တဲ့ အတြက္ တစ္မိသားစုလုံး ထိုင္းနိုင္ငံသို႔ ေျပာင္းေရႊ႕ေနထိုင္ေနၾကတာ ျဖစ္ပါတယ္။ယခုဆိုရင္ ပိုးအိအိခန္႕ရဲ႕အိမ္ထဲကိုေႁမြတစ္ေကာင္ ေရာက္ရွိလာလို႕ထိတ္လန္႕ေနေၾကာင္းကို သူမရဲ႕ေဖ့ဘြတ္စာမ်က္ႏွာမွာ တင္ျပထားတာကိုေတြ႕ရပါတယ္။

ပိုးအိအိခန္႕က”အနီးကပ္မရိုက္ရဲလို႔မရိုက္ထားရဘူး။ ခဏေနျပန္ဖ်က္မွာပါ ဒါဘာေႁမြလဲ သိခ်င္လို႔ပါအႏၲရာယ္မ်ားတဲ့ေႁမြလားရွင္ ဒီေန႔ အိမ္ထဲေႁမြဝင္လို႔ပါ”ဆိုၿပီး ေရးသားထားပါတယ္။ပရိသတ္တစ္ခ်ိဳ႕ကလည္းဒီေႁမြအေၾကာင္းနဲ႔ ပတ္သက္ၿပီး သူတို႔သိသေလာက္ ေျပာျပထားပါတယ္ေနာ္။ ပရိသတ္ေတြေျပာျပခ်က္အရ ထန္းေႁမြအမ်ိဳးအစားျဖစ္ၿပီး သူတို႔မွာ အဆိပ္ မရွိဘဲ လူကိုလည္းအႏၲရာယ္မျပဳနိုင္ေၾကာင္းေျပာျပထားပါတယ္။ျမန္မာဓေလ့အရ အိမ္ထဲေႁမြ၀င္တာ လာဘ္ေကာင္းတယ္လို႕လည္း သတ္မွတ္ၾကပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Poe Ei Ei Khant’s fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးအိအိခန့်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်နော်။ဘောလုံးသမားအောင်သူရဲ့ အချစ်ဆုံးဇနီးဖြစ်ပြီး အရမ်းချစ်စရာကောင်းပြီး အရမ်းတတ်တဲ့ သားချောလေးရဲ့မေမေလည်း ဖြစ်ပါတယ်။ပိုးအိအိခန့်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်နော်။

လက်ရှိမှာလည်း ခင်ပွန်းဖြစ်သူက ထိုင်းနိုင်ငံရဲ့ ကလပ်အသင်း တစ်သင်းတွင် အဌားစာချုပ်ဖြင့် ရောက်ရှိနေတာဖြစ်တဲ့ အတွက် တစ်မိသားစုလုံး ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နေကြတာ ဖြစ်ပါတယ်။ယခုဆိုရင် ပိုးအိအိခန့်ရဲ့အိမ်ထဲကိုမြွေတစ်ကောင် ရောက်ရှိလာလို့ထိတ်လန့်နေကြောင်းကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာ တင်ပြထားတာကိုတွေ့ရပါတယ်။

ပိုးအိအိခန့်က”အနီးကပ်မရိုက်ရဲလို့မရိုက်ထားရဘူး။ ခဏနေပြန်ဖျက်မှာပါ ဒါဘာမြွေလဲ သိချင်လို့ပါအန္တရာယ်များတဲ့မြွေလားရှင် ဒီနေ့ အိမ်ထဲမြွေဝင်လို့ပါ”ဆိုပြီး ရေးသားထားပါတယ်။ပရိသတ်တစ်ချို့ကလည်းဒီမြွေအကြောင်းနဲ့ ပတ်သက်ပြီး သူတို့သိသလောက် ပြောပြထားပါတယ်နော်။ ပရိသတ်တွေပြောပြချက်အရ ထန်းမြွေအမျိုးအစားဖြစ်ပြီး သူတို့မှာ အဆိပ် မရှိဘဲ လူကိုလည်းအန္တရာယ်မပြုနိုင်ကြောင်းပြောပြထားပါတယ်။မြန်မာဓလေ့အရ အိမ်ထဲမြွေဝင်တာ လာဘ်ကောင်းတယ်လို့လည်း သတ်မှတ်ကြပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Poe Ei Ei Khant’s fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment