Celebrity

သူမရဲ႕အိမ္နားမွာ ၾကက္သားဆန္ျပဳတ္ (၅)ရက္တိတိလႉဒါန္းေပးသြားမယ္ဆိုတဲ့ ေဘဘီေမာင္

Written by Ms Cele

သူမရဲ႕အိမ္နားမွာ ၾကက္သားဆန္ျပဳတ္ (၅)ရက္တိတိလႉဒါန္းေပးသြားမယ္ဆိုတဲ့ ေဘဘီေမာင္

ေဘဘီေမာင္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈေတြကို သိမ္းပိုက္ ရရွိထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြ အေပၚမွာလည္း ေဖာ္ေဖာ္ေရြေရြနဲ႔ တေလးတစား ဆက္ဆံၿပီး လူတိုင္းအေပၚမွာလည္း ကူညီခ်င္စိတ္ရွိသူ ျဖစ္တာေၾကာင့္ အားလုံးက ေလးစား ခ်စ္ခင္ေနၾကတာပါ။ဒါ့အျပင္ အေရးၾကဳံတဲ့ အခါတိုင္းမွာလည္း ျပည္သူေတြဘက္မွ ရပ္တည္ေပးသူ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။

အခုလို တတ္နိုင္သေလာက္ လိုအပ္တာေတြ ကူညီေပးေနတဲ့အျပင္ ျမန္မာျပည္ႀကီး အျမန္ေအးခ်မ္းေစရန္နဲ႔ (၇) ရက္သားသမီး ျပည္သူေတြ အတြက္လည္း ဘုရားရွိခိုးကာ ဆုေတာင္းေပးျခင္းေတြလည္း ျပဳလုပ္ေပးခဲ့တာကို ေတြ႕ရပါတယ္။အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း ေရွ႕ဆုံးကေန ပါဝင္ လႉဒါန္းတတ္သူေလးပါ ။

အခုလို ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနၾကခ်ိန္မွာလည္း ေနမေကာင္းရင္ေတာင္ ဆန္ျပဳတ္ဝယ္ေသာက္ဖို႔ဆိုင္မရွိတဲ့ သူမအိမ္နားမွာ နက္ဖန္ကစၿပီး ၾကက္သားဆန္ျပဳတ္ကို ငါးရက္တိတိ လႉဒါန္းေပးမယ့္ အေၾကာင္းေလးေဝမၽွလာပါတယ္ ။ တကယ္ကို မြန္ျမတ္တဲ့ အလႉေလးမို႔ ပရိသတ္ႀကီးလည္း ေဘဘီရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit– Cele Zone
Photo – Baby Maung

သူမရဲ့အိမ်နားမှာ ကြက်သားဆန်ပြုတ် (၅)ရက်တိတိလှူဒါန်းပေးသွားမယ်ဆိုတဲ့ ဘေဘီမောင်

ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အပေါ်မှာလည်း ဖော်ဖော်ရွေရွေနဲ့ တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့် အားလုံးက လေးစား ချစ်ခင်နေကြတာပါ။ဒါ့အပြင် အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

အခုလို တတ်နိုင်သလောက် လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် မြန်မာပြည်ကြီး အမြန်အေးချမ်းစေရန်နဲ့ (၇) ရက်သားသမီး ပြည်သူတွေ အတွက်လည်း ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးကနေ ပါဝင် လှူဒါန်းတတ်သူလေးပါ ။

အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေကြချိန်မှာလည်း နေမကောင်းရင်တောင် ဆန်ပြုတ်ဝယ်သောက်ဖို့ဆိုင်မရှိတဲ့ သူမအိမ်နားမှာ နက်ဖန်ကစပြီး ကြက်သားဆန်ပြုတ်ကို ငါးရက်တိတိ လှူဒါန်းပေးမယ့် အကြောင်းလေးဝေမျှလာပါတယ် ။ တကယ်ကို မွန်မြတ်တဲ့ အလှူလေးမို့ ပရိသတ်ကြီးလည်း ဘေဘီရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit– Cele Zone
Photo – Baby Maung

About the author

Ms Cele

Leave a Comment